(Unicode)


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ရေဆိုးထုတ်မြောင်း ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့တာကို ပရိသတ်ကြီးလည်း သိကြပြီးဖြစ်မှာပါ။ဒီလိုကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် လူ ၅၀၀၀ ခန့် နေရာရွှေ့ပြောင်းခဲ့ရတာပါ။



ဒီလိုဖြစ်စဉ်ကြီးမှာ ဘုန်းဘုန်းအရှင်ဆေကိန္ဒက ရေဘေးသင့်ဒေသသို့ အားချင်းသွားရောက်ကူညီပေးခဲ့သလို ရေဘေးသင့်ပြည်သူများကိုလည်း နေ့လည်စာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။တာရိုးမကျိုးပေါက်ခင်အချိန်မှာတော့ ဘုန်းဘုန်းဦးဆေကိန္ဒနဲ့ တာဝန်ရှိသူ များအကြား အနည်းငယ်ကတောက်ကဆဖြစ်မှုအချို့ရှိခဲ့ပြီး ဆရာတော်တစ်ပါးက ဘုန်းဘုန်းဦးဆေကိန္ဒကို အွန်လိုင်းမှ ပြင်းထန်စွာဝေဖန်မှုတွေလည်းရှိလာခဲ့ပါတယ်။ဒိအကြောင်းကို ထွဋ်မြတ်သူက အခုလိုဝေဖန်ပြောကြားလာခဲ့တာပါ။


“ဘုန်းဘုန်း အရှင်ဆေကိန္ဒက ရေဘေးသင့်တဲ့ဒေသကို ချက်ခြင်းသွားပြီး ကူညီပေးတယ်၊ ဟိုအရင်၊ကိုဗစ်လူနာ မရှိခင်တည်းက ဝေဘာဂီဆေးရုံမှာ မြက်တွေ သွားရှင်းပေးတယ်၊ ကိုဗစ်အတွက် ကွာရဒင်း စခန်းတွေ ကိုဖွင့်ပေးတယ်၊ လူတွေဘေးအန္တရာယ် ကျရောက်မယ့် အရေးမှာကာကွယ်ဖို့ ရဟန်းတော်တွေ ခေတ်အဆက်ဆက်ပါဝင်ခဲ့တယ်။ မြတ်စွာဘုရားကလည်း ချီးကျူးပါတယ်။ ခုလည်း ဆရာတော်က ကူညီပေးတယ်၊ ဆရာတော် မွေးရပ်မြေလည်းဖြစ်တော့ ကူညီဖို့သွားတာပါ။ ဝေဖန်တဲ့ ဆရာတော်ဟာ ရင့်သီးတဲ့စကားလုံးသုံးနှုန်းတာဟာ ဆရာတော်တွေကို ဒီလိုပြောလို့ရပါလားဆိုတာမျိုး ထင်သွားနိုင်တဲ့အတွက် ၊ အင်မတန်ဆင်ခြင်သင့်ကြောင်း ပြောချင်တာပါ”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းဘုန်းအရှင်ဆေကိန္ဒလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်းအခုလိုဖွင့်ဟလာခဲ့ပါသေးတယ်။



“ဘုန်းဘုန်းက လူငယ်တွေအကုန်လုံးအတွက် သင်တန်းတွေ ဖွင့်ပေးပါတယ်။ဒီလိုဖွင့်ပေးတဲ့နေရာမှာ လာတက်တဲ့ လူငယ်တွေကို နိုင်ငံရေးအကြောင်းလုံးဝမသင်ပါဘူး။မိဘနဲ့ သားသမီး ဆက်ဆံရေးအဆင်ပြေအောင်၊ ဆရာ တပည့်ဆက်ဆံရေးအဆင်ပြေအောင် အဓိကထားသင်ပါတယ်။ဒီလိုသင်တန်းတက်ဖူးတဲ့ ဆရာတော့်သားသမီးမှန်သမျှဟာလည်းအခုချိန်ထိ ဆရာတော့် သြဝါဒကို နာခံနေကြတုန်းပါပဲ။ဆရာတော်ဟာတတ်နိုင်သမျှလူငယ်တွေကို ကူညီပေးနေတာပါ။” လို့ အစချီကာ ပြန်လည်တုံ့ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။



ဒါကတော့ ဦးဇင်းဦးဆေကိန္ဒကို ရဟန်းအချင်းချင်း ပြင်းထန်စွာဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့ အထင်အမြင်လေးတွေကိုလည်း မျှဝေခဲ့ပေးပါအုန်းနော်။


(Zawgyi)


မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးခ႐ိုင္၊ အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္း-မႏၲေလးလမ္း၊ ေဒၚေအးၾကင္ထမင္းဆိုင္အနီး ေရဆိုးထုတ္ေျမာင္း က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရမ်ား ဝင္ေရာက္ခဲ့တာကို ပရိသတ္ႀကီးလည္း သိၾကၿပီးျဖစ္မွာပါ။ဒီလိုက်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ ဝင္ေရာက္မႈေၾကာင့္ လူ ၅၀၀၀ ခန္႔ ေနရာေ႐ႊ႕ေျပာင္းခဲ့ရတာပါ။



ဒီလိုျဖစ္စဥ္ႀကီးမွာ ဘုန္းဘုန္းအရွင္ေဆကိႏၵက ေရေဘးသင့္ေဒသသို႔ အားခ်င္းသြားေရာက္ကူညီေပးခဲ့သလို ေရေဘးသင့္ျပည္သူမ်ားကိုလည္း ေန႔လည္စာ လႉဒါန္းခဲ့တာျဖစ္ပါတယ္။တာ႐ိုးမက်ိဳးေပါက္ခင္အခ်ိန္မွာေတာ့ ဘုန္းဘုန္းဦးေဆကိႏၵနဲ႔ တာဝန္ရွိသူ မ်ားအၾကား အနည္းငယ္ကေတာက္ကဆျဖစ္မႈအခ်ိဳ႕ရွိခဲ့ၿပီး ဆရာေတာ္တစ္ပါးက ဘုန္းဘုန္းဦးေဆကိႏၵကို အြန္လိုင္းမွ ျပင္းထန္စြာေဝဖန္မႈေတြလည္းရွိလာခဲ့ပါတယ္။ဒိအေၾကာင္းကို ထြဋ္ျမတ္သူက အခုလိုေဝဖန္ေျပာၾကားလာခဲ့တာပါ။


“ဘုန္းဘုန္း အရွင္ေဆကိႏၵက ေရေဘးသင့္တဲ့ေဒသကို ခ်က္ျခင္းသြားၿပီး ကူညီေပးတယ္၊ ဟိုအရင္၊ကိုဗစ္လူနာ မရွိခင္တည္းက ေဝဘာဂီေဆး႐ုံမွာ ျမက္ေတြ သြားရွင္းေပးတယ္၊ ကိုဗစ္အတြက္ ကြာရဒင္း စခန္းေတြ ကိုဖြင့္ေပးတယ္၊ လူေတြေဘးအႏၲရာယ္ က်ေရာက္မယ့္ အေရးမွာကာကြယ္ဖို႔ ရဟန္းေတာ္ေတြ ေခတ္အဆက္ဆက္ပါဝင္ခဲ့တယ္။ ျမတ္စြာဘုရားကလည္း ခ်ီးက်ဴးပါတယ္။ ခုလည္း ဆရာေတာ္က ကူညီေပးတယ္၊ ဆရာေတာ္ ေမြးရပ္ေျမလည္းျဖစ္ေတာ့ ကူညီဖို႔သြားတာပါ။ ေဝဖန္တဲ့ ဆရာေတာ္ဟာ ရင့္သီးတဲ့စကားလုံးသုံးႏႈန္းတာဟာ ဆရာေတာ္ေတြကို ဒီလိုေျပာလို႔ရပါလားဆိုတာမ်ိဳး ထင္သြားႏိုင္တဲ့အတြက္ ၊ အင္မတန္ဆင္ျခင္သင့္ေၾကာင္း ေျပာခ်င္တာပါ”
လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဘုန္းဘုန္းအရွင္ေဆကိႏၵလုပ္ေဆာင္ေနတဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္းအခုလိုဖြင့္ဟလာခဲ့ပါေသးတယ္။



“ဘုန္းဘုန္းက လူငယ္ေတြအကုန္လုံးအတြက္ သင္တန္းေတြ ဖြင့္ေပးပါတယ္။ဒီလိုဖြင့္ေပးတဲ့ေနရာမွာ လာတက္တဲ့ လူငယ္ေတြကို ႏိုင္ငံေရးအေၾကာင္းလုံးဝမသင္ပါဘူး။မိဘနဲ႔ သားသမီး ဆက္ဆံေရးအဆင္ေျပေအာင္၊ ဆရာ တပည့္ဆက္ဆံေရးအဆင္ေျပေအာင္ အဓိကထားသင္ပါတယ္။ဒီလိုသင္တန္းတက္ဖူးတဲ့ ဆရာေတာ့္သားသမီးမွန္သမွ်ဟာလည္းအခုခ်ိန္ထိ ဆရာေတာ့္ ၾသဝါဒကို နာခံေနၾကတုန္းပါပဲ။ဆရာေတာ္ဟာတတ္ႏိုင္သမွ်လူငယ္ေတြကို ကူညီေပးေနတာပါ။” လို႔ အစခ်ီကာ ျပန္လည္တုံ႔ျပန္လာခဲ့တာလည္းျဖစ္ပါတယ္။



ဒါကေတာ့ ဦးဇင္းဦးေဆကိႏၵကို ရဟန္းအခ်င္းခ်င္း ျပင္းထန္စြာေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္လာခဲ့တာပဲျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သတ္ၿပီး ပရိသတ္ႀကီးရဲ႕ အထင္အျမင္ေလးေတြကိုလည္း မွ်ေဝခဲ့ေပးပါအုန္းေနာ္။

Post a Comment

Previous Post Next Post