(Unicode)


ဇွဲနိုင်ဝင်းဟာ သူ့ရဲ့ အနုပညာကြေးက ရတဲ့ ငွေကြေးတွေကို စုဆောင်းပြီး ချောင်းဝဘုန်းကြီးကျောင်းမှာရှိတဲ့ ဆရာဖြစ်သူ ဒွေးရဲ့ ရုပ်တုကို ပြန်လည်ပြုပြင်မွမ်းမံခဲ့တာဖြစ်ပါတယ်။ ဒွေးရဲ့ မွေးနေ့၊ ကွယ်လွန်တဲ့ နေ့ တွေမှာလည်း ဒီရုပ်တုကို သွားရောက် သန့်ရှင်းပေးပြီး အလှူအတန်းတွေလည်း လုပ်လေ့ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက်လိုချစ်ရတဲ့ ကိုသားကြီး(ခ) ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ ပြောပြခဲ့ဖူးပါတယ်။


ဇွဲနိုင်ဝင်းဟာ သရုပ်ဆောင် ဒွေး ရဲ့ အမှတ်တရ ပစ္စည်းလေးတွေ၊ ဓာတ်ပုံလေးတွေကို မမိုးက ယုံယုံကြည်ကြည် နဲ့ ပေးထားတာ လို့ ဆိုပါတယ်။ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီ ဒွေးရဲ့ တပည့်အရင်းတစ်ယောက်ဖြစ်ပါတယ်။ ဒွေးကို အရမ်းချစ်သူဖြစ်လို့ ဒွေးရဲ့ဇနီးဖြစ်သူက ဒွေးရဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ပစ္စည်းလေးတွေကို အမွေ ပေးထားတယ်လို့ ပြောပြလာပါတယ်။



“ ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်မှာ ကိုသားကြီး ပုံလေးတွေ တင်ဖြစ်တယ်ဆိုတာကလည်း ကိုသားကြီး မင်းသား စလုပ်ကာစ ကနေ နောက်ဆုံး အင်္ကျီအဖြူလေးနဲ့ ပုံအထိ၊ Film ၊ Album ကိုသားကြီးနဲ့ ပတ်သက်တာလေးတွေကို မမိုးက ကျွန်တော့်ကို အမွေပေးထားတာပါ။ သားဆီမှာ ထားထားရင် ဒါတွေက ပျောက်မှာ မဟုတ်ဘူးဆိုပြီးတော့ အစ်မက ပြောတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အိပ်ရာခေါင်းရင်းနားမှာ Album တစ်ထပ်ကြီး ကျွန်တော့် ရင်ဘတ်လောက်ရှိတယ် ဒါတွေကို အမြတ်တနိုး သိမ်းထားတယ်” လို့ သူကဆိုပါတယ်။


ဇွဲနိုင်ဝင်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒွေးရဲ့ဓာတ်ပုံတွေ တင်ပြီး သတိရကြောင်းတွေ အမြဲရေးလေ့ရှိသူ တစ်ယောက်ပါ။ ဒီလို အပြုအမူတွေကြောင့် ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “ တချို့တွေက ကျွန်တော့်ကို ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တယ်လို့ မြင်ကြတယ်။ တကယ် ပေါ်ပျူလာဖြစ်ချင်ရင် တခြားဟာတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုသားကြီးက ကျွန်တော့် ရင်ထဲ၊ စိတ်ထဲမှာ တကယ်ရှိတာ မို့လို့ အခုလို တင်ဖြစ်တာပါ။ ကျွန်တော့်ကို ပြောချင်ရင် ကျွန်တော့် အကြောင်းကို သေသေချာချာ တကယ် သိမှ ပြောပါ။ တချို့ ပုံလေးတွေဆိုရင် အပြင်မှာ မရှိတော့ ပရိသတ်ကို မြင်စေချင်တယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း ရင်ထဲကနေ လေးလေးနက်နက် သတိရလို့ တင်တာပါ” လို့ ဆိုပါတယ်။


ဒွေးကို ချစ်တဲ့ သူတစ်ယောက်ဖြစ်သလို ဒွေးရဲ့ စတိုင်လ်၊ ဖက်ရှင်လေးတွေကိုလည်း အတုယူမိတယ်လို့ ဇွဲနိုင်ဝင်း က ပြောပါတယ်။ ဒွေးကို လိုက်အတုခိုးတယ် ပြောရင်လည်း စိတ်မဆိုးဘူးလို့ သူက ဆိုပါတယ်။


“ ပေါ်တင်ပြောရရင်တော့ ကျွန်တော်ကြိုက်လို့ ကျွန်တော် လုပ်တာပါ။ မှီလားဆိုတော့ ခြေဖျားတောင် မမှီပါဘူး။ အရင်တုန်းက VCD တွေ ရိုက်ခဲ့တုန်းကတည်းက ဒွေး ရူး ရူးတယ်ပေါ့ဗျာ။ ဒွေးကို လိုက်တု တယ်လို့ ပြောရင်လည်း ကျွန်တော်ကတော့ စိတ်မဆိုးဘူး။ ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ်ပေါ့။ ကိုသားကြီးနဲ့ က ဦးသန်းဖေလေး ရိုက်တဲ့ “ မျက်ရည်များနဲ့ မနမ်းပါနဲ့” ဇာတ်ကားမှာ စခင်တာ။ ပြီးတော့ သူက တစ်ဖက်လူအပေါ် ထားတဲ့ ကိုယ်ချင်းစာ စိတ်လေးတွေကို ကျွန်တော် ကိုယ်တိုင် မြင်မိတဲ့ အချိန်မှာ တကယ်ကို လေးစားခဲ့ရတယ်” လို့ ဆက်လက်ပြောပြလာပါတယ်။


(Zawgyi)


ဇြဲႏိုင္ဝင္းဟာ သူ႔ရဲ႕ အႏုပညာေၾကးက ရတဲ့ ေငြေၾကးေတြကို စုေဆာင္းၿပီး ေခ်ာင္းဝဘုန္းႀကီးေက်ာင္းမွာရွိတဲ့ ဆရာျဖစ္သူ ေဒြးရဲ႕ ႐ုပ္တုကို ျပန္လည္ျပဳျပင္မြမ္းမံခဲ့တာျဖစ္ပါတယ္။ ေဒြးရဲ႕ ေမြးေန႔၊ ကြယ္လြန္တဲ့ ေန႔ ေတြမွာလည္း ဒီ႐ုပ္တုကို သြားေရာက္ သန႔္ရွင္းေပးၿပီး အလႉအတန္းေတြလည္း လုပ္ေလ့ရွိပါတယ္။ အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္အလွမ္းေဝးေနတဲ့ သ႐ုပ္ေဆာင္ဇြဲႏိုင္ဝင္းတစ္ေယာက္ဟာ ဆရာလည္းျဖစ္၊ အစ္ကိုအရင္း တစ္ေယာက္လိုခ်စ္ရတဲ့ ကိုသားႀကီး(ခ) ေဒြး မရွိေတာ့တဲ့ေနာက္ အႏုပညာအလုပ္ေတြျပန္လုပ္ဖို႔ ျပန္ႀကိဳးစား႐ုန္းကန္ေနရတယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။


ဇြဲႏိုင္ဝင္းဟာ သ႐ုပ္ေဆာင္ ေဒြး ရဲ႕ အမွတ္တရ ပစၥည္းေလးေတြ၊ ဓာတ္ပုံေလးေတြကို မမိုးက ယုံယုံၾကည္ၾကည္ နဲ႔ ေပးထားတာ လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္းကေတာ့ အကယ္ဒမီ ေဒြးရဲ႕ တပည့္အရင္းတစ္ေယာက္ျဖစ္ပါတယ္။ ေဒြးကို အရမ္းခ်စ္သူျဖစ္လို႔ ေဒြးရဲ႕ဇနီးျဖစ္သူက ေဒြးရဲ႕ အမွတ္တရ ဓာတ္ပုံေတြ၊ ပစၥည္းေလးေတြကို အေမြ ေပးထားတယ္လို႔ ေျပာျပလာပါတယ္။




“ ကြၽန္ေတာ့္ ေဖ့စ္ဘြတ္အေကာင့္မွာ ကိုသားႀကီး ပုံေလးေတြ တင္ျဖစ္တယ္ဆိုတာကလည္း ကိုသားႀကီး မင္းသား စလုပ္ကာစ ကေန ေနာက္ဆုံး အက်ႌအျဖဴေလးနဲ႔ ပုံအထိ၊ Film ၊ Album ကိုသားႀကီးနဲ႔ ပတ္သက္တာေလးေတြကို မမိုးက ကြၽန္ေတာ့္ကို အေမြေပးထားတာပါ။ သားဆီမွာ ထားထားရင္ ဒါေတြက ေပ်ာက္မွာ မဟုတ္ဘူးဆိုၿပီးေတာ့ အစ္မက ေျပာတယ္။ ကြၽန္ေတာ္ ကိုယ္တိုင္ကလည္း အိပ္ရာေခါင္းရင္းနားမွာ Album တစ္ထပ္ႀကီး ကြၽန္ေတာ့္ ရင္ဘတ္ေလာက္ရွိတယ္ ဒါေတြကို အျမတ္တႏိုး သိမ္းထားတယ္” လို႔ သူကဆိုပါတယ္။


ဇြဲႏိုင္ဝင္းဟာ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေဒြးရဲ႕ဓာတ္ပုံေတြ တင္ၿပီး သတိရေၾကာင္းေတြ အၿမဲေရးေလ့ရွိသူ တစ္ေယာက္ပါ။ ဒီလို အျပဳအမူေတြေၾကာင့္ ေဝဖန္ေျပာဆိုေနၾကတာေတြလည္း ရွိတယ္လို႔ သူက ေျပာပါတယ္။ “ တခ်ိဳ႕ေတြက ကြၽန္ေတာ့္ကို ေပၚပ်ဴလာျဖစ္ခ်င္လို႔ လုပ္တယ္လို႔ ျမင္ၾကတယ္။ တကယ္ ေပၚပ်ဴလာျဖစ္ခ်င္ရင္ တျခားဟာေတြ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ ကိုသားႀကီးက ကြၽန္ေတာ့္ ရင္ထဲ၊ စိတ္ထဲမွာ တကယ္ရွိတာ မို႔လို႔ အခုလို တင္ျဖစ္တာပါ။ ကြၽန္ေတာ့္ကို ေျပာခ်င္ရင္ ကြၽန္ေတာ့္ အေၾကာင္းကို ေသေသခ်ာခ်ာ တကယ္ သိမွ ေျပာပါ။ တခ်ိဳ႕ ပုံေလးေတြဆိုရင္ အျပင္မွာ မရွိေတာ့ ပရိသတ္ကို ျမင္ေစခ်င္တယ္ေလ။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း ရင္ထဲကေန ေလးေလးနက္နက္ သတိရလို႔ တင္တာပါ” လို႔ ဆိုပါတယ္။



ေဒြးကို ခ်စ္တဲ့ သူတစ္ေယာက္ျဖစ္သလို ေဒြးရဲ႕ စတိုင္လ္၊ ဖက္ရွင္ေလးေတြကိုလည္း အတုယူမိတယ္လို႔ ဇြဲႏိုင္ဝင္း က ေျပာပါတယ္။ ေဒြးကို လိုက္အတုခိုးတယ္ ေျပာရင္လည္း စိတ္မဆိုးဘူးလို႔ သူက ဆိုပါတယ္။


“ ေပၚတင္ေျပာရရင္ေတာ့ ကြၽန္ေတာ္ႀကိဳက္လို႔ ကြၽန္ေတာ္ လုပ္တာပါ။ မွီလားဆိုေတာ့ ေျခဖ်ားေတာင္ မမွီပါဘူး။ အရင္တုန္းက VCD ေတြ ႐ိုက္ခဲ့တုန္းကတည္းက ေဒြး ႐ူး ႐ူးတယ္ေပါ့ဗ်ာ။ ေဒြးကို လိုက္တု တယ္လို႔ ေျပာရင္လည္း ကြၽန္ေတာ္ကေတာ့ စိတ္မဆိုးဘူး။ ကိုယ့္႐ူးသြပ္မႈနဲ႔ ကိုယ္ေပါ့။ ကိုသားႀကီးနဲ႔ က ဦးသန္းေဖေလး ႐ိုက္တဲ့ “ မ်က္ရည္မ်ားနဲ႔ မနမ္းပါနဲ႔” ဇာတ္ကားမွာ စခင္တာ။ ၿပီးေတာ့ သူက တစ္ဖက္လူအေပၚ ထားတဲ့ ကိုယ္ခ်င္းစာ စိတ္ေလးေတြကို ကြၽန္ေတာ္ ကိုယ္တိုင္ ျမင္မိတဲ့ အခ်ိန္မွာ တကယ္ကို ေလးစားခဲ့ရတယ္” လို႔ ဆက္လက္ေျပာျပလာပါတယ္။

Post a Comment

Previous Post Next Post