(Unicode)

လင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ အချင်းချင်းစည်းလုံးကြပြီး ချစ်ခင်ကြတဲ့ မောင်နှမတွေပဲဖြစ်ပါတယ်။မောင်နှမတွေက စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြပြီး သဘောကောင်းဖော်ရွေတဲ့မိသားစုလေးပါနော်။လင်းဇာနည်ဇော်ကလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။



လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့ရဲ့မိခင်က အူမကြီးကင်ဆာဖြစ်လို့ ခွဲစိတ်ဖို့အတွက် ဆေးရုံတက်နေရတာဖြစ်ပါတယ်။မိခင်ရဲ့ လက်ရှိရောဂါအခြေအနေကို လင်းဇာနည်ဇော်က အခုလိုပဲပြောပြလာခဲ့တာဖြစ်ပါတယ်။



“အမေက အစား မစားနိုင်တာ ၂ လ ၃ လလောက်ရှိသွားပြီ။ကိုဗစ်မဖြစ်ခင်မှာသွားပြပြီးတော့ ၂ ခါချိန်းပြီးတော့ ၃ ခါမြောက်မှာ ကိုဗစ်လည်းဖြစ်ရော အမတို့ ၃ လလောက် လုံးဝမသွားလိုက်ရဘူး။မသွားလိုက်ရတော့ အမေကလည်း ထမင်းမစားနိုင် မစားနိုင်နဲ့ တရှောင်ရှောင်ဖြစ်နေခဲ့တာ။ကိုဗစ်က အခြေအနေနည်းနည်းပြန်ကောင်းလာတော့ အမေ့ကို မဖြစ်ဘူးသွားမှပဲဆိုပြီး သွားပြဖြစ်လိုက်တာ။ကိုယ်ကတော့ ပေါ့ပေါ့ပါးပါး အဲ့လောက်ကြီးဖြစ်မယ်လို့ မထင်ထားမိဘူး။အစာအိမ်ရောဂါပဲ ထင်ပြီး မှန်ပြောင်းကြည့်လိုက်တာ ကင်ဆာအလုံးသွားတွေ့တယ်ပေါ့။



ကင်ဆာလုံးဆိုပြီးပြောလိုက်တဲ့အချိန်မှာအမခေါင်းဘယ်လိုကြီးသွားမှန်းကိုမသိဘူး။အမေကလည်းရှိနေတယ်…မျက်ရည်ကလည်းကျလို့မရဘူးဆိုတော့ တကယ်ရုပ်ရှင်ရိုက်ရတာ ညီအမ ၂ ယောက် တလဲစီ ငိုနေရတာ ဘာဖြစ်လို့လဲဆိုတော့အမေ့အသက် ၇၀ ကျော်ကြီးနဲ့ ကင်ဆာဆိုတာကြီးကို လုံး၀ အသိပေးလိုက်လို့ မဖြစ်ဘူးလေ။ ကင်ဆာဆိုတာသိပြီးခွဲလိုက်မယ်ဆိုရင် သူစခွဲတည်းက စိတ်ဓာတ်ကျသွားလို့ရှိရင် ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး။ကိုယ်လုံးဝလဲလို့မရဘူးဆိုတဲ့စိတ်တစ်ခုနဲ့ အမေ့ကိုအားတင်းပြီးကြည့်ခဲ့ရတာပေါ့နော်။



ခွဲစိတ်ပြီးပြီးချင်လည်းအမေက ခွဲတဲ့ဒဏ်ကို မခံနိုင်တော့ ဝမ်းအခါ ၃၀ လောက်သွားတာနဲ့ ICU ချက်ချင်းရောက်သွားတာ….ဆရာဝန်တွေကိုရမှာလားမေးတော့လည်း အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်ဆိုတော့ ဒါက ရမယ်ဆိုတဲ့အဖြေမဟုတ်ဘူးလေ။အဲ့လိုနဲ့ ICU မှာ ၂ ရက်လောက် နေလိုက်ရပြီးတဲ့နောက်မှ အခု ချုပ်ရိုးတွေကောင်းသွားပြီပေါ့နော်။နောက်ဆက်တွဲ တွေတော့လုပ်ရအုန်းမှာပါလို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။လင်းဇာနည်ဇော် မိခင်ဖြစ်သူ ရဲ့ ကျန်းမာရေးအမြန်ဆုံးကောင်းမွန်လာပါစေလို့ ရွှေရောင်မြန်မာ အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်နော်


(Zawgyi)


လင္းဇာနည္ေဇာ္တို႔ ေမာင္ႏွမေတြကေတာ့ အခ်င္းခ်င္းစည္းလုံးၾကၿပီး ခ်စ္ခင္ၾကတဲ့ ေမာင္ႏွမေတြပဲျဖစ္ပါတယ္။ေမာင္ႏွမေတြက စီးပြားေရးဆိုလည္း တက္ညီလက္ညီလုပ္ေဆာင္ၾကၿပီး သေဘာေကာင္းေဖာ္ေ႐ြတဲ့မိသားစုေလးပါေနာ္။လင္းဇာနည္ေဇာ္ကလည္းအႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။



လတ္တေလာမွာဆိုရင္ေတာ့ လင္းဇာနည္ေဇာ္တို႔ရဲ႕မိခင္က အူမႀကီးကင္ဆာျဖစ္လို႔ ခြဲစိတ္ဖို႔အတြက္ ေဆး႐ုံတက္ေနရတာျဖစ္ပါတယ္။မိခင္ရဲ႕ လက္ရွိေရာဂါအေျခအေနကို လင္းဇာနည္ေဇာ္က အခုလိုပဲေျပာျပလာခဲ့တာျဖစ္ပါတယ္။



“အေမက အစား မစားႏိုင္တာ ၂ လ ၃ လေလာက္ရွိသြားၿပီ။ကိုဗစ္မျဖစ္ခင္မွာသြားျပၿပီးေတာ့ ၂ ခါခ်ိန္းၿပီးေတာ့ ၃ ခါေျမာက္မွာ ကိုဗစ္လည္းျဖစ္ေရာ အမတို႔ ၃ လေလာက္ လုံးဝမသြားလိုက္ရဘူး။မသြားလိုက္ရေတာ့ အေမကလည္း ထမင္းမစားႏိုင္ မစားႏိုင္နဲ႔ တေရွာင္ေရွာင္ျဖစ္ေနခဲ့တာ။ကိုဗစ္က အေျခအေနနည္းနည္းျပန္ေကာင္းလာေတာ့ အေမ့ကို မျဖစ္ဘူးသြားမွပဲဆိုၿပီး သြားျပျဖစ္လိုက္တာ။ကိုယ္ကေတာ့ ေပါ့ေပါ့ပါးပါး အဲ့ေလာက္ႀကီးျဖစ္မယ္လို႔ မထင္ထားမိဘူး။အစာအိမ္ေရာဂါပဲ ထင္ၿပီး မွန္ေျပာင္းၾကည့္လိုက္တာ ကင္ဆာအလုံးသြားေတြ႕တယ္ေပါ့။



ကင္ဆာလုံးဆိုၿပီးေျပာလိုက္တဲ့အခ်ိန္မွာအမေခါင္းဘယ္လိုႀကီးသြားမွန္းကိုမသိဘူး။အေမကလည္းရွိေနတယ္…မ်က္ရည္ကလည္းက်လို႔မရဘူးဆိုေတာ့ တကယ္႐ုပ္ရွင္႐ိုက္ရတာ ညီအမ ၂ ေယာက္ တလဲစီ ငိုေနရတာ ဘာျဖစ္လို႔လဲဆိုေတာ့အေမ့အသက္ ၇၀ ေက်ာ္ႀကီးနဲ႔ ကင္ဆာဆိုတာႀကီးကို လုံး၀ အသိေပးလိုက္လို႔ မျဖစ္ဘူးေလ။ ကင္ဆာဆိုတာသိၿပီးခြဲလိုက္မယ္ဆိုရင္ သူစခြဲတည္းက စိတ္ဓာတ္က်သြားလို႔ရွိရင္ ဘာမွလုပ္လို႔ရမွာမဟုတ္ေတာ့ဘူး။ကိုယ္လုံးဝလဲလို႔မရဘူးဆိုတဲ့စိတ္တစ္ခုနဲ႔ အေမ့ကိုအားတင္းၿပီးၾကည့္ခဲ့ရတာေပါ့ေနာ္။



ခြဲစိတ္ၿပီးၿပီးခ်င္လည္းအေမက ခြဲတဲ့ဒဏ္ကို မခံႏိုင္ေတာ့ ဝမ္းအခါ ၃၀ ေလာက္သြားတာနဲ႔ ICU ခ်က္ခ်င္းေရာက္သြားတာ….ဆရာဝန္ေတြကိုရမွာလားေမးေတာ့လည္း အတတ္ႏိုင္ဆုံးႀကိဳးစားေပးပါ့မယ္ဆိုေတာ့ ဒါက ရမယ္ဆိုတဲ့အေျဖမဟုတ္ဘူးေလ။အဲ့လိုနဲ႔ ICU မွာ ၂ ရက္ေလာက္ ေနလိုက္ရၿပီးတဲ့ေနာက္မွ အခု ခ်ဳပ္႐ိုးေတြေကာင္းသြားၿပီေပါ့ေနာ္။ေနာက္ဆက္တြဲ ေတြေတာ့လုပ္ရအုန္းမွာပါလို႔ ေျပာျပလာခဲ့တာျဖစ္ပါတယ္။လင္းဇာနည္ေဇာ္ မိခင္ျဖစ္သူ ရဲ႕ က်န္းမာေရးအျမန္ဆုံးေကာင္းမြန္လာပါေစလို႔ ေ႐ႊေရာင္ျမန္မာ အဖြဲ႕သားမ်ားက ဆုေတာင္းေပးလိုက္ပါတယ္ေနာ္

Post a Comment

Previous Post Next Post