(Unicode)

တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မတစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။

ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။




ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။ ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။



အတော်များများကလည်း ကျနော့်ဇနီးမယား ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မိန်းမလှတွေလို့ ပြောလို့ရတဲ့သူတို့တွေရဲ့ စိတ်နှလုံးသားဟာ ဖန်သားပြင်လိုပဲ ကွဲကြေလွယ်တယ်။



မာနကြီးသလောက်ခေါင်းမရှိတဲ့ ဘုရင့်သမီးတော်တစ်ပါးလိုပေါ့ ရှင်ဒီလောက်ချမ်းသာတာ ကားလေးဘာလေးပြောင်းမစီးတော့ဘူးလား မေးနေတော့တာပဲ။



သူတို့ဟာ သူဋ္ဌေးတစ်ယောက်ရဲ့ကတော်ဆိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေအဆက်မပြတ်လာမှာဖြစ်ပြီး အထက်တန်းလွှာလူ့မလိုင်ပတ်ဝန်းကျင်မှာ ဝင်ဆံ့ချင်ယုံ ရည်ရွယ်တယ်။



ဒီလိုအမျိုးသမီးတွေကို အလကားပေးလည်း ကျနော်မယူချင်ဘူး ရုပ်ဆိုးတယ်လို့ကျနော်ထင်လို့။

“အသွင်အပြင်အလှက အသက်အပိုင်းအခြားခဏလေးဖြစ်ပြီး အတွင်းသားအလှကတော့ အသက်အရွယ်ရလာလေလေ တန်ဖိုးတက်လာလေလေ” ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်။



ဒါကြောင့် ခဏလေးနဲ့တန်ဖိုးကျသွားမယ့်အရာတွေနဲ့ မနွယ်မိဖို့ရှောင်တာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုထွက်လာပါတယ်။ ကျနော့်မိန်းမ ပရက်စီလာချန်ကို ဘာလို့သဘောကျနှစ်ခြိုက်ရလဲ ဆိုတာပါ။




“အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာအမူအရာမှာ စိတ်နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုရှိတယ်” သူ့အပြုံးက ကျနော့်ကို အမြဲမှင်သက်စေတယ်။ ကိုယ်ဝန်ရတော့ ပရက်စီလာဟာ မျက်နှာပေါ်မှာရှုတ်ရှုတ်ယှက်ယှက်တွေတောင် မခြယ်တော့ဘူး။



အဝတ်အစားနဲ့အလှအပဆိုတာ ပဓါနမဟုတ်တော့ဘူး။ ဒါပေမယ့် သူ့ရဲ့အေးချမ်းပျော်ရွှင်မှုကို ကျနော်အပါအဝင် မြင်ရသူတိုင်းရရှိခံစားရတယ်ဗျာ။

ကျနော် သူ့ရိုးရှင်းမှုနဲ့ အသွင်အပြင်ကို သဘောကျတယ်။ သူ့မှာ စိတ်အားထက်သန်မှု ဉာဏ်ပညာ ရဲရင့်မှု ချစ်ခြင်းမေတ္တာ ခေါင်းဆောင်နိုင်မှုတွေ ရှိတဲ့အပြင် တခြားသူတွေကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။



သူရှိနေရင် တခြားအရာတွေပါ ကျနော်တန်ဖိုးထားတတ်လာသလို ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလည်းရစေတယ်လေ။

ပရက်စီလာဟာ ကျနော့်ကိုခုတုံးလုပ် ကြွားလုံးထုတ်မော်ကြွားမယ်လို့ တစ်ခါမှမခံစားမိဘူး။ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသလို စိတ်အရည်အသွေးလည်းမြင့်သူပါ။



သူက ဟားဗတ်တက္ကသိုလ်က ဆေးပညာနဲ့ဘွဲ့ရလာသူဆိုတာလည်း လူကြီးမင်းတို့မေ့မထားသင့်ပါဘူး။ လူအတော်အများများ အဓိကယူကြတဲ့ ဆေး ဥပဒေ စီးပွားရေးဘာသာရပ်တွေနဲ့ လူကြီးမင်းဟာ တက္ကသိုလ်ဝင်ခွင့် ရနိုင်ပါတယ်။ ဝင်ခွင့်အောင်တယ်ဆိုရင်တောင် ထူးထူးချွန်ချွန်ဘွဲ့ရဖို့တော့ မလွယ်ဘူးလေ။ အဲ့ဒီတော့ ကိုယ်ရည်သွေးပြပါဆိုရင် ကျနော့်ထက် ပရက်စီယာကပိုတောင်သာနေတယ်မလား။



အိမ်ထောင်ရေးဆိုတာ ဖိနပ်တစ်ရံလိုပါ။ စီးတဲ့သူကလွဲ ဘယ်သူကများ စီးလို့ကောင်းမကောင်း သိဦးမှာလဲ။ သူသာ ကျနော့်အတွက်အသင့်တော်ဆုံးဖြစ်ပြီး သူသာကမ္ဘာပေါ်မှာ ကျနော့်ရဲ့အကောင်းဆုံးစံထားရမယ့် ဘက်ညီတဲ့တစ်ခြမ်းပါ။

ပရက်စီလာနဲ့စသိတာ ရေအိမ်အသွား လူအုပ်ကြားမှာပေါ့။ သူ့မျက်လုံးထဲမှာ ကျနော်ဟာ ကိုယ့်အလုပ်ကိုပဲအာရုံစိုက်တဲ့ ကြောင်စီစီလူတစ်ယောက်ထက် မပိုဘူး။



အဲ့ဒီအခိုက်အတန့် ကျနော့်နှလုံးသားက ပြောလိုက်တယ် “ဒါ ငါ့ဘဝလက်တွဲဖေါ်” လို့ပေါ့။

လူကြီးမင်းရဲ့မျက်လုံးထဲမှာ ပရက်စီလာက မလှဘူးပေါ့။ ကျနော့်မျက်ဝန်းထဲတော့ ကျနော်နဲ့ရှေ့သွားနောက်လိုက်အညီဆုံး မိန်းမလှတစ်ယောက်ပါပဲ။



ကျနော်ကိုယ်တိုင် ပရက်စီလာနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတွေမှာ သဘာဝကျပြီးအေးချမ်းတဲ့ ပျော်ရွှင်မှုမျိူးပေါ်နေတာ ထိန်ချန်ထားလို့ကိုမရပါဘူး။

“ရိုးရှင်းမှုဟာ အလှတရားပါ”
မက်ဇူကာဘက် (“ဖေ့စ်ဘွက်”ထူထောင်သူ)


(Zawgyi)

ေတာ္ေတာ္မ်ားမ်ားေမးၾကတယ္ဗ်။ (သူတို႔အေျပာအရေပါ့ေလ) ဒိတ္ဒိတ္ႀကဲသူေ႒းႀကီးက မလွမပတ႐ုတ္မတစ္ေယာက္ကို ဘာအတြက္ ယူရတာလဲတဲ့။

က်ေနာ္ဟာ (သူတို႔အျမင္အရေပါ့) က်ေနာ့္ရဲ႕လက္ရွိမိန္းမ ပရက္စီလာခ်န္ထက္ ပိုသာတဲ့အမ်ိဳးသမီးတစ္ေယာက္ ရႏိုင္သလို ရလည္းရသင့္တယ္ေပါ့။



ဒီေမးခြန္းကို ေျဖရမယ္ဆိုရင္ ဦးဆုံးအေနနဲ႔ လွတဲ့အမ်ိဳးသမီးဆိုတာဘယ္လို မလွတဲ့အမ်ိဳးသမီးဆိုတာဘယ္ပုံ ေဆြးေႏြးခ်င္ပါတယ္။ ေျပာရရင္ က်ေနာ့္အေနနဲ႔ လွပါတယ္ဆိုတဲ့အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားနဲ႔ ဆုံဖူးပါတယ္။



အေတာ္မ်ားမ်ားကလည္း က်ေနာ့္ဇနီးမယား ျဖစ္ခ်င္ၾကတာပါပဲ။ ဒါေပမယ့္ မိန္းမလွေတြလို႔ ေျပာလို႔ရတဲ့သူတို႔ေတြရဲ႕ စိတ္ႏွလုံးသားဟာ ဖန္သားျပင္လိုပဲ ကြဲေၾကလြယ္တယ္။



မာနႀကီးသေလာက္ေခါင္းမရွိတဲ့ ဘုရင့္သမီးေတာ္တစ္ပါးလိုေပါ့ ရွင္ဒီေလာက္ခ်မ္းသာတာ ကားေလးဘာေလးေျပာင္းမစီးေတာ့ဘူးလား ေမးေနေတာ့တာပဲ။



သူတို႔ဟာ သူေ႒းတစ္ေယာက္ရဲ႕ကေတာ္ဆိုတာထက္ပိုတဲ့ ေတာင္းဆိုမႈေတြအဆက္မျပတ္လာမွာျဖစ္ၿပီး အထက္တန္းလႊာလူ႔မလိုင္ပတ္ဝန္းက်င္မွာ ဝင္ဆံ့ခ်င္ယုံ ရည္႐ြယ္တယ္။



ဒီလိုအမ်ိဳးသမီးေတြကို အလကားေပးလည္း က်ေနာ္မယူခ်င္ဘူး ႐ုပ္ဆိုးတယ္လို႔က်ေနာ္ထင္လို႔။

“အသြင္အျပင္အလွက အသက္အပိုင္းအျခားခဏေလးျဖစ္ၿပီး အတြင္းသားအလွကေတာ့ အသက္အ႐ြယ္ရလာေလေလ တန္ဖိုးတက္လာေလေလ” ဆိုတဲ့ တ႐ုတ္ဆို႐ိုးတစ္ခုရွိတယ္။



ဒါေၾကာင့္ ခဏေလးနဲ႔တန္ဖိုးက်သြားမယ့္အရာေတြနဲ႔ မႏြယ္မိဖို႔ေရွာင္တာပါ။ ဒီေနရာမွာ ေမးခြန္းတစ္ခုထြက္လာပါတယ္။ က်ေနာ့္မိန္းမ ပရက္စီလာခ်န္ကို ဘာလို႔သေဘာက်ႏွစ္ၿခိဳက္ရလဲ ဆိုတာပါ။



“အမ်ိဳးသမီးတစ္ေယာက္ရဲ႕မ်က္ႏွာအမူအရာမွာ စိတ္ႏွလုံးသားရဲ႕ ေရာင္ျပန္ဟပ္မႈရွိတယ္” သူ႔အၿပဳံးက က်ေနာ့္ကို အၿမဲမွင္သက္ေစတယ္။ ကိုယ္ဝန္ရေတာ့ ပရက္စီလာဟာ မ်က္ႏွာေပၚမွာရႈတ္ရႈတ္ယွက္ယွက္ေတြေတာင္ မျခယ္ေတာ့ဘူး။



အဝတ္အစားနဲ႔အလွအပဆိုတာ ပဓါနမဟုတ္ေတာ့ဘူး။ ဒါေပမယ့္ သူ႔ရဲ႕ေအးခ်မ္းေပ်ာ္႐ႊင္မႈကို က်ေနာ္အပါအဝင္ ျမင္ရသူတိုင္းရရွိခံစားရတယ္ဗ်ာ။

က်ေနာ္ သူ႔႐ိုးရွင္းမႈနဲ႔ အသြင္အျပင္ကို သေဘာက်တယ္။ သူ႔မွာ စိတ္အားထက္သန္မႈ ဉာဏ္ပညာ ရဲရင့္မႈ ခ်စ္ျခင္းေမတၱာ ေခါင္းေဆာင္ႏိုင္မႈေတြ ရွိတဲ့အျပင္ တျခားသူေတြကိုလည္း ျမႇင့္တင္ေပးႏိုင္စြမ္းရွိတယ္။



သူရွိေနရင္ တျခားအရာေတြပါ က်ေနာ္တန္ဖိုးထားတတ္လာသလို ေပါ့ပါးလြတ္လပ္တဲ့ ခံစားမႈလည္းရေစတယ္ေလ။

ပရက္စီလာဟာ က်ေနာ့္ကိုခုတုံးလုပ္ ႂကြားလုံးထုတ္ေမာ္ႂကြားမယ္လို႔ တစ္ခါမွမခံစားမိဘူး။ ဉာဏ္ရည္ဉာဏ္ေသြးျမင့္မားသလို စိတ္အရည္အေသြးလည္းျမင့္သူပါ။



သူက ဟားဗတ္တကၠသိုလ္က ေဆးပညာနဲ႔ဘြဲ႕ရလာသူဆိုတာလည္း လူႀကီးမင္းတို႔ေမ့မထားသင့္ပါဘူး။ လူအေတာ္အမ်ားမ်ား အဓိကယူၾကတဲ့ ေဆး ဥပေဒ စီးပြားေရးဘာသာရပ္ေတြနဲ႔ လူႀကီးမင္းဟာ တကၠသိုလ္ဝင္ခြင့္ ရႏိုင္ပါတယ္။ ဝင္ခြင့္ေအာင္တယ္ဆိုရင္ေတာင္ ထူးထူးခြၽန္ခြၽန္ဘြဲ႕ရဖို႔ေတာ့ မလြယ္ဘူးေလ။ အဲ့ဒီေတာ့ ကိုယ္ရည္ေသြးျပပါဆိုရင္ က်ေနာ့္ထက္ ပရက္စီယာကပိုေတာင္သာေနတယ္မလား။



အိမ္ေထာင္ေရးဆိုတာ ဖိနပ္တစ္ရံလိုပါ။ စီးတဲ့သူကလြဲ ဘယ္သူကမ်ား စီးလို႔ေကာင္းမေကာင္း သိဦးမွာလဲ။ သူသာ က်ေနာ့္အတြက္အသင့္ေတာ္ဆုံးျဖစ္ၿပီး သူသာကမာၻေပၚမွာ က်ေနာ့္ရဲ႕အေကာင္းဆုံးစံထားရမယ့္ ဘက္ညီတဲ့တစ္ျခမ္းပါ။

ပရက္စီလာနဲ႔စသိတာ ေရအိမ္အသြား လူအုပ္ၾကားမွာေပါ့။ သူ႔မ်က္လုံးထဲမွာ က်ေနာ္ဟာ ကိုယ့္အလုပ္ကိုပဲအာ႐ုံစိုက္တဲ့ ေၾကာင္စီစီလူတစ္ေယာက္ထက္ မပိုဘူး။



အဲ့ဒီအခိုက္အတန္႔ က်ေနာ့္ႏွလုံးသားက ေျပာလိုက္တယ္ “ဒါ ငါ့ဘဝလက္တြဲေဖၚ” လို႔ေပါ့။

လူႀကီးမင္းရဲ႕မ်က္လုံးထဲမွာ ပရက္စီလာက မလွဘူးေပါ့။ က်ေနာ့္မ်က္ဝန္းထဲေတာ့ က်ေနာ္နဲ႔ေရွ႕သြားေနာက္လိုက္အညီဆုံး မိန္းမလွတစ္ေယာက္ပါပဲ။



က်ေနာ္ကိုယ္တိုင္ ပရက္စီလာနဲ႔တြဲ႐ိုက္ထားတဲ့ဓါတ္ပုံေလးေတြမွာ သဘာဝက်ၿပီးေအးခ်မ္းတဲ့ ေပ်ာ္႐ႊင္မႈမ်ိဴးေပၚေနတာ ထိန္ခ်န္ထားလို႔ကိုမရပါဘူး။

“႐ိုးရွင္းမႈဟာ အလွတရားပါ”
မက္ဇူကာဘက္ (“ေဖ့စ္ဘြက္”ထူေထာင္သူ)




Post a Comment

Previous Post Next Post