(Unicode)
မျှော်လင့်ချက် ကင်းမဲ့နေပြီ လို့ ဆရာဝန်တွေ ရဲ့ အသိပေးခြင်း ကို ခံလိုက်ရပြီ ဖြစ်တဲ့ အဆိုတော်မီးမီးခဲ ရဲ့ ကျန်းမာရေး …. အဆိုတော် မီးမီးခဲ ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရ
အဆိုတော်မီးမီးခဲ ကတော့ ကင်ဆာရောဂါ ကို ပြင်ထန်စွာ ခံစားနေရတဲ့ သူတစ်ဦးဖြစ်ပါတယ်။စိတ်ဓာတ်သန်မာသူပီပီ ကင်ဆာကို တွန်းလှန်နေခဲ့ပြီး တေးသီချင်းသီဆိုမှုနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကိုတောင် ပြီးခဲ့တဲ့ လတွေက ပြုလုပ်ခဲ့ ပါသေးတယ်။
လက်ရှိမှာတော့ အဆိုတော်မီးမီးခဲ ရဲ့ ကင်ဆာရောဂါ အခြေအနေက ဆရာဝန်တွေတောင် မျှော်လင့်ချက် ကင်းနေပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။ အဆိုတော်မီးမီးခဲအနေနဲ့ ရင်သားကင်ဆာ အဆင့် ၄ကို ၂၀၁၇ ခုနှစ်ကစတင်ခံစားရပြီး၊အရိုးထဲကိုပြန် နှံ့သွားခဲ့တယ်လို့သိရပါတယ်။ဒီရောဂါကိုတိုက်ထုတ်ဖို့ ဓာတ်၇ခါနဲ့ ကီမို ၅ ကြိမ်ပေးခဲ့ရကြောင်းနဲ့၂၀၁၈ ခုနှစ်မှာတော့ ခေါင်းနဲ့လည်ပင်း တွေမှာကင်ဆာ ဆဲလ်တွေ ထပ်ပေါ်လာ လိုထပ်မံ Radiotherapy ၅ ကြိမ် လုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။
အဆိုတော်မီးမီးခဲဟာ သူမရဲ့တကိုယ်တော် ဖျော်ဖြေပွဲ Back To You ကို ၂၀၂၀ ခုနှစ်ဇန်နဝါရီလ ၁၁ရက်မှာ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ယခု သတင်းကို ( Myanmar Platform ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
(Zawgyi)
Credit Myanmar Platform
Post a Comment