(Unicode)


Covid 19 ကာလ ထိုင်းနိုင်ငံ ထဲကနေ မြန်မာနိုင်ငံထဲ ကို အသက် ၉ နှစ်အရွယ် နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက် မိဘအုပ်ထိန်းသူလူကြီးမပါဘဲ မြဝတီနယ်စပ်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ၂ မှတဆင့် မနေ့က ဇူလိုင်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် ဝင်ရောက်လာတာကို အံ့သြစွာတွေ့ခဲ့ရတယ်လို့ မြဝတီ မဲဆန္ဒနယ်မြေ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က ပြောပါတယ်။




အဆိုပါ ကလေးနှစ်ဦးကို မြဝတီ BCF ဇုန် အဝင်ဝမှာ တန်းစီစဉ် မေးမြန်းကြည့်ရာ ဘန်ကောက်က မိဘတွေထံ ကျောင်းပိတ်ရက်မှာ သွားလည်ခဲ့ကြောင်းပြောပြပါတယ်။ အခုကျောင်းတက်ရတော့မှာဖြစ်လို့ နေရပ်ကို ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ မိဘများက မြန်မာပြည်က အဒေါ်ဖုန်းနံပါတ်ကို ရေးပေးလိုက်ကြောင်းပြောပြပါတယ်။ ဆက်လက်ပြီး ပြန်လာတာ မကြောက်ဘူးလားလို့ မေးကြည့်ရာ ဘယ်သူ့ကိုမှ မကြောက်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကလေးတွေရဲ့ ဖုန်းနံပါတ်ကို ဖုန်းဆက်ကြည့် တော့ အဒေါ်ဖြစ်တဲ့သူက မော်လမြိုင်မှာ ကလေးနှစ်ယောက် ကို စောင့်ကြိုနေကြောင်း သိရပါတယ်။ အာဂကလေးနှစ်ယောက်ကို ဂိတ်အစမှ အဆုံး စာရင်းပေးသွင်းခြင်းကိစ္စ၊ ကျန်းမာရေး စစ်ဆေးခြင်းကိစ္စ၊ လဝက လုပ်ငန်းစဉ်၊ ရဲလုပ်ငန်းစဉ်၊ နေရပ်ပြန်နိုင်ရေးကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီး ငွေလဲခြင်း ကိစ္စ၊ အထုတ်ကူသယ်ပေးခြင်းကိစ္စတွေပါ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်လို့ ဦးသန့်စင်အောင်ကပြောပါတယ်။



ယနေ့မနက်(၁၁း၃၀)နာရီလောက် မှာ ကလေးနှစ်ယောက် ပြန်ကြမယ့် မွန်ပြည်နယ်၊ ရေးမြို့နယ် သို့ မော်လမြိုင်ကားနဲ့ ထည့်ပေးလိုက်ကြောင်း၊ မော်လမြိုင်ကို ချောမောစွာရောက်ပြီး Quarantine ဝင်နေပြီဖြစ်ကြောင်း သိရပါတယ်။

Ref – ဦးသန့်ဇင်အောင်
Credit WE Media


(Zawgyi)

Covid 19 ကာလ ထိုင္းႏိုင္ငံ ထဲကေန ျမန္မာႏိုင္ငံထဲ ကို အသက္ ၉ ႏွစ္အ႐ြယ္ နဲ႔ အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးႏွစ္ေယာက္ မိဘအုပ္ထိန္းသူလူႀကီးမပါဘဲ ျမဝတီနယ္စပ္၊ ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတား ၂ မွတဆင့္ မေန႔က ဇူလိုင္လ ၁၆ရက္ေန႔ မနက္ပိုင္းမွာ ျပန္လည္ ဝင္ေရာက္လာတာကို အံ့ၾသစြာေတြ႕ခဲ့ရတယ္လို႔ ျမဝတီ မဲဆႏၵနယ္​ေျမ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္စင္ေအာင္က ေျပာပါတယ္။




အဆိုပါ ကေလးႏွစ္ဦးကို ျမဝတီ BCF ဇုန္ အဝင္ဝမွာ တန္းစီစဥ္ ေမးျမန္းၾကည့္ရာ ဘန္ေကာက္က မိဘေတြထံ ေက်ာင္းပိတ္ရက္မွာ သြားလည္ခဲ့ေၾကာင္းေျပာျပပါတယ္။ အခုေက်ာင္းတက္ရေတာ့မွာျဖစ္လို႔ ေနရပ္ကို ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း၊ မိဘမ်ားက ျမန္မာျပည္က အေဒၚဖုန္းနံပါတ္ကို ေရးေပးလိုက္ေၾကာင္းေျပာျပပါတယ္။ ဆက္လက္ၿပီး ျပန္လာတာ မေၾကာက္ဘူးလားလို႔ ေမးၾကည့္ရာ ဘယ္သူ႔ကိုမွ မေၾကာက္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ကေလးေတြရဲ႕ ဖုန္းနံပါတ္ကို ဖုန္းဆက္ၾကည့္ ေတာ့ အေဒၚျဖစ္တဲ့သူက ေမာ္လၿမိဳင္မွာ ကေလးႏွစ္ေယာက္ ကို ေစာင့္ႀကိဳေနေၾကာင္း သိရပါတယ္။ အာဂကေလးႏွစ္ေယာက္ကို ဂိတ္အစမွ အဆုံး စာရင္းေပးသြင္းျခင္းကိစၥ၊ က်န္းမာေရး စစ္ေဆးျခင္းကိစၥ၊ လဝက လုပ္ငန္းစဥ္၊ ရဲလုပ္ငန္းစဥ္၊ ေနရပ္ျပန္ႏိုင္ေရးကိစၥေတြ ေဆာင္႐ြက္ေပးခဲ့ၿပီး ေငြလဲျခင္း ကိစၥ၊ အထုတ္ကူသယ္ေပးျခင္းကိစၥေတြပါ အစအဆုံး ကူညီေဆာင္႐ြက္ေပးခဲ့ပါတယ္လို႔ ဦးသန႔္စင္ေအာင္ကေျပာပါတယ္။



ယေန႔မနက္(၁၁း၃၀)နာရီေလာက္ မွာ ကေလးႏွစ္ေယာက္ ျပန္ၾကမယ့္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ သို႔ ေမာ္လၿမိဳင္ကားနဲ႔ ထည့္ေပးလိုက္ေၾကာင္း၊ ေမာ္လၿမိဳင္ကို ေခ်ာေမာစြာေရာက္ၿပီး Quarantine ဝင္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

Ref – ဦးသန႔္ဇင္ေအာင္
Credit WE Media

Post a Comment

Previous Post Next Post