(Unicode)

မန္တလေးတိုင်းဒေသကြီး၂၈ မြို့နယ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantin)နေရာ ၄၃၈ နေရာတွင် လက်ရှိ ၁၀၆၅ ဦး ကျန်ရှိနေပြီး ကန့်သတ်စောင့်ကြည့်ရက် ၂၁ရက်ပြည့်ပြီးသူ ၂၅၁၆၁ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ပြည်ပ နိုင်ငံများနှင့် ခရီးသွားလာရာမှ ပြန်လည်ရောက်ရှိလာသူအားလုံးကို အသွားအလာ ကန့်သတ်စောင့် ကြည့်ခြင်း (Facility Quarantin) များကို လုပ်ဆောင်လျက်ရှိသည်။

“တိုင်းအတွင်း ပြန်ရောက်လာတဲ့ ပြည်တော်ပြန်တွေနဲ့ ခရီးသွားတွေကို Facility Quarantine ပြုလုပ် နိုင်ဖို့ စတင်ခဲ့ချိန်ကတော့ ခရိုင်၊ မြို့နယ် များအလိုက် နေရာ တစ်ထောင်ကျော်ထိ လုပ်ခဲ့တယ်၊ ပြီး တော့ ပြည်တော်ပြန်တွေနဲ့ ခရီးကပြန်လာသူတွေကို မဖြစ်မနေ Quarantine ဝင်ခိုင်ခဲ့တယ်၊ အခုတော့ Facility Quarantine နေရာတွေလည်း လျော့သွားပါပြီ၊ လက်ရှိမှာ လူပေါင်း တစ်ထောင်ကျော်ပဲ ရှိတော့တယ်”ဟု မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှား ဖြန့်ဝေ သူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

Facility Quarantine ပြုလုပ်ရာ၌ မြင်းခြံခရိုင်တွင် နေရာ ၁၃၈ နေရာ၊ လက်ရှိ ၅၈ ဦး၊ ၂၁ရက်ပြည့် ၃၈၂၄ ဦးရှိပြီး မန္တလေးခရိုင်သည်(Facility Quarantin)ပြုလုပ်ထားသူအများဆုံးဖြစ်ပြီး နေရာ ၁၉ နေရာ၊ လက်ရှိ ၅၂၅ ဦး၊ ၂၁ရက်ပြည့် ၂၃၃၄ ဦးထိ ရှိကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ စောင့်ကြည့်လူနာ၊ သံသယလူနာများကို ထားရှိသည့် Facility Quarantine များမှ ပိုးမတွေ့လူနာများကို သတ်မှတ်ရက်ပြည့်သည်နှင့် အဆုတ် ဓာတ်မှန်ကောင်းမွန်မှု၊ အနည်းဆုံး ၄၈နာရီ အဖျားကင်းစင်လျှင် နေရပ်များသို့ ပြန်ခွင့်ပြုထားကြောင်း သိရသည်။

“သူ့ရပ်ရွာကို ပြန်ရောက်သွားပေမယ့်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကနေ စောင့်ကြည့်တာ မျိုးတွေ လုပ်နေပါတယ်၊ ကျနော်တို့ကလည်း အိမ်ကနေ ဘယ်မှမထွက်ဘဲနေရမယ်၊ ကျန်းမာရေး ဌာနရဲ့ညွှန်ကြားချက်အတိုင်းနေရမယ်ဆိုပြီး သေသေချာချာ လမ်းညွှန်ပေးပါတယ်၊ ဓာတ်ခွဲနမူနာ စစ်ဆေးခံရတဲ့အထဲက ပိုးမတွေ့ရတဲ့သူတွေကိုလည်း စနစ်နေထိုင်ကြ ဖို့ လမ်းညွှန်မှုတွေ ပေးပြီးမှ ပြန်လွှတ်နေတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း COVID-19 အတည်ပြုလူနာ ၄ဦးထိ ရှိခဲ့ပြီး ယခင်က ပိုးတွေ့ လူ နာ ၃ ဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်သောကြောင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး တစ်ဦးမှာ ဆေးကုသမှုခံ ယူနေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ထူး
သတင်း/ဓာတ်ပုံ


(Zawgyi)


မႏၲေလးတိုင္းေဒသႀကီး၂၈ ၿမိဳ့နယ္အတြင္း အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ျခင္း (Facility Quarantin)ေနရာ ၄၃၈ ေနရာတြင္ လက္ရွိ ၁၀၆၅ ဦး က်န္ရွိေနၿပီး ကန္႔သတ္ေစာင့္ၾကည့္ရက္ ၂၁ရက္ျပည့္ၿပီးသူ ၂၅၁၆၁ ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

မႏၲေလးတိုင္းေဒသႀကီးတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမွုကို ထိန္းခ်ဳပ္နိုင္ရန္ရည္ရြယ္၍ ျပည္ပ နိုင္ငံမ်ားႏွင့္ ခရီးသြားလာရာမွ ျပန္လည္ေရာက္ရွိလာသူအားလုံးကို အသြားအလာ ကန္႔သတ္ေစာင့္ ၾကည့္ျခင္း (Facility Quarantin) မ်ားကို လုပ္ေဆာင္လ်က္ရွိသည္။

“တိုင္းအတြင္း ျပန္ေရာက္လာတဲ့ ျပည္ေတာ္ျပန္ေတြနဲ႔ ခရီးသြားေတြကို Facility Quarantine ျပဳလုပ္ နိုင္ဖို့ စတင္ခဲ့ခ်ိန္ကေတာ့ ခရိုင္၊ ၿမိဳ့နယ္ မ်ားအလိုက္ ေနရာ တစ္ေထာင္ေက်ာ္ထိ လုပ္ခဲ့တယ္၊ ၿပီး ေတာ့ ျပည္ေတာ္ျပန္ေတြနဲ႔ ခရီးကျပန္လာသူေတြကို မျဖစ္မေန Quarantine ၀င္ခိုင္ခဲ့တယ္၊ အခုေတာ့ Facility Quarantine ေနရာေတြလည္း ေလ်ာ့သြားပါၿပီ၊ လက္ရွိမွာ လူေပါင္း တစ္ေထာင္ေက်ာ္ပဲ ရွိေတာ့တယ္”ဟု မႏၲေလးတိုင္းေဒသႀကီး COVID-19 ေရာဂါဆိုင္ရာ သတင္းမွန္ျပန္ၾကားေရးႏွင့္ သတင္းမွား ျဖန႔္ေဝ သူမ်ားအား ရွာေဖြေဖာ္ထုတ္၍ သတင္းေစာင့္ၾကည့္ေရးအဖြဲ႕ လုပ္ငန္းေကာ္မတီက ဥကၠဌ၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္။

Facility Quarantine ျပဳလုပ္ရာ၌ ျမင္းၿခံခရိုင္တြင္ ေနရာ ၁၃၈ ေနရာ၊ လက္ရွိ ၅၈ ဦး၊ ၂၁ရက္ျပည့္ ၃၈၂၄ ဦးရွိၿပီး မႏၲေလးခရိုင္သည္(Facility Quarantin)ျပဳလုပ္ထားသူအမ်ားဆုံးျဖစ္ၿပီး ေနရာ ၁၉ ေနရာ၊ လက္ရွိ ၅၂၅ ဦး၊ ၂၁ရက္ျပည့္ ၂၃၃၄ ဦးထိ ရွိေၾကာင္း သိရသည္။

မႏၲေလးတိုင္းအတြင္းရွိ ေစာင့္ၾကည့္လူနာ၊ သံသယလူနာမ်ားကို ထားရွိသည့္ Facility Quarantine မ်ားမွ ပိုးမေတြ႕လူနာမ်ားကို သတ္မွတ္ရက္ျပည့္သည္ႏွင့္ အဆုတ္ ဓာတ္မွန္ေကာင္းမြန္မွု၊ အနည္းဆုံး ၄၈နာရီ အဖ်ားကင္းစင္လၽွင္ ေနရပ္မ်ားသို့ ျပန္ခြင့္ျပဳထားေၾကာင္း သိရသည္။

“သူ႔ရပ္ရြာကို ျပန္ေရာက္သြားေပမယ့္လည္း သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးပိုင္းကေန ေစာင့္ၾကည့္တာ မ်ိဳးေတြ လုပ္ေနပါတယ္၊ က်ေနာ္တို့ကလည္း အိမ္ကေန ဘယ္မွမထြက္ဘဲေနရမယ္၊ က်န္းမာေရး ဌာနရဲ့ညႊန္ၾကားခ်က္အတိုင္းေနရမယ္ဆိုၿပီး ေသေသခ်ာခ်ာ လမ္းညႊန္ေပးပါတယ္၊ ဓာတ္ခြဲနမူနာ စစ္ေဆးခံရတဲ့အထဲက ပိုးမေတြ႕ရတဲ့သူေတြကိုလည္း စနစ္ေနထိုင္ၾက ဖို့ လမ္းညႊန္မွုေတြ ေပးၿပီးမွ ျပန္လႊတ္ေနတာပါ”ဟု မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း၌လည္း COVID-19 အတည္ျပဳလူနာ ၄ဦးထိ ရွိခဲ့ၿပီး ယခင္က ပိုးေတြ႕ လူ နာ ၃ ဦးမွာ ေရာဂါေပ်ာက္ကင္းၿပီျဖစ္ေသာေၾကာင့္ ေဆး႐ုံဆင္းခြင့္ျပဳခဲ့ၿပီး တစ္ဦးမွာ ေဆးကုသမွုခံ ယူေနဆဲျဖစ္ေၾကာင္း သိရသည္။

နိုင္ထူး
သတင္း/ဓာတ္ပုံ

Post a Comment

Previous Post Next Post