(Unicode)


ယနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။




အဆိုပါ လူနာမှာ အသွားလာ ကန့်သတ်ထားသော အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။



အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၅)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၄) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၁၆) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့်ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆၀) ခု၊ စုစုပေါင်း (၁,၄၀၃)ခု အား ယနေ့ ညနေတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။



ထို့ကြောင့် ယနေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၇) ဦးရှိပြီးဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပြီဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ ငါးဦး (C-221, 252, 267, 283 နှင့် 286) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၅၀) ဦးရှိပြီး ၎င်းတို့အနက် (၂၃၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။



ဇူလိုင် ၇ ရက်၊ နေ့လယ် ၁၂ နာရီမှ ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

ယေန့ ျမန္မာနိုင်ငံမွာ COVID-19 ရောဂါပိုးတြေ့ရွိသူ စုစုပေါင်း 317 ဦ၊း ရောဂါကင်းစင္လာသူ 250 ဦးရျွိပီး သေဆုံသူ (၆)ဦးရွိတဲ့အတြက် လက်ရွိ COVID-19 လူနာမွာ 61 ဦးသာ က်န်ရွိပါတယ်

ယေန့အထိ COVID-19 နဲ့ပတ်သတ်ျပီး ျပည္တြင်း ရောဂါကူးစက္ခံရမှု မရွိတာဟာ (၄၅)ရက်ကေ်္လာာျပျီဖစ္ပါတယ်….ျမန္မာအေနနဲ့ COVID-19 ကို အတိုင်းအတာတစ္ခုထိ ထိန်းခ်ုပ္ထားနိုင်ျပျီဖစ္ပါတယ်

KS

(Zawgyi)














ယေနျ့မန္မာနိုင်ငံမွာ COVID-19 ရောဂါပိုးတြေ့ရွိသူ စုစုပေါင်း 317 ဦ၊း ရောဂါကင်းစင္လာသူ 250 ဦးရျွိပီး သေဆုံသူ (၆)ဦးရွိတဲ့အတြက် လက်ရွိ COVID-19 လူနာမွာ 61 ဦးသာ က်န်ရွိပါတယ်

ယေန့အထိ COVID-19 နဲ့ပတ်သတ်ျပီျးပည္တြင်း ရောဂါကူးစက္ခံရမှု မရွိတာဟာ (၄၅)ရက်ကေ်္လျာာပျီဖစ္ပါတယ်….ျမန္မာအေနနဲ့ COVID-19 ကို အတိုင်းအတာတစ္ခုထိ ထိန်းခ်ုပ္ထားနိုင်ျပျီဖစ္ပါတယ်

KS

Post a Comment

Previous Post Next Post