(Unicode)

“ ထက်ထက်က ကိုယ့်မိသားစုနဲ့ပတ်သက်တာဖြစ်ဖြစ်၊ အချစ်နဲ့ ပတ်သက်တာဖြစ်ဖြစ်၊ ဘဝမှာ ကိုယ်က ကံမကောင်းခဲ့ဘူး။ ကိုယ်ကောင်းတာလည်းရှိသလို ကိုယ်ဆိုးတာလည်းရှိတယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမယ့် တကယ့် တကယ်တမ်းကျတော့ ကိုယ့်ကို ချစ်ပေးတဲ့သူတွေ သန်းပေါင်းများစွာရှိတယ်၊ သိန်းပေါင်းများစွာရှိတယ်ဆိုတဲ့ စိတ်က အရမ်း ခွန်အားဖြစ်ပါတယ်” ဆိုပြီးတော့ Ve Ve အချိုရည်က အနုပညာကြေးချီးမြှင့်ခဲ့တဲ့နေ့က ဖြေဆိုခဲ့တာပါ။ သူမအနေနဲ့ ရောက်လေရာ နေရာမှာ ချစ်ခင်အားပေးကြတဲ့


ပရိသတ်တွေ ရှိတာကြောင့်လည်း အရမ်းကို ပျော်ရွှင်ရတယ်လို့ ထက်ထက်မိုးဦးက ပြောလာပါတယ်။ “ မှတ်မှတ်ရရ ကိုယ်ဘယ်ကိုပဲ သွားသွား ထက်ထက်ရယ် ချစ်လိုက်တာ၊ မထက်ရယ် ချစ်လိုက်တာ၊ အခုချိန်ထိ အားပေးနေတယ်နော်၊ ချစ်နေတယ်နော် ဆိုတဲ့ ပရိသတ်တွေရဲ့ စကားကြောင့် တကယ်ကို အားတက်တာ။ ဘယ်နားသွားသွား ကိုယ်က အရမ်းစိတ်ညစ်နေရင်တောင်မှ ထက်ထက်ရယ် ချစ်လိုက်တာ ဆိုတဲ့ စကားလေးတွေ ကြားရင် ကိုယ်က



အားရှိတယ်၊ တောင့်ခံနိုင်တယ်။ ကိုယ့်စိတ်ထဲမှာလေ သြော်.. သူတို့တွေ ငါ့ကို ချစ်နေပါသေးလား ဆိုတဲ့ ပီတိစိတ်နဲ့ ရင်ထဲမှာ အမြဲ ကျေးဇူးတင်နေခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက




ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။


(Zawgyi)


“ ထက္ထက္က ကိုယ့္မိသားစုနဲ႔ပတ္သက္တာျဖစ္ျဖစ္၊ အခ်စ္နဲ႔ ပတ္သက္တာျဖစ္ျဖစ္၊ ဘဝမွာ ကိုယ္က ကံမေကာင္းခဲ့ဘူး။ ကိုယ္ေကာင္းတာလည္းရွိသလို ကိုယ္ဆိုးတာလည္းရွိတယ္။ အခက္အခဲေတြ အမ်ားႀကီး ရင္ဆိုင္ျဖတ္သန္းခဲ့ရတာပါ။ ဒါေပမယ့္ တကယ့္ တကယ္တမ္းက်ေတာ့ ကိုယ့္ကို ခ်စ္ေပးတဲ့သူေတြ သန္းေပါင္းမ်ားစြာရွိတယ္၊ သိန္းေပါင္းမ်ားစြာရွိတယ္ဆိုတဲ့ စိတ္က အရမ္း ခြန္အားျဖစ္ပါတယ္” ဆိုၿပီးေတာ့ Ve Ve အခ်ိဳရည္က အႏုပညာေၾကးခ်ီးျမႇင့္ခဲ့တဲ့ေန႔က ေျဖဆိုခဲ့တာပါ။ သူမအေနနဲ႔ ေရာက္ေလရာ ေနရာမွာ ခ်စ္ခင္အားေပးၾကတဲ့


ပရိသတ္ေတြ ရွိတာေၾကာင့္လည္း အရမ္းကို ေပ်ာ္႐ႊင္ရတယ္လို႔ ထက္ထက္မိုးဦးက ေျပာလာပါတယ္။ “ မွတ္မွတ္ရရ ကိုယ္ဘယ္ကိုပဲ သြားသြား ထက္ထက္ရယ္ ခ်စ္လိုက္တာ၊ မထက္ရယ္ ခ်စ္လိုက္တာ၊ အခုခ်ိန္ထိ အားေပးေနတယ္ေနာ္၊ ခ်စ္ေနတယ္ေနာ္ ဆိုတဲ့ ပရိသတ္ေတြရဲ႕ စကားေၾကာင့္ တကယ္ကို အားတက္တာ။ ဘယ္နားသြားသြား ကိုယ္က အရမ္းစိတ္ညစ္ေနရင္ေတာင္မွ ထက္ထက္ရယ္ ခ်စ္လိုက္တာ ဆိုတဲ့ စကားေလးေတြ ၾကားရင္ ကိုယ္က



အားရွိတယ္၊ ေတာင့္ခံႏိုင္တယ္။ ကိုယ့္စိတ္ထဲမွာေလ ေၾသာ္.. သူတို႔ေတြ ငါ့ကို ခ်စ္ေနပါေသးလား ဆိုတဲ့ ပီတိစိတ္နဲ႔ ရင္ထဲမွာ အၿမဲ ေက်းဇူးတင္ေနခဲ့တာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ထက္ထက္မိုးဦး ဟာ ေ႐ႊစင္ ရတနာေ႐ႊဆိုင္ ေၾကာ္ျငာကေနတဆင့္ ကေလးေရာ၊ လူႀကီးပါ မက်န္ တခဲနက္ အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ တစ္ေခတ္တခါ က ေၾကာ္ျငာဘုရင္မေလး လို႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။ ထက္ထက္မိုးဦးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက


ပရိသတ္ကို အခ်စ္မေလွ်ာ့ေအာင္ အၿမဲဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာ တို႔ကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကို ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္လာသူပါ။ အဲဒီေနာက္ ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပထမဆုံးအႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမိုက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့ သူ ျဖစ္ပါတယ္။

Post a Comment

Previous Post Next Post