(Unicode)















Asteria (12.7.2020)
Ref: BBC
Pyi Myanmar


(Zawgyi)


နာမည်ကျော်ဘောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး အမီတာဘဂျန်းဟာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ Twitter အကောင့်ကတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရပါတယ်။



အမီတာဘဂျန်းက ‘COVID-19 positive ဖြစ်နေလို့ ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ မိသားစုဝင်တွေနဲ့အလုပ်သမားတွေလည်း ရောဂါပိုးစစ်ဆေးမှုခံယူထားကြပါတယ်’ လို့ ရေးသားထားပါတယ်။



နောက်ပိုင်းမှာတော့ သားဖြစ်သူအဘီရှက်မှာလည်း ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးချက်ထွက်ပေါ်လာခဲ့ပါတယ်။



မွမ်ဘိုင်းမြို့က Nanavati ဆေးရုံမှာ သားအဖနှစ်ဦးလုံး ဆေးကုသမှုခံယူနေပြီး ရောဂါလက္ခဏာမပြင်းထန်ဘဲ အခြေအနေကောင်းမွန်တယ်လို့ ဆေးရုံရဲ့တာဝန်ရှိသူတွေက ဆိုထားပါတယ်။



အမီတာဘဂျန်းက ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ သူနဲ့ထိတွေ့ခဲ့သူတွေကို ရောဂါပိုးစစ်ဆေးမှုခံယူဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Asteria (12.7.2020)
Ref: BBC
Pyi Myanmar

Post a Comment

Previous Post Next Post