အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာမှ(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ



အင်းတော်မြို့နယ်က နှစ်‌လောင်းပြိုင်လူသတ်မှုကိုကသာခရိုင်ရဲမှုးကြီး အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်‌ဖော်ထုတ်ကာ လူသတ်တရားခံအားတရားစွဲဆိုနိုင်တော့မည် ဖြစ်ကြောင်းသိရ။




စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့နယ်နတ်မဟုတ်ကလေးကျေးရွာအနီးမောင်းအင်းကန်နံဘေးတွင်အသက်၁၇နှစ်အရွယ်နှင့်အသက်၁၄နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့်အမှု၁၃-၇-၂၀၂၀ရက်နေ့ကဖြစ်ပွားခဲ့သည်။အဆိုပါအမှုကိုသေဆုံးသူညီအစ်မ၏မိခင်ဒေါ်တင်ဖြူ ဦးကတရားလိုပြုလုပ်ကာအင်းတော်မြိုရဲစခန်း၌(ပ)၅၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။




အမှုဖွင့်ပြီးနောက်အမှူမှမသင်္ကာသူသန်းထွန်း(ခ)အံထော်ကိုသက်‌သေခိုင်မာစွာဖြင့်တရားစွဲဆိုတင်ပို့နိုင်ရေးအတွက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်‌သောင်းမအနီးကပ်ကြီးကြပ်ကွပ်ကဲလျှက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်းရေးဌာနစုမှရဲအုပ်သက်နိုင်ဦးရဲအုပ်တင်မျိုးထွဋ်ဦးဆောင်သောတပ်ဖွဲ့ဝင်မျာအင်း‌တော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုး‌အေး‌ဆွေ အင်းတော်မြို့ရဲစခန်းမှနယ်ထိန််းခေါင်းဆောင်ဒုရဲအုပ်မင်းအောင်ဦး‌ဆောင်‌သောတပ်ဖွဲ့ဝင်များအမှုစစ်‌ခေတ္တမြို့မရဲစခန်းမှုးဒုရဲမှုးစိန်ရတို့မှအထူးအမှူစစ်အဖွဲ့ဖွဲ့စည်းကာအမှုကိုတိကျစွာဖော်ထုတ်ခဲ့ရကြောင်းသိရသည်။


စစ်ဆေးချက်အရမသင်္ကာတရားခံသန်းထွန်းသည် (၁၃-၇-၂၀၂၀)ရက်နေ့နံနက်၆နာရီအချိန်ကနတ်မဟုတ်ကလေးကျေးရွာအနောက်ဖက်(၁)ဖာလုံခန့်အကွာရှိ၎င်း၏အစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တွင်သူရင်းငှားအလုပ်လုပ်ကိုင်နေခဲ့ကြောင်း ထိုနေ့နေ့လယ်တစ်နာရီခန့်အချိန်ကဦးနှင်းအောင်၏အခင်းတောထဲ၌၎င်းစုပုံထားသောထင်းချောင်းအခြောက်အားယူဆောင်ရန်သွားစဉ်ထင်းများစုပုံထားသောနေရာမှတစ်ဖာလုံခန့်အကွာတွင်တစ်ရွာထဲနေ သိန်းသန်းစိုး(ခ)မောင်စိုး၏သမီးနှစ်ယောက်ဖြစ်သော မနီလာစိုးနှင့် မသွယ်သွယ်ဟိန်းတို့နှစ်ဦးမှာ ၎င်းယူဆောင်ရန်ထားရှိသောထင်းတုံးနှင့် ထင်း‌ချောင်းတစ်‌ချောင်းတို့ သယ်‌ဆောင်လာသည်ကိုတွေ့ရသဖြင့်ထင်းများကို ယူမသွားရန်တားမြစ်ခဲ့ပြီးထိုညီအစ်မနှစ်ဦးနှင့် စကားများရန်ဖြစ်ရာအငယ်မဖြစ်သူက မကြားဝံမနာသာ စကားများဖြင့်ဆဲဆိုခဲ့ကြောင်း စောက်ပတ်ရုပ် ဆေးစားဘဲကြီး ဘိန်းဆီစားကြီးဟု ဆက်တိုက်ဆဲဆိုခဲ့ကြောင်းထိုသို့မဆဲဆိုရန် တားမြစ်သော်လည်းမရသဖြင့် ၎င်းမှာမူးယစ်ဆေးဝါးလည်းအလွန်အကျွံသုံးစွဲထားသဖြင့် စိတ်ရိုင်းများဝင်ကာ မသွယ်သွယ်ဟိန်း၏ ညာဘက်နားထင်အား ညာလက်ဖြင့်ရိုက်ချခဲ့ကြောင်းထို့နောက်ကျောတွင်လွယ်ထားသောအပြာရောင်ရေပိုက်စဖြင့်ချုပ်ထားသည့်ဓါးထည့်အိတ်အတွင်းမှအရိုးအသွားအရှည်တစ်တောင်ခန့်ရှိဓားဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အားအရင်ဆုံးထိုးခဲ့ကြောင်း



ထို့နောက်အကြီးမဖြစ်သူမနီလာစိုးမှာ အနားကပ်လာသဖြင့်လက်တွင်ကိုင်ထားသောအဆိုပါဓားဦးချွန်ဖြင့်ထိုးခဲ့‌ကြောင်းညီအစ်မနှစ်ဦးအား လိုက်လံထိုးနှက်စဉ်
အခင်းဖြစ်လမ်းဘေးခြုံဘုတ်အတွင်းပုံလျှက်လကျသွားခဲ့ကြောင်း ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံဓားဖြင့်းအဆက်မပြတ်ထိုးခဲ့ပြီးအစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲအဝါရောင်သဲကြိုးပါရှိုးဝါးဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကို မမှတ်မိသောဓားနှင့် အင်္ကျီများကိုလည်းလိုက်လံပြသခဲ့ပြီးနောက်အင်း‌တော်တရားရုံးရှိတရားသူကြီးရှေ့မှောက်တွင်ဖြောင့်ချက်ပေးကာဝန်ခံထွက်ဆိုခဲ့သည်။

ယင်းလူသတ်မှုအားအမှုမှန်ပေါ်ပေါက်အောင်မနားမနေစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့သောကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးမြင့်သောင်းသည်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆုလက်မှတ်ပေါင်း(၂၄)ကြိမ်ဆုတံဆိတ်(၂)ကြိမ်ရရှိခဲ့သူဖြစ်ပြီးတစ်ဆင့်မြင့်ရာထူးတိုး နှစ်ကြိမ်ရခဲ့သည်။၂၀၀၅ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးအနီးတွင်ဖြစ်ပွားခဲ့သောအောင်အောင်(LGBT)အား လူ ၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သောအမှုအမှတ်(ပ)၁၂၆၄/၂၀၀၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၅ နှင့်ပတ်သက်၍တရားခံ ၃ဦးကိုအချိန်ပိုင်အတွင်းသက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သည့်အတွက်ဒုရဲအုပ်ရာထူးမှ ရဲအုပ် ရာထူး သို့အဆင့်တိုးချီးမြှင့်ခြင်းခံခဲ့ရသည်။



၂၀၀၉ ခုနှစ် ဇန္နဝါရီလအတွင်းကလည်းရေးဘဏ်အတွင်း ဝင်ရောက်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သောအမှုနှင့် ၎င်းဘဏ်အနီးကားပွဲစားဇနီးမောင်နှံနှစ်ဦးကို နံနက်၄နာရီအချိန်ရက်ရက် စက်စက်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍၃၆ နာရီအတွင်း နှစ်မှုစလုံးကိုဖော်ထုတ်ကာတရားစွဲဆိုနိုင်ခဲ့သဖြင့် ထိုအချိန်ကပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ပခုံးပေါ်အပွင့်တင်ကာရဲအုပ်အဆင့်မှဒုရဲမှုးအဆင့်တိုးကာချီးမြောက်ဂုဏ်ပြုခဲ့ရသူဖြစ်သည်။
ယခုအမှုတွင်လည်းတရားခံ၏။ သဘောဆန္ဒအလျှောက်အခင်းဖြစ်အချိန်ကလူသတ်မှုကျူးလွန်‌စေခဲ့သည့်သက်သေခံပစ္စည်းများကိုဖော်ထုတ်ကာတရားသူကြီးရှေ့မှောက်၌ဝန်ခံဖြောင့်ချက်ပေးသည်အထိစိတ်ရှည်ဇွဲရှိစွာဖော်ထုတ်ပေးခဲ့သည်။အသက် ၁၈ နှစ်အောက်မိန်းမပျိုနှစ်ဦးအားဓားဒဏ်ရာအချက်ပေါင်း ၃၀ ကျော်စီဖြင့်ထိုးသတ်ခဲ့သောတရားခံနှင့်ပတ်သက်၍အမှုမှန်ဖော်ထုတ်နေစဉ်အတွင်အခင်းဖြစ်‌နေရာအနီးမူးယစ်ဆေးဝါးမှုနှစ်မှုကိုလည်းဖမ်းဆီးနိုင်ခဲ့‌ကြောင်းသိရသည်။

(သတင်းဓါတ်ပုံ- ယဉ်ယဉ်သိန်း နဘား)

Post a Comment

Previous Post Next Post