(Unicode)


အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်မှ ဇူလိုင်လ ၅ ရက်နေ့ ၁၂နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း အင်းစိန်မြို့မ ရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကမ်းနားအနောက်ရပ်ကွက်ရှိ မမွှေးမွှေး(ခ)မွှေးမွှေးကြည် (၃၅ နှစ်) ကွမ်းယာဆိုင်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဆိုင်တွင် တွေ့ရှိပြီး ၎င်းပေါင်ပေါ်တွင် တင်ထားသော ကော်ပုံးအတွင်းမှ ပလတ်စတစ်ကပ် ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀၀ ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၁၈၃ သိန်း)၊ ICE အလေးချိန် ၃ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃ သိန်း)၊ မြန်မာငွေ ၅၀၀၀၀ ကျပ်၊ မူးယစ် ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရ မိခဲ့ကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မမွှေးမွှေး(ခ)မွှေးမွှေးကြည် (၃၅ နှစ်)ကို အင်းစိန်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ဝဿန်(အင်းစိန်)
Top Phoenix Media Group


(Zawgyi)


အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားအေနာက္ရပ္ကြက္ရွိ ကြမ္းယာ ဆိုင္မွ ဇူလိုင္လ ၅ ရက္ေန႔ ၁၂နာရီအခ်ိန္ခန္႔တြင္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ တပ္ဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ကမ္းနားအေနာက္ရပ္ကြက္ရွိ မေမႊးေမႊး(ခ)ေမႊးေမႊးၾကည္ (၃၅ ႏွစ္) ကြမ္းယာဆိုင္အား ဝင္ေရာက္ရွာေဖြရာ ၎အား ဆိုင္တြင္ ေတြ႕ရွိၿပီး ၎ေပါင္ေပၚတြင္ တင္ထားေသာ ေကာ္ပံုးအတြင္းမွ ပလတ္စတစ္ကပ္္ ခြာအိတ္မ်ားျဖင့္ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၁၀၀ ျပား (ေဒသကာလ ေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၁၈၃ သိန္း)၊ ICE အေလးခ်ိန္ ၃ ဂရမ္(ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၃ သိန္း)၊ ျမန္မာေငြ ၅၀၀၀၀ က်ပ္၊ မူးယစ္ ေဆးဝါးထုပ္ပိုးရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ လက္ကိုင္ဖုန္း ၁ လံုးတို႕အား ေတြ႕ရွိ သိမ္းဆည္းရ မိခဲ့ေၾကာင္း ဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မေမႊးေမႊး(ခ)ေမႊးေမႊးၾကည္ (၃၅ ႏွစ္)ကို အင္းစိန္ၿမိဳ႕မရဲစခန္းမွ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္စစ္ေဆး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

ဝႆန္(အင္းစိန္)
Top Phoenix Media Group

Post a Comment

Previous Post Next Post