(Unicode)

အမရပူရ ဇူလိုင် ၂၀

အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရွှေဂဲကျေးရွာ ဒေါ်အေးကြင် ထမင်းဆိုင်အနီးရှိ ရွှေဂဲ ရေဆိုးထုတ် စက်ရုံအတွင်းသို့ ကမ်းနားလမ်း အောက်မှ ရေများ စတင်ထွက်ရှိ နေကြောင်းကို ယမန်နေ့ ည (၇) နာရီ အချိန်ခန့်က သိရှိရသဖြင့် မန္တလေးတိုင်း‌ဒေသကြီး ဒုတိယမြို့တော်ဝန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း ၊မြို့တော်စည်ပင် ဝန်ထမ်းများက စက်ယန္တရားများ ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။



တစ်ချိန်တည်းတွင် ရေဆိုးထုတ်စက်ရုံ အောက်ရှိ နံကပ်အင်းနှင့် ကပ်လျက် မှန်တန်း ၊ ဈေးချို၊ ကျန်တန်းရပ်ကွက်များနှင့် ယဉ်တော်ကျေးရွာအောက် ပိုင်းရှိ အိမ်ထောင်စုများအား ရေများဝင်ရောက်နိုင်ကြောင်း သတင်းချပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဖြင့် ပြောင်းရွေ့နိုင်ရေး စီမံ ဆောင်ရွက်ခဲ့သည်။

ဇူလိုင် ၁၉ ရက်နေ့ ည (၉) နာရီအချိန်တွင် ဆရာတော်အရှင်ဆေကိန္ဒ (ဓမ္မဒူတဆရာတော်) ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ မြို့တော်ဝန် ဒေါက်တာရဲလွင် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ ၊ စည်ပင်ကော်မတီဝင်များ ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ထပ်မံရောက်ရှိလာပြီး



ကျိုးပေါက်သည့်နေရာသို့ စက်ယန္တရားများ ၊ ယာဉ်ကြီးများဖြင့် ကျောက်၊ သဲများဖို့ခြင်းများ ဆက်လက် ဆောင်ရွက်ကြသည်။ ရေအနိမ့်ပိုင်းရှိ အိမ်ထောင်စု များအား မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများမှ ရေလွတ်ရာ ဓမ္မာရုံများ ၊ အ.မ.က ကျောင်းများ ၊ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ကူညီရွေ့ပြောင်းပေးလျက် ရှိသည်။

ရေများစိမ့်ဝင်မှုကြောင့် ယနေ့ နံနက် (၁) နာရီ မိနစ် (၂၀) အချိန်ခန့်တွင် စစ်ကိုင်း – မန္တလေး ကမ်းနားလမ်းသည် အကျယ် (၁၀) ပေခန့် အသွားအပြန် လမ်းနှစ်ဘက် ကျိုးကျပျက်စီးခဲ့ပြီး လမ်းလယ်ကျွန်း (၅) ပေခန့် ကျန်ရှိနေကြောင်းသိရသည်။


(Zawgyi)


အမရပူရ ဇူလိုင္ ၂၀

အမရပူရၿမိဳ႕နယ္ ငယ္တိုးေက်း႐ြာအုပ္စု၊ ေ႐ႊဂဲေက်း႐ြာ ေဒၚေအးၾကင္ ထမင္းဆိုင္အနီးရွိ ေ႐ႊဂဲ ေရဆိုးထုတ္ စက္႐ုံအတြင္းသို႔ ကမ္းနားလမ္း ေအာက္မွ ေရမ်ား စတင္ထြက္ရွိ ေနေၾကာင္းကို ယမန္ေန႔ ည (၇) နာရီ အခ်ိန္ခန႔္က သိရွိရသျဖင့္ မႏၲေလးတိုင္း‌ေဒသႀကီး ဒုတိယၿမိဳ႕ေတာ္ဝန္ ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဖသက္ထြန္း ၊ၿမိဳ႕ေတာ္စည္ပင္ ဝန္ထမ္းမ်ားက စက္ယႏၲရားမ်ား ျဖင့္ စတင္ေဆာင္႐ြက္ခဲ့သည္။



တစ္ခ်ိန္တည္းတြင္ ေရဆိုးထုတ္စက္႐ုံ ေအာက္ရွိ နံကပ္အင္းႏွင့္ ကပ္လ်က္ မွန္တန္း ၊ ေစ်းခ်ိဳ၊ က်န္တန္းရပ္ကြက္မ်ားႏွင့္ ယဥ္ေတာ္ေက်း႐ြာေအာက္ ပိုင္းရွိ အိမ္ေထာင္စုမ်ားအား ေရမ်ားဝင္ေရာက္ႏိုင္ေၾကာင္း သတင္းခ်ျပျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး ၿမိဳ႕နယ္မီးသတ္ တပ္ဖြဲ႕ျဖင့္ ေျပာင္းေ႐ြ႕ႏိုင္ေရး စီမံ ေဆာင္႐ြက္ခဲ့သည္။

ဇူလိုင္ ၁၉ ရက္ေန႔ ည (၉) နာရီအခ်ိန္တြင္ ဆရာေတာ္အရွင္ေဆကိႏၵ (ဓမၼဒူတဆရာေတာ္) ၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ ၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ ၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္ေက်ာ္မင္း၊ တိုင္းေဒသႀကီး အုပ္ခ်ဳပ္ေရးမႉး ၊ တိုင္းအဆင့္ ဌာနဆိုင္ရာမ်ား ၊ စည္ပင္ေကာ္မတီဝင္မ်ား ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ဌာနဆိုင္ရာမ်ား ထပ္မံေရာက္ရွိလာၿပီး



က်ိဳးေပါက္သည့္ေနရာသို႔ စက္ယႏၲရားမ်ား ၊ ယာဥ္ႀကီးမ်ားျဖင့္ ေက်ာက္၊ သဲမ်ားဖို႔ျခင္းမ်ား ဆက္လက္ ေဆာင္႐ြက္ၾကသည္။ ေရအနိမ့္ပိုင္းရွိ အိမ္ေထာင္စု မ်ားအား ၿမိဳ႕နယ္ စီမံခန႔္ခြဲမႈေကာ္မတီမွ ဌာနဆိုင္ရာမ်ား မီးသတ္တပ္ဖြဲ႕၊ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ လူမႈကယ္ဆယ္ေရးအသင္းမ်ားမွ ေရလြတ္ရာ ဓမၼာ႐ုံမ်ား ၊ အ.မ.က ေက်ာင္းမ်ား ၊ နီးစပ္ရာ ေဆြမ်ိဳးမ်ားေနအိမ္သို႔ ကူညီေ႐ြ႕ေျပာင္းေပးလ်က္ ရွိသည္။




ေရမ်ားစိမ့္ဝင္မႈေၾကာင့္ ယေန႔ နံနက္ (၁) နာရီ မိနစ္ (၂၀) အခ်ိန္ခန႔္တြင္ စစ္ကိုင္း – မႏၲေလး ကမ္းနားလမ္းသည္ အက်ယ္ (၁၀) ေပခန႔္ အသြားအျပန္ လမ္းႏွစ္ဘက္ က်ိဳးက်ပ်က္စီးခဲ့ၿပီး လမ္းလယ္ကြၽန္း (၅) ေပခန႔္ က်န္ရွိေနေၾကာင္းသိရသည္။



Post a Comment

Previous Post Next Post