(Unicode)

မုံရွာ၊ဇူလိုင်,၁၈

ချောင်းဦးမြို့နယ် ခင်မွန်ရွာတောင်ဘက် ယာခင်းအတွင်း ဇူလိုင် ၁၄ ရက် ည ၈ ခွဲခန့်က အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားသူအား ရဲတပ်ဖွဲ့မှ ယနေ့ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။



သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ ရန်အောင်မြင်ရပ်ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖေ့ဘွတ်မက်ဆင်ဂျာမှ ချိန်းဆိုကာ ဓားဖြင့် သုံးချက်ဆင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။

“သက်တဲ့သူက မိန်းမစိတ်ဝင်နေတဲ့ မိန်းမလျာတစ်ယောက်ပါ။ ပထမအကြိမ်ချိန်းတွေ့တုန်းက သူ့စအိုကို ဆေးလိပ်မီးနဲ့ထိုးလို့ဆိုပြီး မကြေမနပ်ဖြစ်နေတာ။ သတ်မယ့် နေ့ကတော့ ဖေ့ဘွတ်မက်ဆင်ဂျာကနေ မိန်းခလေးဟန်ဆောင်ပြီး ခေါ်ချိန်းတယ်။



ရွှေတိုးနိုင် ဆီဆိုင်နောက်ကျောဘက် လယ်ကွင်းထဲက တမာပင်အောက်မှာ တွေ့ကြတာ။ လူခြင်းတွေ့တော့ သူတခွန်းကိုယ်တခွန်း စကားများပြီး မိန်းမစိတ်ပေါက်နေတဲ့သူက ပါလာတဲ့ ခေါက်ဓားနဲ့ ဆီးခုံကို တစ်ချက်ထိုးလိုက်တယ်” ဟု ရဲအုပ်ညိုသက်ဝင်းက‌ ပြောသည်။

ဓားဖြင့်အထိုခံရသူမှ လက်သီးဖြင့် ပြန်လည်ထိုးကာ လုံးထွေးခဲ့သဖြင့် နံကြားတစ်ချက် ရင်ညွန့်သို့ တစ်ချက် ထပ်မံထိုးသတ်ခဲ့ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိ မိန်းမလျာအမျိုးသားက ရဲထံထွက်ဆိုခဲ့သည်။



၎င်းမှာ သေဆုံးသူ၏ ဖုန်းကို ယူဆောင်ဖျက်ဆီးကာ ဖျောက်ဖျက်ခဲ့‌ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ အဆိုပါအမှု ပေါ်ပေါက်ရေးအတွက် ဖုန်းနဲ့အတူ ပါသွားသော သေဆုံးသူ အသုံးပြုသည့် ဖေ့ဘွတ်အကောင့်အား ပြန်လည် ဆယ်ယူကာ စုံစမ်းစစ်ဆေးခဲ့ရကြောင်း ဆိုသည်။

သေဆုံးသူနှင့် မက်ဆင်ဂျာမှ ပြောဆိုထားသည့် စကားအသွားအလာအရ မိန်းမလျာတစ်ဦးဖြစ်နေကြောင်း သိရှိရသဖြင့် သေဆုံးသူနှင့် ရင်းနှီးဘူးသည့် မိန်းမလျာများအား စုံစမ်းရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။



ပြစ်မှုကျူးလွန်သည့် မိန်းမလျာအမျိုးသားမှာလည်း ချောင်းဦးမြို့နေထိုင်သူဖြစ်ကာ ၎င်းအား တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။


(Zawgyi)


ေခ်ာင္းဦးၿမိဳ့နယ္ ခင္မြန္ရြာေတာင္ဘက္ ယာခင္းအတြင္း ဇူလိုင္ ၁၄ ရက္ ည ၈ ခြဲခန႔္က အမ်ိဳးသားတစ္ဦးကို ဓားျဖင့္ထိုးသတ္သြားသူအား ရဲတပ္ဖြဲ႕မွ ယေန႔ ေဖာ္ထုတ္ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။



ေသဆုံးသူမွာ အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီး ေခ်ာင္းဦးၿမိဳ့ ရန္ေအာင္ျမင္ရပ္ကြက္ ေညာင္ပင္ရပ္တြင္ ေနထိုင္သူျဖစ္သည္။ ရဲတပ္ဖြဲ႕၏ စုံစမ္းေဖာ္ထုတ္မွုအရ ေဖ့ဘြတ္မက္ဆင္ဂ်ာမွ ခ်ိန္းဆိုကာ ဓားျဖင့္ သုံးခ်က္ဆင့္ထိုးသတ္သြားျခင္းျဖစ္ေၾကာင္း မုံရြာခရိုင္ မွုခင္းႏွိမ္နင္းေရးအရာရွိ ရဲအုပ္ညိဳသက္ဝင္းက ေျပာသည္။

“သက္တဲ့သူက မိန္းမစိတ္ဝင္ေနတဲ့ မိန္းမလ်ာတစ္ေယာက္ပါ။ ပထမအႀကိမ္ခ်ိန္းေတြ႕တုန္းက သူ႔စအိုကို ေဆးလိပ္မီးနဲ႔ထိုးလို့ဆိုၿပီး မေၾကမနပ္ျဖစ္ေနတာ။ သတ္မယ့္ ေန႔ကေတာ့ ေဖ့ဘြတ္မက္ဆင္ဂ်ာကေန မိန္းခေလးဟန္ေဆာင္ၿပီး ေခၚခ်ိန္းတယ္။

ေရႊတိုးနိုင္ ဆီဆိုင္ေနာက္ေက်ာဘက္ လယ္ကြင္းထဲက တမာပင္ေအာက္မွာ ေတြ႕ၾကတာ။ လူျခင္းေတြ႕ေတာ့ သူတခြန္းကိုယ္တခြန္း စကားမ်ားၿပီး မိန္းမစိတ္ေပါက္ေနတဲ့သူက ပါလာတဲ့ ေခါက္ဓားနဲ႔ ဆီးခုံကို တစ္ခ်က္ထိုးလိုက္တယ္” ဟု ရဲအုပ္ညိဳသက္ဝင္းက‌ ေျပာသည္။

ဓားျဖင့္အထိုခံရသူမွ လက္သီးျဖင့္ ျပန္လည္ထိုးကာ လုံးေထြးခဲ့သျဖင့္ နံၾကားတစ္ခ်က္ ရင္ညြန႔္သို့ တစ္ခ်က္ ထပ္မံထိုးသတ္ခဲ့ေၾကာင္း အသက္ ၄၄ ႏွစ္အရြယ္ရွိ မိန္းမလ်ာအမ်ိဳးသားက ရဲထံထြက္ဆိုခဲ့သည္။



၎မွာ ေသဆုံးသူ၏ ဖုန္းကို ယူေဆာင္ဖ်က္ဆီးကာ ေဖ်ာက္ဖ်က္ခဲ့‌ေၾကာင္း သိရသည္။ ရဲတပ္ဖြဲ႕မွ အဆိုပါအမွု ေပၚေပါက္ေရးအတြက္ ဖုန္းနဲ႔အတူ ပါသြားေသာ ေသဆုံးသူ အသုံးျပဳသည့္ ေဖ့ဘြတ္အေကာင့္အား ျပန္လည္ ဆယ္ယူကာ စုံစမ္းစစ္ေဆးခဲ့ရေၾကာင္း ဆိုသည္။

ေသဆုံးသူႏွင့္ မက္ဆင္ဂ်ာမွ ေျပာဆိုထားသည့္ စကားအသြားအလာအရ မိန္းမလ်ာတစ္ဦးျဖစ္ေနေၾကာင္း သိရွိရသျဖင့္ ေသဆုံးသူႏွင့္ ရင္းႏွီးဘူးသည့္ မိန္းမလ်ာမ်ားအား စုံစမ္းရာမွ ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျပစ္မွုက်ဴးလြန္သည့္ မိန္းမလ်ာအမ်ိဳးသားမွာလည္း ေခ်ာင္းဦးၿမိဳ့ေနထိုင္သူျဖစ္ကာ ၎အား တရားဥပေဒအရ အေရးယူနိုင္ေရးအတြက္ ရဲတပ္ဖြဲ႕မွ ေဆာင္ရြက္လ်က္ရွိသည္။

Post a Comment

Previous Post Next Post