(Unicode)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုအား ပြန်လည်ပိတ်ဆို့ ပြုပြင်ထားသည်ကို ယနေ့ ဇူလိုင် (၂၁) ရက် နံနက်ပိုင်းက တွေ့ရစဉ်။



အဆိုပါ တာရိုးကျိုးပေါက်မှုအား ပိတ်ဆို့ခဲ့ပြီးနောက် လမ်းသားပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည်ဟု မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက ဆိုသည်။

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါး အနီးတွင် ဇူလိုင် (၁၉) ရက် ည (၈) နာရီခွဲဝန်းကျင်မှ စတင်ကာ တာရိုး စိမ့်ပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် (၂၀) ရက် နံနက်ပိုင်းတွင်မူ တာရိုး ကျိုးပေါက်ခဲ့ကာ ညပိုင်းတွင် ပြန်လည်ပိတ်ဆို့ နိုင်ခဲ့သည်။

တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် အမရပူရမြို့ ကျန်တန်း၊ မှန်တန်း၊ ယဉ်တော်နှင့် ဈေးချိုစသည့် ရပ်ကွက်များမှ မြို့အနောက်ခြမ်း အနိမ့်ပိုင်းရှိ နေအိမ်အများအပြား ရေဝင်နစ်မြုပ်ခဲ့ပြီး လူဦးရေ (၆၀၀၀) ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရသည်။



အမရပူရမြို့ ရပ်ကွက်များ၌ ရေပြန်ကျရန် အနည်းဆုံး တစ်လခန့် ကြာမြင့်နိုင်ကြောင်းနှင့် ရေဘေးကြောင့် စားဝတ်နေရေးနှင့် လူအများအပြားနှင့် စုပြုံ နေထိုင်ရသဖြင့် COVID-19 ရောဂါ အန္တရာယ် စိုးရိမ်သည်ဟု ရေဘေးသင့်သူများက ဆိုသည်။


(Zawgyi)


မႏၱေလးျမိဳ႕၊ အမရပူရၿမိဳ႕နယ္၊ ေရႊဂဲေရထိန္းတံခါးအနီး တာရိုးက်ိဳးေပါက္မွုအား ျပန္လည္ပိတ္ဆို႔ ျပဳျပင္ထားသည္ကို ယေန႔ ဇူလိုင္ (၂၁) ရက္ နံနက္ပိုင္းက ေတြ႔ရစဥ္။



အဆိုပါ တာရိုးက်ိဳးေပါက္မွုအား ပိတ္ဆို႔ခဲ့ျပီးေနာက္ လမ္းသားျပဳျပင္ျခင္း လုပ္ငန္းမ်ား ဆက္လက္ လုပ္ေဆာင္မည္ဟု မႏၱေလးျမိဳ႕ေတာ္ စည္ပင္ တာ၀န္ရွိသူမ်ားက ဆိုသည္။

မနၱေလးျမိဳ႕ ေ႐ႊဂဲေရထိန္းတံခါး အနီးတြင္ ဇူလိုင္ (၁၉) ရက္ ည (၈) နာရီခြဲ၀န္းက်င္မွ စတင္ကာ တာရိုး စိမ့္ေပါက္ကာ ဧရာဝတီျမစ္ေရ ဝင္ေရာက္မႈ ျဖစ္ေပၚခဲ့ျပီး ဇူလိုင္ (၂၀) ရက္ နံနက္ပိုင္းတြင္မူ တာရိုး က်ိဳးေပါက္ခဲ့ကာ ညပိုင္းတြင္ ျပန္လည္ပိတ္ဆို႔ နိဳင္ခဲ့သည္။

တာရိုးက်ိဳးေပါက္ကာ ျမစ္ေရ၀င္ေရာက္မွုေၾကာင့္ အမရပူရျမိဳ႔ က်န္တန္း၊ မွန္တန္း၊ ယဥ္ေတာ္ႏွင့္ ေဈးခ်ိဳစသည့္ ရပ္ကြက္မ်ားမွ ျမိဳ့အေနာက္ျခမ္း အနိမ့္ပိုင္းရွိ ေနအိမ္အမ်ားအျပား ေရ၀င္နစ္ျမဳပ္ခဲ့ျပီး လူဦးေရ (၆၀၀၀) ေက်ာ္ကို ေရေဘးလြတ္ရာ ေျပာင္းေရႊ႕ထားရသည္။



အမရပူရျမိဳ႔ ရပ္ကြက္မ်ား၌ ေရျပန္က်ရန္ အနည္းဆံုး တစ္လခန္႔ ၾကာျမင့္နိဳင္ေၾကာင္းႏွင့္ ေရေဘးေၾကာင့္ စား၀တ္ေနေရးႏွင့္ လူအမ်ားအျပားႏွင့္ စုျပံဳ ေနထိုင္ရသျဖင့္ COVID-19 ေရာဂါ အႏၱရာယ္ စိုးရိမ္သည္ဟု ေရေဘးသင့္သူမ်ားက ဆိုသည္။

Post a Comment

Previous Post Next Post