(Unicode)


ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သား ၃ ဦးပိုင် ကုမ္ပဏီတစ်ခုဖြစ်သော H Double H Capital ကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ လမ်းဆောက်လုပ်ရေး ကန်ထရိုက်တစ်ခုကို လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်ဖော်ပြပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ မိုင်အရှည်ရှိသည့် လမ်းဆောက်လုပ်ရေးကန်ထရိုက်တစ်ခုကို နယ်စပ်ရေးရာဝန်ကြီးဌာနက H Double H Capital Co. Ltd သို့ ချထားပေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၏ သားသုံးယောက်ဖြစ်သည့် ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်၊ ဦးစိုးမင်းထွဋ်တို့က ဒါရိုက်တာများအဖြစ် ဆောင်ရွက်သော ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြထားပါတယ်။



Justice For Myanmar က ယင်းသို့ လမ်းကန်ထရိုက်ချထားပေးမှုကို အကျိုးစီးပွားပဋိပက္ခအဖြစ် ဝေဖန်ထားပြီး အခြား တပ်မတော်နှင့်ပတ်သက်သော ကန်ထရိုက်များအားလုံးကို အလုံးစုံထုတ်ပြန်ပေးရန် တောင်းဆိုထားပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက H Double H Capital ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားရာတွင် ကုမ္ပဏီသည် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရကာ Justice for Myanmar ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကုမ္ပဏီနှင့်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သူများ၏ သဘောထားမှတ်ချက် ရယူနိုင်ခြင်းမရှိပေ။



ရန်ကုန်ခေတ်သစ်သတင်းဌာန၏ လေ့လာချက်အရ H Double H Capital ကုမ္ပဏီသည် ကုမ္ပဏီအမှတ် 4475-2014-2015 ၊ Native Company Number 4475/2014-2015 ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ယင်းကုမ္ပဏီသည် လုပ်ငန်းအမျိုးအစား အားလုံးလုပ်ကိုင်ပြီး ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးဖြစ်သော ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်၊ ဦးစိုးမင်းထွဋ်တို့က ဒါရိုက်တာများအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အလားတူ Cherry Chapter Myanmar ကုမ္ပဏီကိုလည်း ကုမ္ပဏီမှတ်ပုံတင်အမှတ် 390-2015-2016(YGN)၊ Native Company Number 390/2015-2016(YGN) ဖြင့် ၂၀၁၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖျက်သိမ်းခဲ့ကြောင်း ၊ ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးက ဒါရိုက်တာများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

အလားတူပင် Strong Step ကုမ္ပဏီကိုလည်း ကုမ္ပဏီမှတ်ပုံတင်အမှတ် 560-2015-2016(YGN)၊ Native Company Number 560/2015-2016(YGN) ဖြင့် ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖျက်သိမ်းခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးက ဒါရိုက်တာများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။



ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသော ကိုယ်ရေးအကျဉ်းတွင် သား ၃ ဦးရှိပြီး ဦးမင်းသန်းထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း)၊ ဦးစိုးမင်းထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း)၊ ဦးစည်သူထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း) ဟု ဖော်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အနားယူသွားပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါတယ်။

တပ်မတော်သည် တပ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်ပြီး နိုင်ငံ၏ အချက်အချာကျသော စီးပွားရေးလုပ်ငန်းများကို နှစ်ကာလရှည်ကြာစွာ ချယ်လှယ်လုပ်ကိုင်နေခဲ့သည့် မှတ်တမ်းများရှိသဖြင့် အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို စစ်ဗိုလ်ချုပ်များ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချမှုများရှိသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက မကြာခဏ စွပ်စွဲလေ့ရှိသည်။



DICA ၏ အချက်အလက်များအရ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားသုံးဦးသည် Cherry Chapter Myanmar၊ Strong Step အမည်ရှိ ကုမ္ပဏီများ ထူထောင်လုပ်ကိုင်နေသည်ကိုလည်း တွေ့ရသည်။ အဆိုပါကုမ္ပဏီများသည် သတ္ထုတူးဖော်ရေး၊ ဓာတ်ငွေ့ထုတ်ယူရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ မြို့ပြအင်ဂျီနီယာ လုပ်ငန်းများနှင့် လက်လီလက်ကားရောင်းချရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင်သည်လည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူများအနက် တစ်ဦးဖြစ်ကာ ဦးပိုင်၏ လက်အောက်ခံကုမ္ပဏီ Myanmar Imperial Jade သည် ကျောက်စိမ်းလုပ်ငန်းလိုင်စင် အများဆုံးပိုင်ဆိုင်ထားသည်။ (KTM/MN)


(Zawgyi)



ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၏ သား ၃ ဦးပိုင္ ကုမၸဏီတစ္ခုျဖစ္ေသာ H Double H Capital ကုမၸဏီသည္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမွ လမ္းေဆာက္လုပ္ေရး ကန္ထ႐ိုက္တစ္ခုကို လုပ္ပိုင္ခြင့္ရရွိခဲ့ေၾကာင္း Justice for Myanmar က သတင္းထုတ္ျပန္ေဖာ္ျပပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ၂ မိုင္အရွည္ရွိသည့္ လမ္းေဆာက္လုပ္ေရးကန္ထ႐ိုက္တစ္ခုကို နယ္စပ္ေရးရာဝန္ႀကီးဌာနက H Double H Capital Co. Ltd သို႔ ခ်ထားေပးခဲ့ေၾကာင္း၊ အဆိုပါ ကုမၸဏီသည္ လက္ရွိ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၏ သားသုံးေယာက္ျဖစ္သည့္ ဦးမင္းသန္းထြဋ္၊ ဦးစည္သူထြဋ္၊ ဦးစိုးမင္းထြဋ္တို႔က ဒါ႐ိုက္တာမ်ားအျဖစ္ ေဆာင္႐ြက္ေသာ ကုမၸဏီျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။



Justice For Myanmar က ယင္းသို႔ လမ္းကန္ထ႐ိုက္ခ်ထားေပးမႈကို အက်ိဳးစီးပြားပဋိပကၡအျဖစ္ ေဝဖန္ထားၿပီး အျခား တပ္မေတာ္ႏွင့္ပတ္သက္ေသာ ကန္ထ႐ိုက္မ်ားအားလုံးကို အလုံးစုံထုတ္ျပန္ေပးရန္ ေတာင္းဆိုထားပါတယ္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက H Double H Capital ကုမၸဏီသို႔ ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားရာတြင္ ကုမၸဏီသည္ ဖ်က္သိမ္းခဲ့ၿပီးျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိရကာ Justice for Myanmar ၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ကုမၸဏီႏွင့္ဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ခဲ့သူမ်ား၏ သေဘာထားမွတ္ခ်က္ ရယူႏိုင္ျခင္းမရွိေပ။



ရန္ကုန္ေခတ္သစ္သတင္းဌာန၏ ေလ့လာခ်က္အရ H Double H Capital ကုမၸဏီသည္ ကုမၸဏီအမွတ္ 4475-2014-2015 ၊ Native Company Number 4475/2014-2015 ျဖင့္ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ မွတ္ပုံတင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္ေန႔တြင္ ဖ်က္သိမ္းခဲ့သည္။ ယင္းကုမၸဏီသည္ လုပ္ငန္းအမ်ိဳးအစား အားလုံးလုပ္ကိုင္ၿပီး ျပည္ထဲေရးဝန္ႀကီး၏ သား ၃ ဦးျဖစ္ေသာ ဦးမင္းသန္းထြဋ္၊ ဦးစည္သူထြဋ္၊ ဦးစိုးမင္းထြဋ္တို႔က ဒါ႐ိုက္တာမ်ားအျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။

အလားတူ Cherry Chapter Myanmar ကုမၸဏီကိုလည္း ကုမၸဏီမွတ္ပုံတင္အမွတ္ 390-2015-2016(YGN)၊ Native Company Number 390/2015-2016(YGN) ျဖင့္ ၂၀၁၅ ခုႏွစ္ ေမလ ၇ ရက္ေန႔တြင္ ထူေထာင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ေမလ ၇ ရက္ေန႔တြင္ ဖ်က္သိမ္းခဲ့ေၾကာင္း ၊ ျပည္ထဲေရးဝန္ႀကီး၏ သား ၃ ဦးက ဒါ႐ိုက္တာမ်ားအျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရပါတယ္။

အလားတူပင္ Strong Step ကုမၸဏီကိုလည္း ကုမၸဏီမွတ္ပုံတင္အမွတ္ 560-2015-2016(YGN)၊ Native Company Number 560/2015-2016(YGN) ျဖင့္ ၂၀၁၅ ခုႏွစ္ ေမလ ၁၉ ရက္ေန႔တြင္ ထူေထာင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ေမလ ၁၈ ရက္ေန႔တြင္ ဖ်က္သိမ္းခဲ့ေၾကာင္း၊ ျပည္ထဲေရးဝန္ႀကီး၏ သား ၃ ဦးက ဒါ႐ိုက္တာမ်ားအျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။



ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၏ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္ျပထားေသာ ကိုယ္ေရးအက်ဥ္းတြင္ သား ၃ ဦးရွိၿပီး ဦးမင္းသန္းထြဋ္(ေဆာက္လုပ္ေရးႏွင့္ခရီးသြားလုပ္ငန္း)၊ ဦးစိုးမင္းထြဋ္(ေဆာက္လုပ္ေရးႏွင့္ခရီးသြားလုပ္ငန္း)၊ ဦးစည္သူထြဋ္(ေဆာက္လုပ္ေရးႏွင့္ခရီးသြားလုပ္ငန္း) ဟု ေဖာ္ျပထားပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ အနားယူသြားၿပီးေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္သည္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ျပည္ထဲေရးဝန္ႀကီးအျဖစ္ စတင္တာဝန္ထမ္းေဆာင္ျခင္းျဖစ္ပါတယ္။

တပ္မေတာ္သည္ တပ္ပိုင္စီးပြားေရးလုပ္ငန္းထူေထာင္ၿပီး ႏိုင္ငံ၏ အခ်က္အခ်ာက်ေသာ စီးပြားေရးလုပ္ငန္းမ်ားကို ႏွစ္ကာလရွည္ၾကာစြာ ခ်ယ္လွယ္လုပ္ကိုင္ေနခဲ့သည့္ မွတ္တမ္းမ်ားရွိသျဖင့္ အစိုးရ၏ စီးပြားေရးလုပ္ငန္းမ်ားကို စစ္ဗိုလ္ခ်ဳပ္မ်ား၏ ကိုယ္ပိုင္အက်ိဳးစီးပြားအတြက္ အသုံးခ်မႈမ်ားရွိသည္ဟု ႏိုင္ငံတကာလူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာသူမ်ားက မၾကာခဏ စြပ္စြဲေလ့ရွိသည္။



DICA ၏ အခ်က္အလက္မ်ားအရ ဒုဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၏ သားသုံးဦးသည္ Cherry Chapter Myanmar၊ Strong Step အမည္ရွိ ကုမၸဏီမ်ား ထူေထာင္လုပ္ကိုင္ေနသည္ကိုလည္း ေတြ႕ရသည္။ အဆိုပါကုမၸဏီမ်ားသည္ သတၳဳတူးေဖာ္ေရး၊ ဓာတ္ေငြ႕ထုတ္ယူေရး၊ ေဆာက္လုပ္ေရး၊ ခရီးသြားလုပ္ငန္း၊ သစ္ထုတ္လုပ္ေရး၊ ကုန္ပစၥည္းထုတ္လုပ္ေရး၊ ၿမိဳ႕ျပအင္ဂ်ီနီယာ လုပ္ငန္းမ်ားႏွင့္ လက္လီလက္ကားေရာင္းခ်ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသည္။

ဒုဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကိုယ္တိုင္သည္လည္း တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ (MEHL) တြင္ ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားသူမ်ားအနက္ တစ္ဦးျဖစ္ကာ ဦးပိုင္၏ လက္ေအာက္ခံကုမၸဏီ Myanmar Imperial Jade သည္ ေက်ာက္စိမ္းလုပ္ငန္းလိုင္စင္ အမ်ားဆုံးပိုင္ဆိုင္ထားသည္။ (KTM/MN)

Post a Comment

Previous Post Next Post