(Unicode)

တောင်နဲ့မြောက် ကိုရီးယားစစ်ပြီး နှစ်ပတ်လည်နေ့ပွဲ ကျင်းပ၊ ကင်ဂျုံအန်က သစ္စာခံအရာရှိတွေကို ပစ္စတိုများပေးအပ်…

၁၉၅၃ တုန်းက ကိုရီးယားစစ်ပွဲ အတိုက်ရပ်ဖို့ နှစ်ဘက်သဘောတူခဲ့တဲ့မှု ၆၇ နှစ် ပြည့်မြောက်တဲ့ရက် ဇူလိုင်လ ၂၇ ရက် တောင်နဲ့မြောက်ကိုရီးယားမှာ အမှတ်တရ အခမ်းအနားတွေ အသီးသီး ကျင်းပခဲ့တယ်။

မြောက်ကိုရီးယားဘက်ကထုတ်ပြန်တဲ့ သတင်းမှာ ခေါင်းဆောင်ကင်ဂျုံအန်က သူ့ကိုသစ္စာခံဖို့ ကတိပြုခဲ့တဲ့ ဒါဇင်ချီတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ထိပ်တန်းအရာရှိကြီးတွေကို အထိမ်းအမှတ် ပစ္စတိုသေနတ်တွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြခဲ့တယ်။



မြောက်ကိုရီးယားမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ တွေ့ထားကြောင်း ပြောဆိုထားပေမယ့် ကင်ဂျုံအန်ကော ဗိုလ်ချုပ်ကြီးတွေပါ ဘယ်သူမှ နှာခေါင်းစည်း မတပ်ကြတဲ့အပြင် နီးနီးကပ်ကပ် ၀န်းရံဓာတ်ပုံရိုက်ခံခဲ့တယ်။

တောင်ကိုရီးယားဘက်မှာတော့ ကိုရိုနာကပ်ဘေးကြောင့် လူလူချင်း ခပ်ခွာခွာအနေအထားနဲ့ပဲ အမှတ်တရ အခမ်းအနား ကျင်းပခဲ့တယ်။



၁၉၅၀ ခုနှစ်က စတင်ခဲ့တဲ့ (၃) နှစ်ကြာစစ်ပွဲမှာ သန်းချီတဲ့လူ့အသက်တွေ ဆုံးရှုံးခဲ့တယ်။ ကွန်မြူနစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီဆွန်း (ကင်ဂျုံအန်ရဲ့ အဘိုး) က ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားနှစ်နိုင်ငံ ကွဲပြားနေတာကို မြောက်ကိုရီးယားလက်အောက်မှာ ပေါင်းစည်းရေးရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားကို စတင်ကျူးကျော်တာကနေ စစ်ပွဲစတင်ခဲ့တယ်။

မြောက်ကိုရီးယားဘက်က တရုတ်နဲ့ ဆိုဗီယက်နောက်ခံပြုပြီး တောင်ကိုရီးယားဘက်က အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂ မဟာမိတ်တပ်တွေ ပါ၀င်ခဲ့တယ်။ တရုတ်တပ်သိန်းချီပြီး မြောက်ကိုရီးယားဘက်က ကိုယ်တိုင်ပါ၀င်ခဲ့တယ်။



၁၉၅၃ ဇူလိုင်လ ၂၇ ရက်မှာ စစ်ပွဲရပ်ဆိုင်းဖို့ နှစ်ဘက်သဘောတူစာချုပ် ချုပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ်တော့ အခုထိ မချုပ်ဆိုရသေးဘူး။ တောင်ကိုရီးယားမှာ အခုထိ အမေရိကန်တပ်အင်အား ၂၈,၅၀၀ တပ်စွဲထားတယ်။

မြောက်ကိုရီးယားဟာ နောက်ပိုင်းမှာ နျူကလီးယားလက်နက် တည်ဆောက်ယူခဲ့ပြီး အမေရိကန်ကျူးကျော်မှုကို ကာကွယ်ဖို့ လိုအပ်လို့ တည်ဆောက်ခဲ့တယ်လို့ အကြောင်းပြခဲ့တယ်။ ရလာဒ်က မြောက်ကိုရီးယားအပေါ် နိုင်ငံတကာပိတ်ဆို့မှုတွေပဲ ဖြစ်တယ်။



ကင်ဂျုံအန်က သူ့ဗိုလ်ချုပ်ကြီးတွေကို ဒီနေ့ပေးတဲ့ ပစ္စတိုသေနတ်ကို Mount Paektu လို့ နာမည်ပေးထားတယ်။ တရုတ် ကိုရီးယား နယ်စပ်က ငြိမ်သက်နေတဲ့မီးတောင်တစ်လုံးရဲ့နာမည်ဖြစ်ပြီး ကိုရီးယားလူမျိုးတွေရဲ့ ဝိဉာဉ်တွေမွေးဖွားရာမြေလို့ ယူဆကြတယ်။



ဓာတ်ပုံတွေထဲမှာ ကင်ဂျုံအန့်ညာဘက်ကသူက ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ပါ့ခ်ဂျန်းချုန်ဖြစ်ပြီး သူ့ပစ္စတိုသေနတ်ကို ကင်ဂျုံအန်ဆီ မတော်တဆမချိန်မိအောင် ဂရုတစိုက် အပေါ်ထောင်ထားတာ တွေ့ရမယ်။



တောင်ကိုရီးယားဘက်မှာကျင်းပတဲ့ အမှတ်တရအခမ်းအနားမှာတော့ ကုလသမဂ္ဂတပ်ကွပ်ကဲရေးမှူးနဲ့ ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ရောဘတ် အဘရမ်စ်က ကိုရီးယားစစ်ပွဲဟာ လူ့သမိုင်းမှာ ကြေကွဲစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုလို့ ပြောဆိုခဲ့ပြီး စစ်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ်ဟာ အုတ်ခဲပုံဘဝရောက်ခဲ့ရပြီး ကိုရီးယားပြည်သူတွေဟာ အတိုင်းထက်အလွန် ထိခိုက်ခံစားခဲ့ရတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ (မင်းမြတ်စံ)


(Zawgyi)

ေတာင္နဲ႔ေျမာက္ ကိုရီးယားစစ္ၿပီး ႏွစ္ပတ္လည္ေန႔ပြဲ က်င္းပ၊ ကင္ဂ်ဳံအန္က သစၥာခံအရာရွိေတြကို ပစၥတိုမ်ားေပးအပ္…

၁၉၅၃ တုန္းက ကိုရီးယားစစ္ပြဲ အတိုက္ရပ္ဖို႔ ႏွစ္ဘက္သေဘာတူခဲ့တဲ့မႈ ၆၇ ႏွစ္ ျပည့္ေျမာက္တဲ့ရက္ ဇူလိုင္လ ၂၇ ရက္ ေတာင္နဲ႔ေျမာက္ကိုရီးယားမွာ အမွတ္တရ အခမ္းအနားေတြ အသီးသီး က်င္းပခဲ့တယ္။

ေျမာက္ကိုရီးယားဘက္ကထုတ္ျပန္တဲ့ သတင္းမွာ ေခါင္းေဆာင္ကင္ဂ်ဳံအန္က သူ႔ကိုသစၥာခံဖို႔ ကတိျပဳခဲ့တဲ့ ဒါဇင္ခ်ီတဲ့ ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ ထိပ္တန္းအရာရွိႀကီးေတြကို အထိမ္းအမွတ္ ပစၥတိုေသနတ္ေတြ ေပးအပ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့တယ္။



ေျမာက္ကိုရီးယားမွာ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္သံသယရွိသူ ေတြ႕ထားေၾကာင္း ေျပာဆိုထားေပမယ့္ ကင္ဂ်ဳံအန္ေကာ ဗိုလ္ခ်ဳပ္ႀကီးေတြပါ ဘယ္သူမွ ႏွာေခါင္းစည္း မတပ္ၾကတဲ့အျပင္ နီးနီးကပ္ကပ္ ၀န္းရံဓာတ္ပုံ႐ိုက္ခံခဲ့တယ္။

ေတာင္ကိုရီးယားဘက္မွာေတာ့ ကို႐ိုနာကပ္ေဘးေၾကာင့္ လူလူခ်င္း ခပ္ခြာခြာအေနအထားနဲ႔ပဲ အမွတ္တရ အခမ္းအနား က်င္းပခဲ့တယ္။



၁၉၅၀ ခုႏွစ္က စတင္ခဲ့တဲ့ (၃) ႏွစ္ၾကာစစ္ပြဲမွာ သန္းခ်ီတဲ့လူ႔အသက္ေတြ ဆုံးရႈံးခဲ့တယ္။ ကြန္ျမဴနစ္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္အီဆြန္း (ကင္ဂ်ဳံအန္ရဲ႕ အဘိုး) က ဒုတိယကမာၻစစ္အၿပီး ကိုရီးယားႏွစ္ႏိုင္ငံ ကြဲျပားေနတာကို ေျမာက္ကိုရီးယားလက္ေအာက္မွာ ေပါင္းစည္းေရးရည္႐ြယ္ခ်က္နဲ႔ ေတာင္ကိုရီးယားကို စတင္က်ဴးေက်ာ္တာကေန စစ္ပြဲစတင္ခဲ့တယ္။

ေျမာက္ကိုရီးယားဘက္က တ႐ုတ္နဲ႔ ဆိုဗီယက္ေနာက္ခံျပဳၿပီး ေတာင္ကိုရီးယားဘက္က အေမရိကန္ဦးေဆာင္တဲ့ ကုလသမဂၢ မဟာမိတ္တပ္ေတြ ပါ၀င္ခဲ့တယ္။ တ႐ုတ္တပ္သိန္းခ်ီၿပီး ေျမာက္ကိုရီးယားဘက္က ကိုယ္တိုင္ပါ၀င္ခဲ့တယ္။



၁၉၅၃ ဇူလိုင္လ ၂၇ ရက္မွာ စစ္ပြဲရပ္ဆိုင္းဖို႔ ႏွစ္ဘက္သေဘာတူစာခ်ဳပ္ ခ်ဳပ္ခဲ့ေပမယ့္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ေတာ့ အခုထိ မခ်ဳပ္ဆိုရေသးဘူး။ ေတာင္ကိုရီးယားမွာ အခုထိ အေမရိကန္တပ္အင္အား ၂၈,၅၀၀ တပ္စြဲထားတယ္။

ေျမာက္ကိုရီးယားဟာ ေနာက္ပိုင္းမွာ န်ဴကလီးယားလက္နက္ တည္ေဆာက္ယူခဲ့ၿပီး အေမရိကန္က်ဴးေက်ာ္မႈကို ကာကြယ္ဖို႔ လိုအပ္လို႔ တည္ေဆာက္ခဲ့တယ္လို႔ အေၾကာင္းျပခဲ့တယ္။ ရလာဒ္က ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံတကာပိတ္ဆို႔မႈေတြပဲ ျဖစ္တယ္။



ကင္ဂ်ဳံအန္က သူ႔ဗိုလ္ခ်ဳပ္ႀကီးေတြကို ဒီေန႔ေပးတဲ့ ပစၥတိုေသနတ္ကို Mount Paektu လို႔ နာမည္ေပးထားတယ္။ တ႐ုတ္ ကိုရီးယား နယ္စပ္က ၿငိမ္သက္ေနတဲ့မီးေတာင္တစ္လုံးရဲ႕နာမည္ျဖစ္ၿပီး ကိုရီးယားလူမ်ိဳးေတြရဲ႕ ဝိဉာဥ္ေတြေမြးဖြားရာေျမလို႔ ယူဆၾကတယ္။



ဓာတ္ပုံေတြထဲမွာ ကင္ဂ်ဳံအန္႔ညာဘက္ကသူက ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ပါ့ခ္ဂ်န္းခ်ဳန္ျဖစ္ၿပီး သူ႔ပစၥတိုေသနတ္ကို ကင္ဂ်ဳံအန္ဆီ မေတာ္တဆမခ်ိန္မိေအာင္ ဂ႐ုတစိုက္ အေပၚေထာင္ထားတာ ေတြ႕ရမယ္။



ေတာင္ကိုရီးယားဘက္မွာက်င္းပတဲ့ အမွတ္တရအခမ္းအနားမွာေတာ့ ကုလသမဂၢတပ္ကြပ္ကဲေရးမႉးနဲ႔ ကိုရီးယားေရာက္ အေမရိကန္တပ္ဖြဲ႕အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ေရာဘတ္ အဘရမ္စ္က ကိုရီးယားစစ္ပြဲဟာ လူ႔သမိုင္းမွာ ေၾကကြဲစရာအေကာင္းဆုံးျဖစ္ရပ္တစ္ခုလို႔ ေျပာဆိုခဲ့ၿပီး စစ္ပြဲေၾကာင့္ ကိုရီးယားကြၽန္းဆြယ္ဟာ အုတ္ခဲပုံဘဝေရာက္ခဲ့ရၿပီး ကိုရီးယားျပည္သူေတြဟာ အတိုင္းထက္အလြန္ ထိခိုက္ခံစားခဲ့ရတယ္လို႔လည္း မွတ္ခ်က္ျပဳခဲ့ပါတယ္။ (မင္းျမတ္စံ)

Post a Comment

Previous Post Next Post