(Unicode)


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် စိစစ် ခွင့်ပြုထုတ်ပေးထား သည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များမှာ နေပြည်တော်တွင် ၉၅ ဆိုင်၊ ရန်ကုန်တိုင်းတွင် ဆိုင် ၁၉၀ ၊ မန္တလေးတိုင်းတွင် ၆၆၂ ဆိုင် ၊ မကွေးတိုင်း တွင် ဆိုင် ၂၀၀ ၊ ပဲခူးတိုင်း တွင် ၂၇၁ ဆိုင်၊ ဧရာဝတီတိုင်း တွင် ဆိုင် ၂၁၀ ၊ စစ်ကိုင်းတိုင်းတွင် ၂၄၅ ဆိုင် ၊ တနင်္သာရီတိုင်းတွင် ဆိုင် ၃၀ ၊ ကချင်ပြည်နယ် တွင် ၁၂၅ ဆိုင်၊ ကယား ပြည်နယ်တွင် ၁၉ ဆိုင်၊ ကရင်ပြည်နယ်တွင် ၅၄ ဆိုင်၊ ချင်းပြည်နယ် တွင် ၅ ဆိုင်၊ ရခိုင် ပြည်နယ် တွင် ၃၈ ဆိုင်၊ မွန်ပြည်နယ်တွင် ဆိုင် ၁၄၀ နှင့် ရှမ်းပြည်နယ်တွင် ၄၄၁ ဆိုင် စုစုပေါင်း ၂၇၂၅ ဆိုင် ရှိကြောင်း သိရသည်။

စက်သုံးဆီလုပ်ငန်း ဆက်လက်လုပ်ကိုင်လိုခြင်း မရှိကြောင်း တင်ပြလာသည့် ဆိုင် ၄၃ ဆိုင်အား စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် အမြဲတမ်းပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်လိုက် သည်။အဆိုပါ စက်သုံးဆီဆိုင်များမှာ နေပြည်တော်တွင် ၁ ဆိုင်၊ ရန်ကုန်တိုင်းတွင် ၄ ဆိုင်၊ မန္တလေးတိုင်းတွင် ၇ ဆိုင်၊မကွေးတိုင်းတွင် ၁ ဆိုင်၊ ပဲခူးတိုင်းတွင် ၉ ဆိုင်၊ ဧရာဝတီတိုင်းတွင် ၁၄ ဆိုင်၊ မွန်ပြည်နယ်တွင် ၃ ဆိုင်နှင့် ရှမ်းပြည်နယ်တွင် ၄ ဆိုင် ဖြစ်ကြောင်း သိရသည်။



ယင်းအရောင်းဆိုင် များမှာ ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိ ၂၀၂၀ ခုနှစ်အထိ လေးနှစ် အတွင်း စက်သုံးဆီ လုပ်ငန်း ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် လိုင်စင်ပိတ်သိမ်း ရန် တင်ပြလာသည့် ဆိုင်များ ဖြစ်ကြောင်း သိရသည်။စက်သုံးဆီလုပ်ငန်း ဆက်လက် လုပ်ကိုင် လိုခြင်း မရှိကြောင်း တင်ပြလာသည့် ဆိုင်များအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နာမည်ကြီး စက်သုံးဆီဆိုင်များလည်း ပါဝင်သည်။

REF: THE FIFTH WAVE NEWS


(Zawgyi)


လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ တိုင္းေဒသႀကီး/ျပည္နယ္မ်ားတြင္ စက္သုံးဆီျဖန႔္ျဖဴးေရာင္းခ်ခြင့္လိုင္စင္ စိစစ္ ခြင့္ျပဳထုတ္ေပးထား သည့္ ပုဂၢလိက စက္သုံးဆီ အေရာင္းဆိုင္ မ်ားမွာ ေနျပည္ေတာ္တြင္ ၉၅ ဆိုင္၊ ရန္ကုန္တိုင္းတြင္ ဆိုင္ ၁၉၀ ၊ မႏၲေလးတိုင္းတြင္ ၆၆၂ ဆိုင္ ၊ မေကြးတိုင္း တြင္ ဆိုင္ ၂၀၀ ၊ ပဲခူးတိုင္း တြင္ ၂၇၁ ဆိုင္၊ ဧရာဝတီတိုင္း တြင္ ဆိုင္ ၂၁၀ ၊ စစ္ကိုင္းတိုင္းတြင္ ၂၄၅ ဆိုင္ ၊ တနသၤာရီတိုင္းတြင္ ဆိုင္ ၃၀ ၊ ကခ်င္ျပည္နယ္ တြင္ ၁၂၅ ဆိုင္၊ ကယား ျပည္နယ္တြင္ ၁၉ ဆိုင္၊ ကရင္ျပည္နယ္တြင္ ၅၄ ဆိုင္၊ ခ်င္းျပည္နယ္ တြင္ ၅ ဆိုင္၊ ရခိုင္ ျပည္နယ္ တြင္ ၃၈ ဆိုင္၊ မြန္ျပည္နယ္တြင္ ဆိုင္ ၁၄၀ ႏွင့္ ရွမ္းျပည္နယ္တြင္ ၄၄၁ ဆိုင္ စုစုေပါင္း ၂၇၂၅ ဆိုင္ ရွိေၾကာင္း သိရသည္။

စက္သုံးဆီလုပ္ငန္း ဆက္လက္လုပ္ကိုင္လိုျခင္း မရွိေၾကာင္း တင္ျပလာသည့္ ဆိုင္ ၄၃ ဆိုင္အား စက္သုံးဆီျဖန႔္ျဖဴးေရာင္းခ်ခြင့္လိုင္စင္ အၿမဲတမ္းပိတ္သိမ္းလိုက္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနက ထုတ္ျပန္လိုက္ သည္။အဆိုပါ စက္သုံးဆီဆိုင္မ်ားမွာ ေနျပည္ေတာ္တြင္ ၁ ဆိုင္၊ ရန္ကုန္တိုင္းတြင္ ၄ ဆိုင္၊ မႏၲေလးတိုင္းတြင္ ၇ ဆိုင္၊မေကြးတိုင္းတြင္ ၁ ဆိုင္၊ ပဲခူးတိုင္းတြင္ ၉ ဆိုင္၊ ဧရာဝတီတိုင္းတြင္ ၁၄ ဆိုင္၊ မြန္ျပည္နယ္တြင္ ၃ ဆိုင္ႏွင့္ ရွမ္းျပည္နယ္တြင္ ၄ ဆိုင္ ျဖစ္ေၾကာင္း သိရသည္။

ယင္းအေရာင္းဆိုင္ မ်ားမွာ ၂၀၁၇ ခုႏွစ္မွစ၍ လက္ရွိ ၂၀၂၀ ခုႏွစ္အထိ ေလးႏွစ္ အတြင္း စက္သုံးဆီ လုပ္ငန္း ဆက္လက္လုပ္ကိုင္လိုျခင္း မရွိေတာ့သျဖင့္ လိုင္စင္ပိတ္သိမ္း ရန္ တင္ျပလာသည့္ ဆိုင္မ်ား ျဖစ္ေၾကာင္း သိရသည္။စက္သုံးဆီလုပ္ငန္း ဆက္လက္ လုပ္ကိုင္ လိုျခင္း မရွိေၾကာင္း တင္ျပလာသည့္ ဆိုင္မ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ နာမည္ႀကီး စက္သုံးဆီဆိုင္မ်ားလည္း ပါဝင္သည္။

REF: THE FIFTH WAVE NEWS

Post a Comment

Previous Post Next Post