(Unicode)

တရုတ်နိုင်ငံက ဥပဒေပညာ ပါမောက္ခ တစ်ဦးဟာ သမ္မတ Xi Jinping အစိုးရအကြောင်း ပုတ်ခတ်တဲ့ စာတမ်းတွေ ရေးသားခဲ့တာကြောင့် ဘေဂျင်းမြို့မှာ အဖမ်းခံလိုက်ရပါတယ်။Xu Zhangrunကို တဒါဇင်ကျော်တဲ့ရဲတွေက တနင်္လာနေ့မနက်က သူ့အိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားကြတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။သူ့မိတ်ဆွေ Geng Xiaonan ရဲ့ပြောပြချက်အရ ကွန်ပြူတာတွေ နဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းသွားကြောင်း The New York Times သတင်းစာက ဖော်ပြပါတယ်။




Xu ဟာ Chengdu အနောက်တောင်ပိုင်း ကို လည်ပတ် သွားလာနေစဉ် ပြည့်တန်ဆာ မြှူဆွယ်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ကြောင်း ရဲတွေကပြောတယ်လို့ သူ့ဇနီးက ဆိုပါတယ်။Xu Zhangrun ကဘေဂျင်းမြို့ကနာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့ Tsignhua တက္ကသိုလ်မှာ ၂၀၁၉ နှစ်အထိ နှစ်ပေါင်း များစွာပို့ချသင်ကြား လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ သမ္မတ Xi ရဲ့အာဏာချုပ်ကိုင်မှုတင်းကျပ်လာတဲ့အပေါ် ပုတ်ခတ်ရေးသားခဲ့ပြီးတဲ့နောက်စာသင်တာတွေနဲ့ သုတေသန ပြုတာတွေကို တားမြစ်ခံလိုက်ရပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။



ဖေဖော်ဝါရီလထဲမှာရေးသား ထုတ်ဝေခဲ့တဲ့သူ့ဆောင်းပါးထဲမှာ တရုတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း လျှို့ဝှက်မှုနဲ့ လိမ်လည် လှည့်ဖျားမှုတွေအကြောင်း အပြစ်တင်ရေးသား ထားပြီး ဒီဗိုင်းရပ်စ်ကို ဝူဟန်မြို့မှာ စတင်တွေ့ရှိပြီးနောက် ကမ္ဘာ့ကပ်ရောဂါ အဖြစ်အသွင်ပြောင်းသွားပြီး ကမ္ဘာတဝှမ်းက လူပေါင်း ၁၁.၄ သန်း ကို ဖျားနာစေပြီး သေဆုံးသူဦးရေ ၅၃၄,၀၀၀ ကျော်ပြီဖြစ်ပါတယ်။



Credit VOA

(Zawgyi)


တ႐ုတ္ႏိုင္ငံက ဥပေဒပညာ ပါေမာကၡ တစ္ဦးဟာ သမၼတ Xi Jinping အစိုးရအေၾကာင္း ပုတ္ခတ္တဲ့ စာတမ္းေတြ ေရးသားခဲ့တာေၾကာင့္ ေဘဂ်င္းၿမိဳ႕မွာ အဖမ္းခံလိုက္ရပါတယ္။Xu Zhangrunကို တဒါဇင္ေက်ာ္တဲ့ရဲေတြက တနလၤာေန႔မနက္က သူ႔အိမ္ကေန ဖမ္းဆီး ေခၚေဆာင္သြားၾကတယ္လို႔ သူ႔မိတ္ေဆြေတြက ေျပာပါတယ္။သူ႔မိတ္ေဆြ Geng Xiaonan ရဲ႕ေျပာျပခ်က္အရ ကြန္ျပဴတာေတြ နဲ႔ စာ႐ြက္စာတမ္းေတြကိုလည္း သိမ္းဆည္းသြားေၾကာင္း The New York Times သတင္းစာက ေဖာ္ျပပါတယ္။




Xu ဟာ Chengdu အေနာက္ေတာင္ပိုင္း ကို လည္ပတ္ သြားလာေနစဥ္ ျပည့္တန္ဆာ ျမႇဴဆြယ္မႈနဲ႔ စြပ္စြဲခံထားရတာျဖစ္ေၾကာင္း ရဲေတြကေျပာတယ္လို႔ သူ႔ဇနီးက ဆိုပါတယ္။Xu Zhangrun ကေဘဂ်င္းၿမိဳ႕ကနာမည္ႀကီးတကၠသိုလ္ျဖစ္တဲ့ Tsignhua တကၠသိုလ္မွာ ၂၀၁၉ ႏွစ္အထိ ႏွစ္ေပါင္း မ်ားစြာပို႔ခ်သင္ၾကား လာခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္သူဟာ သမၼတ Xi ရဲ႕အာဏာခ်ဳပ္ကိုင္မႈတင္းက်ပ္လာတဲ့အေပၚ ပုတ္ခတ္ေရးသားခဲ့ၿပီးတဲ့ေနာက္စာသင္တာေတြနဲ႔ သုေတသန ျပဳတာေတြကို တားျမစ္ခံလိုက္ရၿပီး ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီး ခံလိုက္ရပါတယ္။



ေဖေဖာ္ဝါရီလထဲမွာေရးသား ထုတ္ေဝခဲ့တဲ့သူ႔ေဆာင္းပါးထဲမွာ တ႐ုတ္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း လွ်ိဳ႕ဝွက္မႈနဲ႔ လိမ္လည္ လွည့္ဖ်ားမႈေတြအေၾကာင္း အျပစ္တင္ေရးသား ထားၿပီး ဒီဗိုင္းရပ္စ္ကို ဝူဟန္ၿမိဳ႕မွာ စတင္ေတြ႕ရွိၿပီးေနာက္ ကမာၻ႔ကပ္ေရာဂါ အျဖစ္အသြင္ေျပာင္းသြားၿပီး ကမာၻတဝွမ္းက လူေပါင္း ၁၁.၄ သန္း ကို ဖ်ားနာေစၿပီး ေသဆုံးသူဦးေရ ၅၃၄,၀၀၀ ေက်ာ္ၿပီျဖစ္ပါတယ္။



Credit VOA

Post a Comment

Previous Post Next Post