(Unicode)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီးရှိ တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်နေမှုကို ပထမအဆင့်အနေဖြင့် ပိတ်ဆို့ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။



မြစ်ရေ စီးဝင်နေသည့် နေရာကို ယနေ့ နေ့လည်ပိုင်းမှစတင်ကာ ကျောက်တုံးများ၊ သဲများ၊ သံဇကာများချကာ ပိတ်ဆို့ခဲ့ပြီး ည (၇) နာရီခွဲဝန်းကျင်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့ပြီဟု စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

“နေ့လည်က စပိတ်တယ်။ ညနေ ခုနျစ်နာရီခွဲမှာ ပိတ်လိုက်နိုင်တယ်။ ရေက နည်းနည်းစီးသေးတယ်။ ရေလုံး၀ မစီးအောင် သဲအိတ်၊ ဘိလပ်မြေနဲ့ ကျောက်မှုန့်ရောတာကို ချမယ် ” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။


တောင်မြောက် ပေ (၆၀)၊ အနက် ပေ (၃၀)နှင့် လမ်းသားအကျယ်က ပေ (၁၀၀) ခန့်အား ဘက်ဟိုး၊ ဘူဒိုဇာများ အသုံးပြု၍ ကျောက်များချကာ ပိတ်ဆို့ ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဆက်လက်ရေစီးနေသေးသည့် အပိုင်းကိုလည်း ယခုညတွင် ဆက်လက်ပိတ်ဆို့မည် ဖြစ်ပြီး ပိတ်ဆို့ပြုပြင်ခြင်း လုပ်ငန်းများ ရက်ပိုင်းအတွင်း ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ကာ နောက်ပိုင်းတွင် လမ်းသားပြုပြင်ခြင်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဆိုသည်။



မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါး အနီးတွင် ဇူလိုင် (၁၉) ရက် ည (၈) နာရီခွဲဝန်းကျင်မှ စတင်ကာ တာရိုး စိမ့်ပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့ ဇူလိုင် (၂၀) ရက် နံနက်အစောပိုင်းတွင်မူ တာရိုး ကျိုးပေါက် ဧရာဝတီမြစ်ရေများ ဆက်တိုက်ဝင်ရောက်နေခြင်း ဖြစ်သည်။

အဆိုပါ တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် အမရပူရမြို့ ကျန်တန်း၊ မှန်တန်း၊ ယဉ်တော်နှင့် ဈေးချိုစသည့် ရပ်ကွက်များမှ မြို့အနောက်ခြမ်း အနိမ့်ပိုင်းရှိ နေအိမ်အများအပြား ရေဝင်နစ်မြုပ်ခဲ့ပြီး လူဦးရေ (၆၀၀၀) ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။



တာရိုးကျိုးပေါက်မှု ပိတ်ဆို့နိုင်ပြီ ဖြစ်သော်လည်း အမရပူရမြို့ ရပ်ကွက်များ၌ ရေပြန်ကျရန် အနည်းဆုံး တစ်လခန့် ကြာမြင့်နိုင်ကြောင်းနှင့် ရေဘေးကြောင့် စားဝတ်နေရေးနှင့် လူအများအပြားနှင့် စုပြုံနေထိုင်ရသဖြင့် COVID-19 ရောဂါ အန္တရာယ် စိုးရိမ်သည်ဟု ရေဘေးသင့်သူများက ဆိုသည်။



(Zawgyi)


မႏၱေလးျမိဳ႕၊ အမရပူရၿမိဳ႕နယ္၊ ေရႊဂဲေရထိန္းတံခါးအနီးရွိ တာရိုးက်ိဳးေပါက္ကာ ျမစ္ေရဝင္ေရာက္ေနမွုကို ပထမအဆင့္အေနျဖင့္ ပိတ္ဆို႔ ထိန္းခ်ဳပ္နိဳင္ျပီ ျဖစ္ေၾကာင္း မနၱေလးျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သတင္းရရွိသည္။



ျမစ္ေရ စီး၀င္ေနသည့္ ေနရာကို ယေန႔ ေန႔လည္ပိုင္းမွစတင္ကာ ေက်ာက္တံုးမ်ား၊ သဲမ်ား၊ သံဇကာမ်ားခ်ကာ ပိတ္ဆို႔ခဲ့ျပီး ည (၇) နာရီခြဲ၀န္းက်င္တြင္ ပိတ္ဆို႔ ထိန္းခ်ဳပ္နိဳင္ခဲ့ျပီဟု စည္ပင္ေကာ္မတီ၀င္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

“ေန႔လည္က စပိတ္တယ္။ ညေန ခုႏ်စ္နာရီခြဲမွာ ပိတ္လိုက္ႏိုင္တယ္။ ေရက နည္းနည္းစီးေသးတယ္။ ေရလုံး၀ မစီးေအာင္ သဲအိတ္၊ ဘိလပ္ေျမနဲ႔ ေက်ာက္မႈန႔္ေရာတာကို ခ်မယ္ ” ဟု ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

ေတာင္ေျမာက္ ေပ (၆၀)၊ အနက္ ေပ (၃၀)ႏွင့္ လမ္းသားအက်ယ္က ေပ (၁၀၀) ခန္႔အား ဘက္ဟိုး၊ ဘူဒိုဇာမ်ား အသံုးျပဳ၍ ေက်ာက္မ်ားခ်ကာ ပိတ္ဆို႔ ခဲ့ျခင္းျဖစ္သည္ဟု ၄င္းက ဆိုသည္။ ဆက္လက္ေရစီးေနေသးသည့္ အပိုင္းကိုလည္း ယခုညတြင္ ဆက္လက္ပိတ္ဆို႔မည္ ျဖစ္ျပီး ပိတ္ဆို႔ျပဳျပင္ျခင္း လုပ္ငန္းမ်ား ရက္ပိုင္းအတြင္း ျပီးစီးေအာင္ လုပ္ေဆာင္မည္ျဖစ္ကာ ေနာက္ပိုင္းတြင္ လမ္းသားျပဳျပင္ျခင္းမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု ဆိုသည္။



မနၱေလးျမိဳ႕ ေ႐ႊဂဲေရထိန္းတံခါး အနီးတြင္ ဇူလိုင္ (၁၉) ရက္ ည (၈) နာရီခြဲ၀န္းက်င္မွ စတင္ကာ တာရိုး စိမ့္ေပါက္ကာ ဧရာဝတီျမစ္ေရ ဝင္ေရာက္မႈ ျဖစ္ေပၚခဲ့ျပီး ယေန႔ ဇူလိုင္ (၂၀) ရက္ နံနက္အေစာပိုင္းတြင္မူ တာရိုး က်ိဳးေပါက္ ဧရာ၀တီျမစ္ေရမ်ား ဆက္တိုက္၀င္ေရာက္ေနျခင္း ျဖစ္သည္။

အဆိုပါ တာရိုးက်ိဳးေပါက္ကာ ျမစ္ေရ၀င္ေရာက္မွုေၾကာင့္ အမရပူရျမိဳ့ က်န္တန္း၊ မွန္တန္း၊ ယဥ္ေတာ္ႏွင့္ ေဈးခ်ိဳစသည့္ ရပ္ကြက္မ်ားမွ ျမိဳ့အေနာက္ျခမ္း အနိမ့္ပိုင္းရွိ ေနအိမ္အမ်ားအျပား ေရ၀င္နစ္ျမဳပ္ခဲ့ျပီး လူဦးေရ (၆၀၀၀) ေက်ာ္ကို ေရေဘးလြတ္ရာ ေျပာင္းေရႊ႕ထားရသည္ဟု ေဒသခံမ်ားႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ဆိုသည္။



တာရုိးက်ိဳးေပါက္မွု ပိတ္ဆို႔နိဳင္ျပီ ျဖစ္ေသာ္လည္း အမရပူရျမိဳ့ ရပ္ကြက္မ်ား၌ ေရျပန္က်ရန္ အနည္းဆံုး တစ္လခန္႔ ၾကာျမင့္နိဳင္ေၾကာင္းႏွင့္ ေရေဘးေၾကာင့္ စား၀တ္ေနေရးႏွင့္ လူအမ်ားအျပားႏွင့္ စုျပံဳေနထိုင္ရသျဖင့္ COVID-19 ေရာဂါ အႏၱရာယ္ စိုးရိမ္သည္ဟု ေရေဘးသင့္သူမ်ားက ဆိုသည္။

Post a Comment

Previous Post Next Post