(Unicode)
မင်းသားချောခန့်စည်သူက သရုပ်ဆောင်ကောင်းရုံသာမက စိတ်သဘောထားပြည့်ဝပြီးကူညီတတ်တဲ့သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားသူပါ။အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်များနဲ့ နွမ်းပါးသူအချို့ကိုလည်း ကိုယ်တိုင် လိုက်လံကူညီပေးလျက်ရှိပါတယ်။
ခန့်စည်သူက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို အလှူအတန်းမှာလည်း လက်မနှေးတာကြောင့် နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ခန့်စည်သူက သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူတူ အလှူအတန်းတွေဆက်တိုက် ပြုလုပ်နေလျက်ရှိပါတယ်။
ဇူလိုင်လ (၂၅)ရက်နေ့ကလည်း ခန့်စည်သူရဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဗဟိုအမျိုးသမီးဆေးရုံရှိ မွေးလူနာ အယောက်(၂၀၀) အတွက် ထောပတ်ထမင်း+ ကြက်သားဟင်း၊ ဒိန်ချဉ်၊ မုန့်၊ အအေး၊ မွှေးဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ထမိန်၊ မိုးတွင်းစီးဖိနပ်၊ mask များ၊ ကလေးအနှီးများ၊ ကလေးအင်္ကျီများ၊ ကလေးသေးခင်းများ၊ ကလေးပေါင်ဒါများ စသဖြင့် သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။celepedia ပရိတ်သတ်တွေလည်း ခန့်စည်သူတို့အဖွဲ့ရဲ့အလှူပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ်နော်။
Source-Kyaw Soe Win
(Zawgyi)
Source-Kyaw Soe Win
Post a Comment
Previous Post Next Post