(Unicode)

တရုတ်နိုင်ငံကနေ ပြန်လာသူတွေကို တာဝန်ရှိသူတွေက Quarantine နေရာကို ခေါ်ဖို့ စောင့်နေတုန်း အမျိုးသမီး ၁ ဦး အိမ်ပြန်သွားတာကြောင့် လိုက်လံတားဆီးပြီး ပြန်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကနေ ပြန်လာပြီး မန္တလေးကနေ ရထားနဲ့ ပြန်လာကြသူတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်က ၄ ယောက်ပါလာတယ်လို့ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်က ပြောပါတယ်။


“သူတို့ ဘူတာကနေ ဆင်းတာတော့ အုပ်ချုပ်ရေးမှူး ၂ ယောက်က စာရင်းရေးနေတုန်း ကောင်မလေးက သူ့အဒေါ်နဲ့အတူ တက္ကစီငှားပြီး အိမ်ပြန်သွားတာ။ ကျနော်တို့မှာ တက္ကစီနံပါတ်ရော သူတို့ ဖုန်းနံပါတ်ရောရှိတော့ လှမ်းခေါ်ပြီး လမ်းမှာပဲ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ လူနာတင်ယာဉ်လည်း တခါတည်းခေါ်ပြီး ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာပဲ ခေါ်လာခဲ့တာပါ” လို့ ပြောပါတယ်။သူတို့ကို RC 2 က အမရာဆောင် Quarantine နေရာကို ပို့ပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီဗွီဘီ

(Zawgyi)


တ႐ုတ္ႏိုင္ငံကေန ျပန္လာသူေတြကို တာဝန္ရွိသူေတြက Quarantine ေနရာကို ေခၚဖို႔ ေစာင့္ေနတုန္း အမ်ိဳးသမီး ၁ ဦး အိမ္ျပန္သြားတာေၾကာင့္ လိုက္လံတားဆီးၿပီး ျပန္ေခၚခဲ့ရတယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံကေန ျပန္လာၿပီး မႏၲေလးကေန ရထားနဲ႔ ျပန္လာၾကသူေတြထဲမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ၄ ေယာက္ပါလာတယ္လို႔ ေ႐ႊေပါက္ကံၿမိဳ႕သစ္ အုပ္ခ်ဳပ္ေရးမႉး ဦးေသာင္းလြင္က ေျပာပါတယ္။



“သူတို႔ ဘူတာကေန ဆင္းတာေတာ့ အုပ္ခ်ဳပ္ေရးမႉး ၂ ေယာက္က စာရင္းေရးေနတုန္း ေကာင္မေလးက သူ႔အေဒၚနဲ႔အတူ တကၠစီငွားၿပီး အိမ္ျပန္သြားတာ။ က်ေနာ္တို႔မွာ တကၠစီနံပါတ္ေရာ သူတို႔ ဖုန္းနံပါတ္ေရာရွိေတာ့ လွမ္းေခၚၿပီး လမ္းမွာပဲ ျပန္ေခၚလာႏိုင္ခဲ့ပါတယ္။ လူနာတင္ယာဥ္လည္း တခါတည္းေခၚၿပီး ၂၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕မွာပဲ ေခၚလာခဲ့တာပါ” လို႔ ေျပာပါတယ္။သူတို႔ကို RC 2 က အမရာေဆာင္ Quarantine ေနရာကို ပို႔ေပးခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post