(Unicode)

သရုပ်ဆောင်ထက်ထက်မိုးဦးကတော့ တချိန်က ကြော်ငြာဘုရင်မလို့တင်စားရလောက်အောင် ထင်ရှားခဲ့တဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်သလိုအကယ်ဒမီဆုတွေကိုလည်း အလီလီဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးမှန်းပရိသတ်ကြီးသိရှိကြမှာပါ။ ယခုအချိန်မှာတော့ မထက်တစ်ယောက် သေချင်လောက်အောင်စိတ်ဓာတ်ကျနေပြီး အရာရာကို လက်လျှော့လိုက်ချင်ပြီလို့ ပြောဆိုလာခဲ့တာပါ။


ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူနဲ့ သူမအတွက် Ve Ve Company ကသိန်း ၁၀၀ ထောက်ပံ့ပေးတဲ့ အခမ်းအနားမှာ ဒီလိုပြောကြားခဲ့တာဖြစ်ပြီး သူမအနေနဲ့ အခုလိုခက်ခဲနေချိန်မှာတချိန်က ကြော်ငြာတွေနဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ Ve Ve က အခုလိုထောက်ပံ့ပေးတာကို ဝမ်းသာမိတယ်လို့လည်းဆိုပါတယ်။မထက်က အခုလက်ရှိသူမရဲ့ကျန်းမာရေးအခြေအနေကို



“အခုဗိုက်ခွဲထားတဲ့ဒဏ်ရာကတော့ မသက်သာသေးပါဘူး။နောက် ၂ ရက် ၃ ရက်နေရင် ပြန်ပြရမှာပေါ့။ကောင်းကောင်းအနားမယူလို့ လို့တော့ ဆရာမကပြောပါတယ်။ခွဲစိတ်ပြီးသွားရင် ၂ လလောက်တောနားသင့်တယ်ပေါ့။ကိုယ်ကမနားပဲ ချက်ချင်းအလုပ်ထဲဝင်တယ်…ပြီးတော့ အနာကြီးရှိရဲ့သားနဲ့ လည်း လိမ့်ကျသွားတယ်ဆိုတော့ အဲ့လို အတွင်းချုပ်ရိုးတွေက မကောင်းသေးဘူးပေါ့ ” လို့ဖွင့်ဟ လာခဲ့ပါတယ်။”မင်းသမီးတွေလဲအများကြီးပဲ ကိုယ့်လို နှလုံးခွဲရတယ်ဆိုတာမရှိဘူး။လည်ပင်းခွဲလိုက်ရတယ်ဆိုတာလည်းမရှိဘူး။ကျန်တဲ့သူတွေလည်း အများကြီးပဲ ကိုယ့်လို ဗိုက်ကို ခဏခဏခွဲရတယ်ဆိုတာမရှိဘူး…. အော်ငါကျမှ ဖြစ်တာပဲလားပေါ့နော်…. တခါတလေကျရင် လူ့ဘဝကြီးမှာဆက်ပြီးတော့ မလျှောက်ချင်တော့ဘူးလို့ ခဏခဏပဲတွေးမိတယ် ဒီလောကကြီးမှာဆက် မ လျှောက်ချင် တော့ဘူးလို့ ခဏခဏ တွေးမိတယ်။ပိုက်ဆံ တစ်ခုတည်း ခက်ခဲတာမဟုတ်ပါဘူး.ကျန်တဲ့အရာတွေ အကုန်လုံးကလည်းအများကြီးပဲ ခက်ခဲတယ်”ဆိုပြီးရင်ထဲက ခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပါ။



“ကိုယ်ဘယ်လောက်ပဲကောင်းနေနေ ဘယ်တော့မှလည်းအကောင်းပြောမခံရဘူး…. တခါတလေတော့လည်း ဝမ်းနည်းတာပေါ့။စိတ်ဓာတ်လည်းအရမ်းကျတယ်။ငယ်တုန်းကတော့ မိဘနဲ့တူတူမနေရဘူး ဟိုလူ့နားပြေးကပ်လိုက်ဒီလူ့နားပြေးကပ်လိုက်နဲ့တခါတလေ အဖေ့ကိုလည်းစိတ်မကောင်းဘူး ငယ်ငယ်တုန်းကတော့ ပစ်ထားပြီးတော့မှ အခုကျတော့ အကုန်လုံးက ခါးစည်းပြီး ကိုယ်တစ်ယောက်တည်းခံရတယ်ဆိုတော့ စိတ်မကောင်းဘူး…ဒါမဲ့ မိဘနဲ့သားသမီး ဆိုတော့ အကောင်းဆုံးတော့ အဖေ့ကိုမရှိတာရှိတာ အကုန်လုပ်ပေးမယ်လို့ တော့ စိတ်အားတင်းပြီးနေတာပဲ…. တကယ်ကျတော့ စိတ်ဓာတ်ကျပြီး လူတောထဲလည်းမသွားချင်လောက်အောင် ဖြစ်နေပြီလို့ ဆိုလာခဲ့တာပါ။



သူမအတွက် သူမပရိသတ်တွေကသာ အားတင်းစရာဖြစ်တာမို့ သူမကိုဆက်ချစ် ဆက်အားပေးပေးပါ လို့လည်းတောင်းဆိုသွားခဲ့ပါသေးတယ်။ဒါကတော့ ထက်ထက်မိုးဦးတစ်ယောက် စိတ်ဓာတ်ကျပြီး ဝမ်းနည်းစွာနဲ့ ပြောကြားလာတဲ့ စကားသံတွေကို ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။အားလုံးပဲ မထက်ကို ချစ်ကြသေးရင် အားပေးစကားလေးပြောပေးခဲ့ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်နေ်ာ။


(Zawgyi)

သ႐ုပ္ေဆာင္ထက္ထက္မိုးဦးကေတာ့ တခ်ိန္က ေၾကာ္ျငာဘုရင္မလို႔တင္စားရေလာက္ေအာင္ ထင္ရွားခဲ့တဲ့ ႏိုင္ငံေက်ာ္မင္းသမီးတစ္လက္ျဖစ္သလိုအကယ္ဒမီဆုေတြကိုလည္း အလီလီဆြတ္ခူးႏိုင္ခဲ့တဲ့ မင္းသမီးတစ္ဦးမွန္းပရိသတ္ႀကီးသိရွိၾကမွာပါ။ ယခုအခ်ိန္မွာေတာ့ မထက္တစ္ေယာက္ ေသခ်င္ေလာက္ေအာင္စိတ္ဓာတ္က်ေနၿပီး အရာရာကို လက္ေလွ်ာ့လိုက္ခ်င္ၿပီလို႔ ေျပာဆိုလာခဲ့တာပါ။


ထက္ထက္မိုးဦးရဲ႕ ဖခင္ျဖစ္သူနဲ႔ သူမအတြက္ Ve Ve Company ကသိန္း ၁၀၀ ေထာက္ပံ့ေပးတဲ့ အခမ္းအနားမွာ ဒီလိုေျပာၾကားခဲ့တာျဖစ္ၿပီး သူမအေနနဲ႔ အခုလိုခက္ခဲေနခ်ိန္မွာတခ်ိန္က ေၾကာ္ျငာေတြနဲ႔ အတူတြဲဖက္လုပ္ကိုင္ခဲ့ဖူးတဲ့ Ve Ve က အခုလိုေထာက္ပံ့ေပးတာကို ဝမ္းသာမိတယ္လို႔လည္းဆိုပါတယ္။မထက္က အခုလက္ရွိသူမရဲ႕က်န္းမာေရးအေျခအေနကို



“အခုဗိုက္ခြဲထားတဲ့ဒဏ္ရာကေတာ့ မသက္သာေသးပါဘူး။ေနာက္ ၂ ရက္ ၃ ရက္ေနရင္ ျပန္ျပရမွာေပါ့။ေကာင္းေကာင္းအနားမယူလို႔ လို႔ေတာ့ ဆရာမကေျပာပါတယ္။ခြဲစိတ္ၿပီးသြားရင္ ၂ လေလာက္ေတာနားသင့္တယ္ေပါ့။ကိုယ္ကမနားပဲ ခ်က္ခ်င္းအလုပ္ထဲဝင္တယ္…ၿပီးေတာ့ အနာႀကီးရွိရဲ႕သားနဲ႔ လည္း လိမ့္က်သြားတယ္ဆိုေတာ့ အဲ့လို အတြင္းခ်ဳပ္႐ိုးေတြက မေကာင္းေသးဘူးေပါ့ ” လို႔ဖြင့္ဟ လာခဲ့ပါတယ္။”မင္းသမီးေတြလဲအမ်ားႀကီးပဲ ကိုယ့္လို ႏွလုံးခြဲရတယ္ဆိုတာမရွိဘူး။လည္ပင္းခြဲလိုက္ရတယ္ဆိုတာလည္းမရွိဘူး။က်န္တဲ့သူေတြလည္း အမ်ားႀကီးပဲ ကိုယ့္လို ဗိုက္ကို ခဏခဏခြဲရတယ္ဆိုတာမရွိဘူး…. ေအာ္ငါက်မွ ျဖစ္တာပဲလားေပါ့ေနာ္…. တခါတေလက်ရင္ လူ႔ဘဝႀကီးမွာဆက္ၿပီးေတာ့ မေလွ်ာက္ခ်င္ေတာ့ဘူးလို႔ ခဏခဏပဲေတြးမိတယ္ ဒီေလာကႀကီးမွာဆက္ မ ေလွ်ာက္ခ်င္ ေတာ့ဘူးလို႔ ခဏခဏ ေတြးမိတယ္။ပိုက္ဆံ တစ္ခုတည္း ခက္ခဲတာမဟုတ္ပါဘူး.က်န္တဲ့အရာေတြ အကုန္လုံးကလည္းအမ်ားႀကီးပဲ ခက္ခဲတယ္”ဆိုၿပီးရင္ထဲက ခံစားခ်က္ေတြကို ဖြင့္ဟလာခဲ့တာပါ။



“ကိုယ္ဘယ္ေလာက္ပဲေကာင္းေနေန ဘယ္ေတာ့မွလည္းအေကာင္းေျပာမခံရဘူး…. တခါတေလေတာ့လည္း ဝမ္းနည္းတာေပါ့။စိတ္ဓာတ္လည္းအရမ္းက်တယ္။ငယ္တုန္းကေတာ့ မိဘနဲ႔တူတူမေနရဘူး ဟိုလူ႔နားေျပးကပ္လိုက္ဒီလူ႔နားေျပးကပ္လိုက္နဲ႔တခါတေလ အေဖ့ကိုလည္းစိတ္မေကာင္းဘူး ငယ္ငယ္တုန္းကေတာ့ ပစ္ထားၿပီးေတာ့မွ အခုက်ေတာ့ အကုန္လုံးက ခါးစည္းၿပီး ကိုယ္တစ္ေယာက္တည္းခံရတယ္ဆိုေတာ့ စိတ္မေကာင္းဘူး…ဒါမဲ့ မိဘနဲ႔သားသမီး ဆိုေတာ့ အေကာင္းဆုံးေတာ့ အေဖ့ကိုမရွိတာရွိတာ အကုန္လုပ္ေပးမယ္လို႔ ေတာ့ စိတ္အားတင္းၿပီးေနတာပဲ…. တကယ္က်ေတာ့ စိတ္ဓာတ္က်ၿပီး လူေတာထဲလည္းမသြားခ်င္ေလာက္ေအာင္ ျဖစ္ေနၿပီလို႔ ဆိုလာခဲ့တာပါ။



သူမအတြက္ သူမပရိသတ္ေတြကသာ အားတင္းစရာျဖစ္တာမို႔ သူမကိုဆက္ခ်စ္ ဆက္အားေပးေပးပါ လို႔လည္းေတာင္းဆိုသြားခဲ့ပါေသးတယ္။ဒါကေတာ့ ထက္ထက္မိုးဦးတစ္ေယာက္ စိတ္ဓာတ္က်ၿပီး ဝမ္းနည္းစြာနဲ႔ ေျပာၾကားလာတဲ့ စကားသံေတြကို ျပန္လည္တင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္ေနာ္။အားလုံးပဲ မထက္ကို ခ်စ္ၾကေသးရင္ အားေပးစကားေလးေျပာေပးခဲ့ၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္ေန္ာ။

Post a Comment

Previous Post Next Post