(Zawgyi)


သ႐ုပ္ ေဆာင္ သီဟတင္စိုး မွာ အိမ္အကူျဖစ္သူ ခင္မာျမင့္ အား သားမယားျပဳ က်င့္ခဲ့သည္ ဟုဆို ကာ ဇူလိုင္ လ ၁၄ ရက္ က တိုင္တန္းခံ ရသျဖင့္ သုဝဏ ၰနယ္ေျမရဲစခန္း မွ (ပ)၃၈၆/ ၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ျဖင့္ အမႈ ဖြင့္ ေဆာင္႐ြက္ ခဲ့ေၾကာင္း၊ အိမ္ အကူ ခင္မာျမင့္ မွာ စားဝတ္ေနေရး အခက္ အခဲေၾကာင့္ ပြဲစားျဖစ္ သူ ေဒၚညိဳ၏ အဆက္ သြယ္ျဖင့္ သီဟတင္စိုး အိမ္ တြင္ ဇူလိုင္လ (၅)ရက္ က အလုပ္စ ဝင္ ခဲ့ေၾကာင္း သိရသည္ ။

ထိုသို႔လုပ္ ကိုင္စဥ္ ပြဲစား ေဒၚညိဳ မွ ဇနီးျဖစ္ သူ ေဒၚဇင္မာဦး မရွိစဥ္ သီဟတင္စိုး မွ သားမယား ျပဳက်င့္ခဲ့ သည္ ဟု လိမ္ ညာေျပာဆိုၿပီး အ မႈဖြင့္ ရန္ သင္ေပး ခဲ့ေၾကာင္း၊ နစ္နာ မႈအတြက္ ေငြက်ပ္ သိန္း (၁၀၀) ႏွင့္ ညႇိႏႈိင္းေသာ္ လည္း အဆင္မေျပသျဖင့္ ရဲစခန္း သို႔ သြားေရာက္ တိုင္တန္း ခဲ့ေၾကာင္း သိရ သည္။ ယင္းသို႔ တိုင္တန္း သျဖင့္ သ႐ုပ္ေဆာင္ သီဟတင္စိုး မွ အိမ္အကူေဒၚခင္မာျမင့္ႏွင့္ ပြဲစားအမ်ိဳးသမီး တို႔ အား ျပန္လွန္ အမႈဖြင့္ တိုင္တန္း ခဲ့ျခင္းျဖစ္သည္။

သ႐ုပ္ေဆာင္ သီဟတင္စိုး အား ေငြေၾကးေျခာက္လွန႔္ ေတာင္းယူမႈေၾကာင့္ ပုဒ္မႏွစ္ခုျဖင့္ တရားစြဲဆို ခံထားရ သည့္ အိမ္ အကူ ေဒၚခင္ မာျမင့္ အား သဃၤန္းကြၽန္း တရား႐ုံး မွ ေထာင္ဒဏ္ ခုနစ္ႏွစ္ က်ခံေစ ရန္ အမိန႔္ခ်ခဲ့ သည္။ ထို႔ျပင္ ပြဲစားအမ်ိဳးသမီးအား သဃၤန္းကြၽန္း တရား႐ုံးမွ ပုဒ္မ ၃၈၉ ျဖင့္ ေထာင္ဒဏ္ ခုနစ္ႏွစ္ ခ်မွတ္ခဲ့သည္။ ဇူလိုင္ (၃၀) ရက္ တြင္ သဃၤန္းကြၽန္း ၿမိဳ႕နယ္ တရား႐ုံး မွ အိမ္ အကူ ေဒၚခင္မာျမင့္ အား ပုဒ္မ (၂၁၁) (နစ္နာေစရန္ ရည္႐ြယ္ ၍ ျပစ္မႈက်ဳးလြန္ သည္ဟု မမွန္ မကန္ စြပ္စြဲျခင္း) ျဖင့္။




ေထာင္ ဒဏ္ (၂)ႏွစ္ ခ်မွတ္ ခဲ့ၿပီး ပုဒ္မ ၃၈၉ (ေျခာက္လွန႔္ေတာင္း ယူမႈကို က်ဳးလြန္ရန္ တစ္ဦးတစ္ေယာက္ေသာသူအား ျပစ္မႈတစ္ခုျဖင့္ စြပ္စြဲမည္ ဟု ေၾကာက္ေအာင္ျပဳျခင္း) အတြက္ ေထာင္ဒဏ္ ၅ ႏွစ္ စုစုေပါင္း ၇ ႏွစ္ က်ခံ ရန္ အမိန႔္ခ်မွတ္ ခဲ့သည္။

Crd: Eleven media


(Unicode0


သရုပ် ဆောင် သီဟတင်စိုး မှာ အိမ်အကူဖြစ်သူ ခင်မာမြင့် အား သားမယားပြု ကျင့်ခဲ့သည် ဟုဆို ကာ ဇူလိုင် လ ၁၄ ရက် က တိုင်တန်းခံ ရသဖြင့် သုဝဏ ္ဏနယ်မြေရဲစခန်း မှ (ပ)၃၈၆/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှု ဖွင့် ဆောင်ရွက် ခဲ့ကြောင်း၊ အိမ် အကူ ခင်မာမြင့် မှာ စားဝတ်နေရေး အခက် အခဲကြောင့် ပွဲစားဖြစ် သူ ဒေါ်ညို၏ အဆက် သွယ်ဖြင့် သီဟတင်စိုး အိမ် တွင် ဇူလိုင်လ (၅)ရက် က အလုပ်စ ဝင် ခဲ့ကြောင်း သိရသည် ။

ထိုသို့လုပ် ကိုင်စဉ် ပွဲစား ဒေါ်ညို မှ ဇနီးဖြစ် သူ ဒေါ်ဇင်မာဦး မရှိစဉ် သီဟတင်စိုး မှ သားမယား ပြုကျင့်ခဲ့ သည် ဟု လိမ် ညာပြောဆိုပြီး အ မှုဖွင့် ရန် သင်ပေး ခဲ့ကြောင်း၊ နစ်နာ မှုအတွက် ငွေကျပ် သိန်း (၁၀၀) နှင့် ညှိနှိုင်းသော် လည်း အဆင်မပြေသဖြင့် ရဲစခန်း သို့ သွားရောက် တိုင်တန်း ခဲ့ကြောင်း သိရ သည်။ ယင်းသို့ တိုင်တန်း သဖြင့် သရုပ်ဆောင် သီဟတင်စိုး မှ အိမ်အကူဒေါ်ခင်မာမြင့်နှင့် ပွဲစားအမျိုးသမီး တို့ အား ပြန်လှန် အမှုဖွင့် တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုး အား ငွေကြေးခြောက်လှန့် တောင်းယူမှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ခံထားရ သည့် အိမ် အကူ ဒေါ်ခင် မာမြင့် အား သင်္ဃန်းကျွန်း တရားရုံး မှ ထောင်ဒဏ် ခုနစ်နှစ် ကျခံစေ ရန် အမိန့်ချခဲ့ သည်။ ထို့ပြင် ပွဲစားအမျိုးသမီးအား သင်္ဃန်းကျွန်း တရားရုံးမှ ပုဒ်မ ၃၈၉ ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ ဇူလိုင် (၃၀) ရက် တွင် သင်္ဃန်းကျွန်း မြို့နယ် တရားရုံး မှ အိမ် အကူ ဒေါ်ခင်မာမြင့် အား ပုဒ်မ (၂၁၁) (နစ်နာစေရန် ရည်ရွယ် ၍ ပြစ်မှုကျုးလွန် သည်ဟု မမှန် မကန် စွပ်စွဲခြင်း) ဖြင့်။

ထောင် ဒဏ် (၂)နှစ် ချမှတ် ခဲ့ပြီး ပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်း ယူမှုကို ကျုးလွန်ရန် တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုဖြင့် စွပ်စွဲမည် ဟု ကြောက်အောင်ပြုခြင်း) အတွက် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၇ နှစ် ကျခံ ရန် အမိန့်ချမှတ် ခဲ့သည်။

Crd: Eleven media

Post a Comment

Previous Post Next Post