(Unicode)


ရင်ဘက် မှာ ပုံတူတက်တူးထိုးထား တဲ့ ပရိသတ်ကို ဖုန်းတစ်လုံးဝယ်ေ ပးပြီး အသိအမှတ်ပြုတွေ့ဆုံခဲ့တဲ့ ဖြူဖြူထွေး


နှ စ်အနည်းငယ်အတွင်း ပရိသတ်အားပေးချစ်ခင်မှုအပြည့်အဝရရှိကာ အောင်မြင်မှုရရှိလာသူကတော့ ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ်စားမကုန်ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ကိုယ်တိုင်လည်း တိုးတက်ဖြစ်ထွန်းလာသလို အနားမှာရှိတဲ့ခက်ခဲတဲ့သူတွေကိုပါ ဆက်တိုက်ကူညီပေးတတ်တာတွေကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။



ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရသလို ရုပ်ရှင်လောကထဲက ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကိုလည်း သူ့ရဲ့ကြော်ငြာဗွီဒီယိုလေးတွေထဲမှာ ပါဝင်သရုပ်ဆောင်ခိုင်းလေ့ရှိသူပါ။လတ်တလောမှာ အမာခံအားပေးတဲ့ ပရိသတ်တစ်ယောက်ဟာ ဖြူဖြူထွေးရဲ့ ပုံတူကို ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တက်တူးထိုးပြီး အားပေးခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ဖြူဖြူထွေးဟာ ပုံတူကို ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တက်တူးထိုးပြီး အားပေးတဲ့ တောင်ဒဂုံမြို့နယ်က ကိုဇော်လွင်ဦးကို တွေ့ဆုံပြီး ဖုန်းတစ်လုံးအပြင် ငွေကျပ်၂သိန်းနဲ့ စားစရာများကို ပေးပြီး အသိအမှတ်ပြုတွေ့ဆုံခဲ့ပါတယ်။


ပရိသတ်ကြီးရေ စိတ်သဘောထားဖြူစင်ပြီး အမြဲလိုလို ခက်ခဲတဲ့သူတွေကိုပါ ဆက်တိုက်ကူညီပေးတတ်တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ သူ့ရဲ့ပုံတူကို ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တက်တူးထိုးပြီး အားပေးတဲ့ တောင်ဒဂုံမြို့နယ်က ကိုဇော်လွင်ဦးကို တွေ့ဆုံပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ဖုန်းတစ်လုံးအပြင် ငွေကျပ်၂သိန်းနဲ့ စားစရာတွေပါ ပေးအပ်ခဲ့တာတဲ့နော်။



Source: CeleGabar


(Zawgyi)












Source: CeleGabar


(Zawgyi)










Source: CeleGabar



Post a Comment

Previous Post Next Post