(Unicode)


နိုင်ငံအနှံ့ အောင်မြင်ခဲ့ပေမယ့် ရွှေညီအကို အငြိမ့်အဖွဲ့ ကြီး ပြိုကွဲခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ဖွင့်ဟလာတဲ့ လူရွှင်တော်ဝိုင်းချစ်

လူရွှင်တော် ငြိမ်းချမ်း၊ဝိုင်းချစ်၊ထက်ထက်၊ရှဲဒိုးနဲ့ ကောင်းကျော်တို့ရဲ့ ရွှေညီအကို အငြိမ့်အဖွဲ့ကြီးကတော့ နိုင်ငံအနှံ့မှာ အောင်မြင်ခဲ့ပေမယ့် ၇ နှစ်တာကာလအပြီးမှာ
ပြိုကွဲခဲ့ရပါတယ်။လူရွှင်တော် လောကမှာ အထူးနာမည်ကြီးခဲ့သလို ယခုထက်ထိ ပရိသတ်ရဲ့ ချစ်ခြင်းကိုရရှိနေဆဲလည်းဖြစ်ပါတယ်။



ဒီလိုအောင်မြင်နေတဲ့ဲအချိန်ကြီးမှာ ပြိုကွဲခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို လူရွှင်တော် ဝိုင်းချစ်က အခုလိုပဲပြောပြလာခဲ့ပါတယ်။



“ရွှေညီကို” လူရွှင်တော် အဖွဲ့ က အောင်မြင်မှုဒဏ် ကို အကြာကြီး မခံစားခဲ့ရပါဘူး။ အောင်မြင်ပြီး (၇) နှစ် လောက်ကြာမှ အဖွဲ့ မညီတော့လို့ ကွဲခဲ့ကြတယ်။ အချင်းချင်း မုန်းတီး၊ ရန်ဖြစ်ပြီး ကွဲခဲ့ကြတာ မဟုတ်ပါဘူး။ ငွေကြေး ကိစ္စတွေကြောင့် ကွဲခဲ့ကြတာပါ” လို့ ရှင်းပြလာခဲ့တာပါ။ကျွန်တော်တို့ ၅ ယောက်က ကောင်းလို့နာမည်ကြီးတာမဟုတ်ပါဘူး။ညီလို့နာမည်ကြီးတာပါ။အဓိကက ၅ ယောက်လုံးညံ့လို့ အဖွဲ့ပြိုကွဲခဲ့ရပါတယ်။အောင်မြင်မှုရရှိနေတဲ့အချိန်မှ အောင်မြင်တဲ့ဒဏ်ကိုမခံနိုင်တာပေါ့နော်။ငွေကြေးကိစ္စနဲ့ပဲကွဲခဲ့ကြတာပါ။



“ဒါပေမယ့် အခုထိ ခေါ်တာပြောတာ သူငယ်ချင်းလို ရှိနေကြတုန်းပါပဲ။တွဲတော့ မကဖြစ်ကြတော့ပါဘူး။ကျွန်တော်တို့ကွဲပြီးတော့ ကောင်းကျော်က ဇာတ်ထောင်လိုက်တယ်။နောက် ကိုငြိမ်းချမ်းက ဇာတ်ထောင်လိုက်တယ်။သူတို့ကဇာတ်တွေရှိနေတော့ ၅ ယောက်စုက ဖို့က လုံးဝနီးပါးမဖြစ်နိုင်တော့ဘူးပေါ့။”လို့ တွဲကဖို့မဖြစ်နိုင်ကြတော့တဲ့ အကြောင်း ရှင်းပြလာခဲ့တာလည်းဖြစ်ပါတယ်။



သူ့အနေနဲ့ မှတ်တမ်းမှတ်ရာတွေအများကြီး သိမ်းထားပြီး ရွှေညီအကိုအဖွဲ့ ကို ပြန်လည် စုစည်းစေလိုကြောင်း၊ဒါပေမယ့် အခုချိန်မှာတော့မဖြစ်နိုင်သလောက် ဖြစ်သွားပြီလို့လည်း ကိုဝိုင်းချစ်က ဝမ်းနည်းစွာပြောလာခဲ့တာပါ။သူ့အနေနဲ့ နောက်တက်လာမယ့်လူငယ်တွေကို သူတို့ အဖွဲ့လို အောင်မြင်မှုသက်တမ်းတိုတိုလေးနဲ့ကွဲသွားတာမျိုးမဖြစ်စေလိုကြောင်းနဲ့ အခုတော့ သာမန်သူများနောက်လိုက်ဘဝနဲ့ ဖြတ်သန်းနေရတာကို ကြည့်ပြီး သင်ခန်းစာယူကြပါလို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်း ရွှေညီအကိုအဖွဲ့ကိုပြန်လည်စုစည်းပြီးမြင်လိုကြရဲ့လား??လူရွှင်တော်ဝိုင်းချစ်ရဲ့ ဖွင့်ဟချက်ကို ဘယ်လိုထင်မြင်တယ်ဆိုတာ Comment မှာရေးသားခဲ့ကြပါအုန်းနော်။


(Zawgyi)


ႏိုင္ငံအႏွံ႔ ေအာင္ျမင္ခဲ့ေပမယ့္ ေ႐ႊညီအကို အၿငိမ့္အဖြဲ႕ ႀကီး ၿပိဳကြဲခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကို ဖြင့္ဟလာတဲ့ လူ႐ႊင္ေတာ္ဝိုင္းခ်စ္

လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္း၊ဝိုင္းခ်စ္၊ထက္ထက္၊ရွဲဒိုးနဲ႔ ေကာင္းေက်ာ္တို႔ရဲ႕ ေ႐ႊညီအကို အၿငိမ့္အဖြဲ႕ႀကီးကေတာ့ ႏိုင္ငံအႏွံ႔မွာ ေအာင္ျမင္ခဲ့ေပမယ့္ ၇ ႏွစ္တာကာလအၿပီးမွာ
ၿပိဳကြဲခဲ့ရပါတယ္။လူ႐ႊင္ေတာ္ ေလာကမွာ အထူးနာမည္ႀကီးခဲ့သလို ယခုထက္ထိ ပရိသတ္ရဲ႕ ခ်စ္ျခင္းကိုရရွိေနဆဲလည္းျဖစ္ပါတယ္။



ဒီလိုေအာင္ျမင္ေနတဲ့ဲအခ်ိန္ႀကီးမွာ ၿပိဳကြဲခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကို လူ႐ႊင္ေတာ္ ဝိုင္းခ်စ္က အခုလိုပဲေျပာျပလာခဲ့ပါတယ္။



“ေ႐ႊညီကို” လူ႐ႊင္ေတာ္ အဖြဲ႕ က ေအာင္ျမင္မႈဒဏ္ ကို အၾကာႀကီး မခံစားခဲ့ရပါဘူး။ ေအာင္ျမင္ၿပီး (၇) ႏွစ္ ေလာက္ၾကာမွ အဖြဲ႕ မညီေတာ့လို႔ ကြဲခဲ့ၾကတယ္။ အခ်င္းခ်င္း မုန္းတီး၊ ရန္ျဖစ္ၿပီး ကြဲခဲ့ၾကတာ မဟုတ္ပါဘူး။ ေငြေၾကး ကိစၥေတြေၾကာင့္ ကြဲခဲ့ၾကတာပါ” လို႔ ရွင္းျပလာခဲ့တာပါ။ကြၽန္ေတာ္တို႔ ၅ ေယာက္က ေကာင္းလို႔နာမည္ႀကီးတာမဟုတ္ပါဘူး။ညီလို႔နာမည္ႀကီးတာပါ။အဓိကက ၅ ေယာက္လုံးညံ့လို႔ အဖြဲ႕ၿပိဳကြဲခဲ့ရပါတယ္။ေအာင္ျမင္မႈရရွိေနတဲ့အခ်ိန္မွ ေအာင္ျမင္တဲ့ဒဏ္ကိုမခံႏိုင္တာေပါ့ေနာ္။ေငြေၾကးကိစၥနဲ႔ပဲကြဲခဲ့ၾကတာပါ။



“ဒါေပမယ့္ အခုထိ ေခၚတာေျပာတာ သူငယ္ခ်င္းလို ရွိေနၾကတုန္းပါပဲ။တြဲေတာ့ မကျဖစ္ၾကေတာ့ပါဘူး။ကြၽန္ေတာ္တို႔ကြဲၿပီးေတာ့ ေကာင္းေက်ာ္က ဇာတ္ေထာင္လိုက္တယ္။ေနာက္ ကိုၿငိမ္းခ်မ္းက ဇာတ္ေထာင္လိုက္တယ္။သူတို႔ကဇာတ္ေတြရွိေနေတာ့ ၅ ေယာက္စုက ဖို႔က လုံးဝနီးပါးမျဖစ္ႏိုင္ေတာ့ဘူးေပါ့။”လို႔ တြဲကဖို႔မျဖစ္ႏိုင္ၾကေတာ့တဲ့ အေၾကာင္း ရွင္းျပလာခဲ့တာလည္းျဖစ္ပါတယ္။



သူ႔အေနနဲ႔ မွတ္တမ္းမွတ္ရာေတြအမ်ားႀကီး သိမ္းထားၿပီး ေ႐ႊညီအကိုအဖြဲ႕ ကို ျပန္လည္ စုစည္းေစလိုေၾကာင္း၊ဒါေပမယ့္ အခုခ်ိန္မွာေတာ့မျဖစ္ႏိုင္သေလာက္ ျဖစ္သြားၿပီလို႔လည္း ကိုဝိုင္းခ်စ္က ဝမ္းနည္းစြာေျပာလာခဲ့တာပါ။သူ႔အေနနဲ႔ ေနာက္တက္လာမယ့္လူငယ္ေတြကို သူတို႔ အဖြဲ႕လို ေအာင္ျမင္မႈသက္တမ္းတိုတိုေလးနဲ႔ကြဲသြားတာမ်ိဳးမျဖစ္ေစလိုေၾကာင္းနဲ႔ အခုေတာ့ သာမန္သူမ်ားေနာက္လိုက္ဘဝနဲ႔ ျဖတ္သန္းေနရတာကို ၾကည့္ၿပီး သင္ခန္းစာယူၾကပါလို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ပရိသတ္ႀကီးအေနနဲ႔လည္း ေ႐ႊညီအကိုအဖြဲ႕ကိုျပန္လည္စုစည္းၿပီးျမင္လိုၾကရဲ႕လား??လူ႐ႊင္ေတာ္ဝိုင္းခ်စ္ရဲ႕ ဖြင့္ဟခ်က္ကို ဘယ္လိုထင္ျမင္တယ္ဆိုတာ Comment မွာေရးသားခဲ့ၾကပါအုန္းေနာ္။


Post a Comment

Previous Post Next Post