(Unicode)
အလှူ လုပ်ချင် လို့ ရှိတဲ့ ရွှေတွေ ထုတ်ရောင်း ပြီး သိန်း (၄၀) နီးပါး လှူတန်းခဲ့ တဲ့ မယ်လိုဒီ
လှူချင်တဲ့သဒ္ဓါစိတ်ယိုဖိတ်လာပြီဆိုရင် လက်ထဲငွေမရှိရင်တောင် မရမကဖန်တီးပြီး လှူတန်းတတ်တဲ့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီထဲမှာ တော့ မေမေမယ်လိုဒီက အပါအဝင်ဖြစ်သွားခဲ့ပါပြီ။ မိုင်းဖုန်းဆရာတော်ကြီး ဘုရားအဓိဌာန်ဝင်တဲ့ မုံးကျက်ဂူကိုသွားတဲ့ တောင်တက်ကားလမ်းအတွက် ကွန်ကရစ်ခင်းဖို့ လှူတန်းချင်တဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမရဲ့လူမှုကွန်ရက်မှာ ပြောပြခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းက သူမက ကွန်ကရစ်ခင်းဖို့ (၁၀) ပေစာ (၃၅၀၀၀၀) လှူတန်းနိုင်ခဲ့ပြီး ပေ (၁၀၀) စာ (၃၅၀၀၀၀၀) လှူနိုင်ဖို့ကြိုးစားရဦးမယ်လို့လည်း ရင်ဖွင့်ခဲ့ပါသေးတယ်။ ဒီနေ့တော့ သူမရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့ပါပြီ။ ပထမလှူတန်းထားတဲ့ (၁၀) ပေစာအပြင် နောက်ထပ် ပေ (၁၀၀) စာ ထပ်လှူနိုင်ခဲ့ပြီး စုစုပေါင်း ပေ (၁၁၀) စာ လှူတန်းနိုင်ခဲ့ပါတယ်။ သာဓုပါမျိုးရေ။
သူမရဲ့ အလှူအကြောင်းလေးကို ” မိုင်းဖုန်းဆရာတော်ဘုရားအဓိဌာန်ဝင်တဲ့ မုံးကျက်ဂူသို့ သွား ရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့ (၁၀၀) ပေ (၃၅၀၀၀၀၀) လှူနိုင်ပါပြီ ပထမ (၁၀) ပေ (၃၅၀၀၀၀) စုစုပေါင်း (၁၁၀) ပေ (၃၈၅၀၀၀၀) ကျပ်တိတိ ပိုက်ဆံရှာတာလေးများအလွယ်လေး မီးခံသေတ္တာ ဖွင့်ပြီး စိန်နန်းတော်၊ အောင်သမာဓိ၊ ရွှေစင်၊ ဇွဲထက်၊ ကြိုက်တာယူရောင်းရုံပဲ ပြုသမျှကုသိုလ် ထပ်တူရကြရပါစေရှင် ကုသိုလ်ပွားများနိုင်ကြပါစေ ကိုဗစ်ဖြစ်လည်း မီးခံသေတ္တာက ကြံ့ခိုင်ပါသေးတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။
Credit – Cele Zone
Photo – Melody
(Zawgyi)
Credit – Cele Zone
Photo – Melody
Post a Comment