(Unicode)

မြန်မာနိုင်ငံကလွဲလို့ ဘယ်နေရာမှာမှမရှိဘဲ သက်ရှိရတနာတစ်ပါးဖြစ်တဲ့ ဧရာဝတီလင်းပိုင်ကိုမသတ် ဖြတ်ကြဖို့ တောင်းဆိုလိုက်တဲ့ အောင်လအန်ဆန်


မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ONE Championshipရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုမြင့်တင်ပေးနေတဲ့ အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ မြန်မာနိုင်ငံကလွဲလို့ တခြားဘယ်နေရာမှာမှမရှိဘဲ “သက်ရှိရတနာ” တစ်ပါးဖြစ်တဲလ ဧရာဝတီလင်းပိုင်ကိုမသတ်ဖြတ်ဖို့ တောင်းဆိုလိုက်ရပါတယ်။



အောင်လအန်ဆန်ကတော့ ” “ဧရာဝတီလင်းပိုင်များမရှိတော့တဲ့ အနာဂတ်အတွက်ရော သင်ပြင်ဆင်ထားရဲ့လား”ရေလုပ်သားတွေနဲ့ ပူးပေါင်း ငါးဖမ်းပေးတဲ့ ချစ်စရာဧရာဝတီလင်းပိုင်ဆိုတာ မြန်မာနိုင်ငံကလွဲလို့ တခြားဘယ်နေရာမှာမှ မရှိတဲ့ “သက်ရှိရတနာ” တစ်ပါးဖြစ်ပါတယ်။ ပျူ၊ ပုဂံခေတ်ထဲကရှိကြောင်း သမိုင်းအထောက်အထားများအရသိရပြီး ရှေးအခါထဲက ရေလုပ်သားများကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်မျိုးသုဉ်းသွားရင် ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံး မမျှော်လင့်ထားတဲ့ဆိုးကျိုးတွေခံစားရပါလိမ့်မယ်။



ဘာကြောင့်လဲဆိုတော့ _၁။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို နိုင်ငံတော်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ထိန်းသိမ်းရေး အဖွဲ့အစည်းများက ဧရာဝတီလင်းပိုင်ကို အကြောင်းပြုပြီး လင်းပိုင်ရှင်သန်ဖို့လိုအပ်တဲ့ ငါး၊ပုစွန်ကအစ ရေမြေတောတောင်အားလုံးကို “ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ” သတ်မှတ်ပြီး ကာကွယ်ပေးထားပါတယ်။ လင်းပိုင်မျိုးသုဉ်းသွားလျှင် ၎င်းရဲ့ တရားဝင်မှုပျက်ပြယ်သွားမှာဖြစ်တဲ့အတွက် မြစ်ရေညစ်ညမ်းမှု၊ မြစ်ကြောင်းတစ်လျှောက် ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးမှုတွေပိုများလာနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ နှစ်စဉ် ရေဘေး၊ အပူလှိုင်းဒဏ်လို သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းရဲ့ ဘေးဒဏ်တွေပိုအဖြစ်များလာနိုင်တယ် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။



အောင်လအန်ဆန်ကတော့ ” ၂။ ဧရာဝတီမြစ်ရေ ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ငါးဖမ်းနည်းများကြောင့် ရေသယံဇာတတွေ ပျက်စီးကုန်ရင် ငါး၊ ပုစွန် တွေရှားပါးလာပြီး သီနှံအထွက်နှုန်းတွေလည်းလျော့ကျလာမယ်။ အခုလို Covid ကြောင့်စီးပွားရေး ကျဆင်းနေချိန်မှာ အထွေထွေကုန်ဈေးနှုန်းတွေထပ်တက်လာရင် ကျွန်တော်တို့တွေ အရမ်းဆင်းရဲကြပ်တည်းလာလိမ့်မယ်။၃။ စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာနဲ့အမျှ ပုပ်သိုးလွယ်တဲ့ ရေထွက်ပစ္စည်းလိုစားသောက်ကုန်တွေမှာ ကြာရှည်ခံဆေးတွေသုံးလာနိုင်တယ်။



သတိမထားမိဘဲ စားမိသူတွေ ရောဂါတွေရပြီး အလုပ်မဆင်းနိုင်၊ ဆေးကုသစရိတ်တွေပါထပ်ကုန်ရင် လူအများစုအတွက်တော့ အလဲထိုးနှက်ချက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ လင်းပိုင်အကောင် ၇၀ လောက်သာကျန်တော့တဲ့အနက် ဒီ ၂၀၂၀ ခုနှစ် ၆လ အတွင်းမှာဘဲ ၅ ကောင်တောင် လျှပ်စစ်ဖြင့် ရှော့တိုက်ငါးဖမ်းတဲ့သူတွေ လက်ချက်ကြောင့်သေဆုံးသွားတာ အားလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ဒီတော့ အားလုံးကို ကျွန်တော်တစ်ခုမေးချင်ပါတယ်“ဧရာဝတီလင်းပိုင်များမရှိတော့တဲ့ အနာဂတ်အတွက်ရော သင်ပြင်ဆင်ထားရဲ့လား”အဲဒါကြောင့် ကျွန်တော်တို့ လက်ရှိရရှိနေတဲ့ လူနေမှုအဆင့်အတန်းကိုထိန်းထားနိုင်ဖို့နဲ့ ကျွန်တော်တို့ သား၊သမီးများကို ပိုမို ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို အာမခံချက်ပေးနိုင်ဖို့ ဧရာဝတီမြစ်နဲ့ ဆက်စပ်ဂေဟစနစ်များကို ကျွန်တော်နဲ့အတူ ပူးပေါင်းကာကွယ်သွားရအောင် “ဆိုပြီးရေးသားထားခဲ့ပါတယ်။



Source : Aung La Nsang(Burmese Python)

(Zawgyi)


ျမန္မာႏိုင္ငံကလြဲလို႔ ဘယ္ေနရာမွာမွမရွိဘဲ သက္ရွိရတနာတစ္ပါးျဖစ္တဲ့ ဧရာဝတီလင္းပိုင္ကိုမသတ္ ျဖတ္ၾကဖို႔ ေတာင္းဆိုလိုက္တဲ့ ေအာင္လအန္ဆန္


ျမန္မာဂုဏ္ေဆာင္ေအာင္လအန္ဆန္ကေတာ့ ျမန္မာတစ္ႏိုင္ငံက ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ အားကစားသမားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ONE Championshipရဲ႕ ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ေအာင္လအန္ဆန္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္ကိုျမင့္တင္ေပးေနတဲ့ အားကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ ယခုမွာ ျမန္မာႏိုင္ငံကလြဲလို႔ တျခားဘယ္ေနရာမွာမွမရွိဘဲ “သက္ရွိရတနာ” တစ္ပါးျဖစ္တဲလ ဧရာဝတီလင္းပိုင္ကိုမသတ္ျဖတ္ဖို႔ ေတာင္းဆိုလိုက္ရပါတယ္။



ေအာင္လအန္ဆန္ကေတာ့ ” “ဧရာဝတီလင္းပိုင္မ်ားမရွိေတာ့တဲ့ အနာဂတ္အတြက္ေရာ သင္ျပင္ဆင္ထားရဲ႕လား”ေရလုပ္သားေတြနဲ႔ ပူးေပါင္း ငါးဖမ္းေပးတဲ့ ခ်စ္စရာဧရာဝတီလင္းပိုင္ဆိုတာ ျမန္မာႏိုင္ငံကလြဲလို႔ တျခားဘယ္ေနရာမွာမွ မရွိတဲ့ “သက္ရွိရတနာ” တစ္ပါးျဖစ္ပါတယ္။ ပ်ဴ၊ ပုဂံေခတ္ထဲကရွိေၾကာင္း သမိုင္းအေထာက္အထားမ်ားအရသိရၿပီး ေရွးအခါထဲက ေရလုပ္သားမ်ားကို အက်ိဳးျပဳေနတာျဖစ္ပါတယ္။ ဧရာဝတီလင္းပိုင္မ်ိဳးသုဥ္းသြားရင္ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံသားအားလုံး မေမွ်ာ္လင့္ထားတဲ့ဆိုးက်ိဳးေတြခံစားရပါလိမ့္မယ္။



ဘာေၾကာင့္လဲဆိုေတာ့ _၁။ ျမန္မာႏိုင္ငံရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဧရာဝတီျမစ္ႀကီးကို ႏိုင္ငံေတာ္အစိုးရနဲ႔ အစိုးရမဟုတ္တဲ့ ထိန္းသိမ္းေရး အဖြဲ႕အစည္းမ်ားက ဧရာဝတီလင္းပိုင္ကို အေၾကာင္းျပဳၿပီး လင္းပိုင္ရွင္သန္ဖို႔လိုအပ္တဲ့ ငါး၊ပုစြန္ကအစ ေရေျမေတာေတာင္အားလုံးကို “ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးဧရိယာ” သတ္မွတ္ၿပီး ကာကြယ္ေပးထားပါတယ္။ လင္းပိုင္မ်ိဳးသုဥ္းသြားလွ်င္ ၎ရဲ႕ တရားဝင္မႈပ်က္ျပယ္သြားမွာျဖစ္တဲ့အတြက္ ျမစ္ေရညစ္ညမ္းမႈ၊ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေရဝပ္ေဒသမ်ား ပ်က္စီးဆုံးရႈံးမႈေတြပိုမ်ားလာႏိုင္တယ္။ ေနာက္ဆက္တြဲအေနနဲ႔ ႏွစ္စဥ္ ေရေဘး၊ အပူလႈိင္းဒဏ္လို သဘာဝပတ္ဝန္းက်င္ပ်က္စီးျခင္းရဲ႕ ေဘးဒဏ္ေတြပိုအျဖစ္မ်ားလာႏိုင္တယ္ “ဆိုၿပီး ေရးသားထားခဲ့ပါတယ္။



ေအာင္လအန္ဆန္ကေတာ့ ” ၂။ ဧရာဝတီျမစ္ေရ ညစ္ညမ္းမႈနဲ႔ သဘာဝပတ္ဝန္းက်င္ကို ပ်က္စီးေစတဲ့ ငါးဖမ္းနည္းမ်ားေၾကာင့္ ေရသယံဇာတေတြ ပ်က္စီးကုန္ရင္ ငါး၊ ပုစြန္ ေတြရွားပါးလာၿပီး သီႏွံအထြက္ႏႈန္းေတြလည္းေလ်ာ့က်လာမယ္။ အခုလို Covid ေၾကာင့္စီးပြားေရး က်ဆင္းေနခ်ိန္မွာ အေထြေထြကုန္ေဈးႏႈန္းေတြထပ္တက္လာရင္ ကြၽန္ေတာ္တို႔ေတြ အရမ္းဆင္းရဲၾကပ္တည္းလာလိမ့္မယ္။၃။ စားေသာက္ကုန္ေဈးႏႈန္းေတြ ႀကီးျမင့္လာတာနဲ႔အမွ် ပုပ္သိုးလြယ္တဲ့ ေရထြက္ပစၥည္းလိုစားေသာက္ကုန္ေတြမွာ ၾကာရွည္ခံေဆးေတြသုံးလာႏိုင္တယ္။



သတိမထားမိဘဲ စားမိသူေတြ ေရာဂါေတြရၿပီး အလုပ္မဆင္းႏိုင္၊ ေဆးကုသစရိတ္ေတြပါထပ္ကုန္ရင္ လူအမ်ားစုအတြက္ေတာ့ အလဲထိုးႏွက္ခ်က္ျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ လင္းပိုင္အေကာင္ ၇၀ ေလာက္သာက်န္ေတာ့တဲ့အနက္ ဒီ ၂၀၂၀ ခုႏွစ္ ၆လ အတြင္းမွာဘဲ ၅ ေကာင္ေတာင္ လွ်ပ္စစ္ျဖင့္ ေရွာ့တိုက္ငါးဖမ္းတဲ့သူေတြ လက္ခ်က္ေၾကာင့္ေသဆုံးသြားတာ အားလုံးအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈပါ။ဒီေတာ့ အားလုံးကို ကြၽန္ေတာ္တစ္ခုေမးခ်င္ပါတယ္“ဧရာဝတီလင္းပိုင္မ်ားမရွိေတာ့တဲ့ အနာဂတ္အတြက္ေရာ သင္ျပင္ဆင္ထားရဲ႕လား”အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ လက္ရွိရရွိေနတဲ့ လူေနမႈအဆင့္အတန္းကိုထိန္းထားႏိုင္ဖို႔နဲ႔ ကြၽန္ေတာ္တို႔ သား၊သမီးမ်ားကို ပိုမို ေကာင္းမြန္တဲ့အနာဂတ္တစ္ခုကို အာမခံခ်က္ေပးႏိုင္ဖို႔ ဧရာဝတီျမစ္နဲ႔ ဆက္စပ္ေဂဟစနစ္မ်ားကို ကြၽန္ေတာ္နဲ႔အတူ ပူးေပါင္းကာကြယ္သြားရေအာင္ “ဆိုၿပီးေရးသားထားခဲ့ပါတယ္။



Source : Aung La Nsang(Burmese Python)

Post a Comment

Previous Post Next Post