မိုးက မသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည် ။ ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲ သွားရမှာ စိတ်လေးနေမိသည် ။ အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည် ။

ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကို ငဲ့ကာ ကျောင်းထွက်ပြီးး မှော်ထဲ အရင် ရောက်နှင့်သူ ။ ခုတော့ ဆေးသမား ဖြစ်နေရှာပြီလေ ။

မှော်ထဲက မသွားလို့ မဖြစ် ၊ ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီးး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်က ရှိသေးသည် ။ ကိုဗစ် ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်း နေတာ ကျွန်တော် သိသည် ။



ခုရက်ပိုင်းး ကျောက်ကောင်းတွေက ရနေတော့ လက်လွတ် မခံချင် ။ ကော်ဖီမစ် တစ်ခွက် သောက်ပြီးး သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ “ဂွမ်းး.” ရုတ်တရက် ဆိုသလိုပဲ ကျွန်တော် ကော်ဖီမစ်ခွက်လေး မတော်တဆ ကျကွဲသွားသည် ။ စိတ်လေးနေရတဲ့ ကြားထဲ ခွက်လေးကွဲသွားတော့ အိမ်ကမိသားစုတွက် စိတ်ပူမိ၏ ။

အမေနေများး ကောင်းရဲ့လားး ။ ဖုန်းနံပါတ်တွေ စီသို့ လက်ကလေး အလိုလို ရောက်မိသား ဖြစ်သွားသည်။ ” ဟဲလို… အမေ. သားး” ” အမေ နေကောင်းလား” အမေက နေကောင်းကြောင်းးး သားတို့ ညီအကို နှစ်ယောက် အမြန်ပြန်လာဖို့ အကြောင်းနဲ့ ဗေဒင် မေးကြည့်တာ သား ဇာတာ မကောင်းး ကြောင်းး ရွာမှာ မရှိ ရှိတာ လုပ်စားမယ့် အကြောင်း တတွတ်တွတ်မှာသည်။

” သားး ဒီတစ်ကျော ရှာပြီးရင် ပြန်လာမှာ အမေရဲ့” ” ဘာမှ စိတ်မပူနဲ့နော် အမေ ၊ သားကော ကိုကြီးကော အတူတူ ပြန်လာမှာ ” အမေက ငိုနေသည်။

အမေနဲ့ ဆက်ပြောနှိုင်စွမ်း မရှိတာနဲ့ ညီလေးနဲ့ ညီမလေး ကို ဖုန်းပေးခိုင်းလိုက်သည် ။ ညီလေးက ဂိမ်းကစားဖို့ ဖုန်းဝယ်ပေးဖို့နှင့် ညီမလေးက စက်ဘီး ပူစာသည် ။



ကိုကြီးပြန်လာရင် ဝယ်ပေးမယ် ဆိုတဲ့ အကြောင်းး ပြောပြီးး ညီလေး ညီမလေးအား အာဘွား ပေးခဲ့ သေးသည်။ အိပ်ယာထဲမှ ကိုကြီးကို – ” ကိုကြီးး ညီလေးး မှော်ထဲ သွားတော့မယ်နော်” ကိုကြီးက ညီလေးး နားပါဦးလားး လှမ်းပြောသေးသည် ။

နားမရဘူးး ကိုကြီးရေ ဒီရက်ပိုင်း ကျောက်ကောင်းတွေ ထွက်နေပြီလေ ။ ဒီတစ်ကျော ရှာပြီးရင် ညီလေးကော ကိုကြီးကော အတူတူ ပြန်နားကြမယ်လို့ စိတ်ထဲက ပြောမိသည် ။ ! အော်. ချစ်သူစီ စာပို့ရအုံးမယ် ။

📲 မောနင်းးပါ ချစ် ။ အကို မှော်ထဲ သွားတော့မယ်နော် ။
📲 ကြည့်စမ်းး ကောင်မလေးး ခုထိ မနိုးသေးဘူးး အိပ်ပုတ် 😁😁😁 ကျွန်တော်က ကျွန်တော့်ကောင်မလေးကို အရမ်းချစ်တာ ။ သူကလဲ ကျွန်တော့်ကို ချစ်တယ် ။ ” သူငယ်ချင်းရေ သွားရအောင်” သူငယ်ချင်းအား အော်ခေါ်ရင်းး သူငယ်ချင်းး နှစ်ယောက် အတူ ထွက်ခဲ့ သည် ။

မှော်ထဲ ရောက်တော့ ကျွန်တော်တို့ နောက်ကျ နေပြီ ။ ဒီနေရာ က ကျောက်လဲရ ကျောက်ကောင်းလဲ ထွက်ဆိုတော့ အောက်ထဲမှာတင် လူ နှစ်ရာ ကျော် ရောက်နှင့်နေပြီ ။ မိုးကလဲ ရွာကောင်းတုန်းး ။

သူငယ်ချင်းး နှစ်ယောက် အိမ်မက်ကိုယ်စီဖြင့် တွင်းထဲသို့ ဆင်းးရှာတုန်းး ထိုအချိန်တွင် ” ပြေးဟေ့! ပြေး ပြေး” အသံတစ်ခု သဲ့သဲ့ ကြားလိုက်မိသည် ။ ================



” ဟေးးး အားဒီ ဒီနေ့ ကျောက်တွေ အများကြီးး ရတယ်ဟ ” လို့ သူငယ်ချင်းကို အော်ပြောမိသည်။ သူငယ်ချင်းကလဲ သူလဲ ရကြောင်း လက်မထောင်ပြသည် ။ မှော်ထဲက လူ နှစ်ရာကျော် အကုန်လုံးး အပြုံးလေးတွေ ကိုယ်စီဖြင့် ။ သူငယ်ချင်း အားဒီက လှမ်းအော်သေးသည် ။

” ငါတို့ လော်ပန်းဖြစ်ပြီကွ” လို့ ကျွန်တော်လဲ ဒါလေးက အမေ့တွက် ကျောက်စိမ်းလက်ကောက်လေးး ၊ ဒါလေးက ချစ်သူတွက် လည်ဆွဲသီးလေး ဆိုပြီးး သက်သက်ဖယ်ထားပြီး အရမ်းပျော်နေမိပြီ ။

ရသင့်သလောက်လဲ ရပြီးပီမို့ သူငယ်ချင်းအားး ခေါ်ကာ ပြန်ခဲ့ကြပြီ ။ မိုးက မသည်းပေမယ့် တစ်စိမ့်စိမ့် ကျတုန်းးး ရှေ့မှာ ငိုသံ သဲ့သဲ့ ကြားနေရသည်။ အနားနီးလာတော့ ငိုသံကို ပီပြင်စွာကြားလာရသည် ။ ငိုသံက ” ကိုကြီးး ငိုသံ ၊ ကိုကြီးး ငိုသံ ” ကျွန်တော် ကိုကြီးအား စိတ်ပူစွာဖြင့် အပြေးအလွှား သွားမိ၏ ကိုကြီးသည် ရုပ်အလောင်းး တစ်ခုအားး ဖတ်ငိုနေသည် ။ ဘေးမှာ သူငယ်ချင်းး အားဒီ ရဲ့ ရုပ်အလောင်းး ။

သေသေချာချာ ကြည့်လိုက်တော့ ကိုကြီး ဖတ်ထားသည်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ဖြစ်နေသည် ။ ” အာ! ဘာတွေလဲ ဘာတွေလဲ” သူငယ်ချင်း အားဒီက ကျွန်တော့ လက်ကလေး ဆုတ်ကာ လာပြောသည် ။ ” ငါတို့ ပါသွားပြီ” တဲ့ ။ =============

ကျွန်တော် အသံမထွက်နှိုင်အောင်ပင် အလွန်ဝမ်းနည်းး သွားမိ၏ ၊ ဒူးထောက်ကာ ရှိုက်ကြီးး တငင်ငင် ငိုနေမိ သည် ။ ကျွန်တော့်ရဲ့ လောပန်းလောင်း အိမ်မက်တွေ ဘယ်ရောက်ကုန်ပြီလဲ ။ ဒါဆို ဒီကျောက်စိမ်းတွေက ငါတို့ အရိုးတွေပေါ့ ။ ငါတို့ အရိုးတွေပေါ့ ။ ကျွန်တော် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ ကျောက်စိမ်းတုန်းတွေကို ဦးတည်ရာမဲ့ လွင့်ပစ်နေမိသည် ။ ”

ဒါ ကျောက်စိမ်းတွေ မဟုတ်ဘူးး အရိုးတွေ အရိုးး တွေ” ဟု ပါးစပ်ကလဲ ပြောမိသေးသည် ။ လွင့်ပစ်သည့် ကျောက်စိမ်းတုန်းတွေထဲမှာတော့ အမေတွက် လက်ကောက် လုပ်ပေးရန်နှင့် ချစ်သူတွက် လည်ဆွဲသီးလေး မပါ ။

ကိုကြီးး ကျွန်တော့ ရုပ်အလောင်းး ဖတ်ကာငိုတုန်းး ။ အန္တယ် ရာယ် များမှန်းသိရဲ့နဲ့ ဘာလို့ လိုက်လာတာလဲ ညီလေးရယ်တဲ့ ။ ညီလေးး ကိုကြီးနောက် လိုက်လာလို့ ဒီလို ဖြစ်ရတာတဲ့ ။ ကျွန်တော် ကိုကြီးဘေးနား ဒူးထောက်ထိုင်ချလိုက်သည်။ ကိုကြီးရယ်… သေမင်းနဲ့ နီးမှန်း သိပေမယ့် အိမ်မက်နဲ့လဲ နီးတာမို့ ညီလေးး ဒီလမ်းကို ရွေးခြယ်မိတာပါ။

စွန့်ပစ် မြေဇာပုံ ဆိုတာ မပြို လဲ အောင် ထိန်းထားရတဲ့ အသက်ငင်နေတဲ့ တောင် တစ်တောင် ဆိုတာ ညီလေးး သိပါတယ် ။ ရေမဆေး ကျောက်တစ်တုံးဟာ အရိုးယောင် ဆောင်ထားတဲ့ အသားတုံးး တစ်တုံးး ဖြစ်နှိုင်တယ် ဆိုတဲ့ ရေမဆေး သမားတွေရဲ့ မျှော်လင့်ချက်နဲ့ ညီလေးး လာခဲ့တာပါ ။

အမှိုက်ပုံပေါ်က ခွေးတွေ ဟာ စားကြွင်းစားကျန် ရှာရသလို မြေဇာပုံ ပေါ်က ညီလေးတို့ ဘဝဟာလည်း ကျောက်ကြွင်းကျောက်ကျန် ရှာရမှာပဲ အကို။ သေမင်းနဲ့ နီးပေမယ့် အိမ်မက်နဲ့လဲ နီးတာမို့ ညီလေးး ဒီလမ်းကို ရွေးခဲ့ မိတာပါ ကိုကြီးရယ် ။ ကိုကြီးးဘေးမှာ ဒူးထောက်ပြီးး ကျွန်တော် ပြောနေမိသည် ။ ဒါပေမယ့် ကျွန်တော်ပြောတာတွေ ကိုကြီးမကြား နှိုင်တော့ ပါ ။ ===========

ကျွန်တော့် ရုပ်အလောင်း ဘေးမှ အန်တီကြီးး သူ့သား အလောင်းအားး ဖွေ့ဖတ်ကာ ” သားးး ဖေကောင်း မေကောင်းး ရှာနော်” ” သားးး ဖေကောင်း မေကောင်း ရှာနော်” ” နောင်ဘဝ အမေတို့စီ ပြန်မလာနဲ့တော့ နော်” တဲ့ ။ ကျွန်တော် အလွန် ဝမ်းနည်းသွားမိသည်။

အမေ့ကိုလဲ သတိရမိ သွားသည်။ အမေ… သား သတင်းကြားရင် အမေ မငိုနဲ့ နော် ။ လယ်တွေသိမ်းလို့ ဆန္ဒ ပြရင်းး ထောင်ထဲ ရောက်နေတဲ့ အဖေ့ကိုလဲ ပြောပေးပါ ။ သား သတိရပါတယ်လို့ ။ သားကို ဒီအရွယ်ထိ ပြုစုပြိုးထောင်ပေးတဲ့ အဖေ အမေ တို့ ကျေးဇူးကို မမေ့ပါဘူးးး သား ပြန်လာခဲ့မယ်နော် အမေ ။ သားကို မနှင်ပါနဲ့ နော် ။

နော် အမေ. နော် ။ သားပြောတာတွေ အမေကြား နှိုင်ပါစေနော် ။ ကျွန်တော် ဘယ်လောက်ကြာကြာ ငိုနေမိမှန်းး မသိ ။ သူငယ်ချင်းက ပခုံးလေး လာပုတ်မှ သတိရမိသည် ။ အခုတော့ လွမ်းရေးထက် ဝမ်းရေးခတ်မို့ ချစ်သူနဲ့ လဲ ဘဝခြားခဲ့ပြီ ။ တောင်တန်းတွေလည်း ပျောက်ခဲ့ပြီ ၊ ဥရုချောင်းကြီးလည်းနှောက်ခဲ့ပြီ၊စမ်းချောင်းတွေလည်းပျောက်ကုန်ပြီလေ။

သေဘေးကို ခြေဖျားမှာထား ရေမဆေးရှာစားနေရတဲ့ ဘဝတွေ ခဗျားတို့ကတော့ ရေခြားမြေခြား အနေခြားတဲ့ ကောင်တွေနဲ့ဝေစားနေကြတာ၊ လိုခြင်တာဘဲသိပြီးပေးရကောင်းမှန်းမသိတဲ့လူတစ်စု ကြောင့် တောင်တန်းတွေလည်း ရေကန်ဖြစ်ကုန်ပါ ပီလေ၊ မထူးတော့ပါဘူး တနေ့တော့ထူးခြားရမှာပါလေဆိုတဲ့ ရေမဆေးတွေဘဲ မြေစာပင် ဖြစ်ခဲ့ရလေပြီ။

ကျွန်တော်တို့ ရုပ်အလောင်းများကို ကူညီ ကယ်ဆယ်ပေးသော မြန်မာနှိုင်ငံ မီးသက်တပ်ဖွဲ့ဝင်များး ၊ တပ်မတော် သားများး ၊ ရဲ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဘဝတူ ရေမဆေး သမားများကို ကျေးဇူးး အထူးတင်ပါတယ်လို့ တမလွန်ကနေ ပြောပါရစေ ။ =================

ဘယ်အချိန်ထိ တွေဝေနေမိမှန်း မသိ ။ သူငယ်ချင်းက ပုံးခုံးလေး လာဖတ်ပြီး ပြောမှ သတိရမိသည် ။ ငါ့တို့တွေ ကိုယ့်အရိုး ကိုယ် ပြန်တူးနေတဲ့ ဘဝ ကြီးကနေ လွတ်ခဲ့တာပေါ့ ကွာ တဲ့ ။ ကျွန်တော် ရှိုက်သံ တစ်ချက် ထွက် လာမိသည် ။ ” ဟုတ်တယ် ငါ ကို့အရိုး ကိုယ်ပြန်တူးတဲ့ ဘဝက လွတ်ခဲ့တာ ” ” ကို့အရိုးး ကိုယ်ပြန်တူးးတဲ့ ဘဝက လွတ်ခဲ့တာ ဟေးးးး” လို့ ဖားကန့်တခွင်လုံးး ကြားအောင် အော်လိုက်မိသည် ။ သြော်…… ဒါ ဒို့ပြည် ဒါ ဒို့မြေ လေ ။

ရတုကဗျာ

Post a Comment

Previous Post Next Post