(Unicode)

အခုလို ဆောင်ရွက်မယ့် အစီအစဉ်နဲ့ ပတ်သက် ပြီးတော့လည်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို အကြောင်းကြား ထားပြီး သူတို့ဘက်က အစီအစဉ်တွေကိုလည်း ပြန်လည်တင်ပြခိုင်းထားတယ်လို့ ဦးမြင့်ဦးကပြောပါတယ်။ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ မှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

အခုလို အွန်းလိုင်းကနေ စာရင်းသွင်းပြီး ဘုရားဖူးခွင့်ရဖို့အတွက် ဂေါပကအဖွဲ့တွေရဲ့ စီမံချက်တွေကို ရရှိပါက နည်းပညာပိုင်းဆိုင်ရာကို တော့ ဝန်ကြီးဌာနကဘက်ကတာဝန်ယူပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီသွားမယ်လို့ သိရပါတယ်။ လူစုလူဝေး မဖြစ်အောင် လူအကန့်သတ်နဲ့ ဖူးမြော်ခွင့်ပြုသွားမှာပါ။

ရန်ကုန်မြို့ရွှေတိဂုံဘုရားကို ပြန်လည် ဖူးမြော်ခွင့်ရရှိစေနိုင်ရေး အတွက် အွန်လိုင်းကနေ နာမည်စာရင်းလျှောက်ထားပြီးမှ လူဦးရေအကန့် အသတ်နဲ့ဖူးမြော်ခွင့်ပေးနိုင်အောင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ်။ရွှေတိဂုံဘုရားအပါအဝင် တခြားနာမည်ကြီးဘုရားတွေကိုလည်း အချိန်အကန့်သတ်နဲ့ ဖူးမြော်ခွင့်ရအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သက်ဆိုင်ရင် ဘုရားဂေါပကအဖွဲ့တွေထံ ဆောင်ရွက်မယ့် အစီအစဉ်တွေတောင်းခံ ထားတယ်လို့ သိရပါတယ်။အဓိကကတော့ လူစူလူဝေး မဖြစ်အောင်ပါ။ ဘုရားဖူးဖို့ အွန်လိုင်းဘွတ်ကင်လုပ်ရမယ် ဆိုတာက အခက်အခဲတွေလည်း ရှိနိုင်သလို တာဝန်ရှိသူတွေအနေနဲ့လည်း ပိုပြီးအလုပ်ရှုပ်နိုင်လို့ ဂရုစိုက်ရမှာပေါ့။

ဒါပေမယ့် ဒါက ဘုရားလာဖူးတဲ့သူတွေရဲ့ Record လည်း ရသလို ပြည်သူတွေလည်း ဘုရားပြန်ဖူးခွင့် လည်းရမယ်။ ဘုရားရင်ပြင် ပေါ်မှာ လည်း လူစုလူဝေးမဖြစ်အောင် စနစ်တကျလေးလုပ်ဆောင်နိုင်မှာဖြစ်လို့ ဘုရားဖူးပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်”လို့ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦးကပြောပါတယ်။

REF: ဓူဝံ



(Zawgyi)


အခုလို ေဆာင္႐ြက္မယ့္ အစီအစဥ္နဲ႔ ပတ္သက္ ၿပီးေတာ့လည္း ေ႐ႊတိဂုံဘုရား ေဂါပကအဖြဲ႕ကို အေၾကာင္းၾကား ထားၿပီး သူတို႔ဘက္က အစီအစဥ္ေတြကိုလည္း ျပန္လည္တင္ျပခိုင္းထားတယ္လို႔ ဦးျမင့္ဦးကေျပာပါတယ္။ေ႐ႊတိဂုံဘုရားေဂါပက အဖြဲ႕ထံ ဆက္သြယ္ေမးျမန္းရာ မွာ ဖုန္းလက္ခံေျဖၾကားျခင္းမရွိခဲ့ပါဘူး။

အခုလို အြန္းလိုင္းကေန စာရင္းသြင္းၿပီး ဘုရားဖူးခြင့္ရဖို႔အတြက္ ေဂါပကအဖြဲ႕ေတြရဲ႕ စီမံခ်က္ေတြကို ရရွိပါက နည္းပညာပိုင္းဆိုင္ရာကို ေတာ့ ဝန္ႀကီးဌာနကဘက္ကတာဝန္ယူၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ကူညီသြားမယ္လို႔ သိရပါတယ္။ လူစုလူေဝး မျဖစ္ေအာင္ လူအကန႔္သတ္နဲ႔ ဖူးေျမာ္ခြင့္ျပဳသြားမွာပါ။

ရန္ကုန္ၿမိဳ႕ေ႐ႊတိဂုံဘုရားကို ျပန္လည္ ဖူးေျမာ္ခြင့္ရရွိေစႏိုင္ေရး အတြက္ အြန္လိုင္းကေန နာမည္စာရင္းေလွ်ာက္ထားၿပီးမွ လူဦးေရအကန႔္ အသတ္နဲ႔ဖူးေျမာ္ခြင့္ေပးႏိုင္ေအာင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ စီစဥ္ေဆာင္႐ြက္လွ်က္ ရွိပါတယ္။ေ႐ႊတိဂုံဘုရားအပါအဝင္ တျခားနာမည္ႀကီးဘုရားေတြကိုလည္း အခ်ိန္အကန႔္သတ္နဲ႔ ဖူးေျမာ္ခြင့္ရေအာင္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

သက္ဆိုင္ရင္ ဘုရားေဂါပကအဖြဲ႕ေတြထံ ေဆာင္႐ြက္မယ့္ အစီအစဥ္ေတြေတာင္းခံ ထားတယ္လို႔ သိရပါတယ္။အဓိကကေတာ့ လူစူလူေဝး မျဖစ္ေအာင္ပါ။ ဘုရားဖူးဖို႔ အြန္လိုင္းဘြတ္ကင္လုပ္ရမယ္ ဆိုတာက အခက္အခဲေတြလည္း ရွိႏိုင္သလို တာဝန္ရွိသူေတြအေနနဲ႔လည္း ပိုၿပီးအလုပ္ရႈပ္ႏိုင္လို႔ ဂ႐ုစိုက္ရမွာေပါ့။

ဒါေပမယ့္ ဒါက ဘုရားလာဖူးတဲ့သူေတြရဲ႕ Record လည္း ရသလို ျပည္သူေတြလည္း ဘုရားျပန္ဖူးခြင့္ လည္းရမယ္။ ဘုရားရင္ျပင္ ေပၚမွာ လည္း လူစုလူေဝးမျဖစ္ေအာင္ စနစ္တက်ေလးလုပ္ေဆာင္ႏိုင္မွာျဖစ္လို႔ ဘုရားဖူးျပည္သူေတြကလည္း လိုက္နာဖို႔လိုတယ္”လို႔ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးျမင့္ဦးကေျပာပါတယ္။

REF: ဓူဝံ

Post a Comment

Previous Post Next Post