(Unicode)


တိုင်းပြည် အတွက် တရား ဥပဒေ စိုးမိုးရေး မှာ အဓိက အ ရေးကြီး သဖြင့် ချိုးဖောက် ပါက ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ် တို့ကစ၍ မည်သူ့ ကိုမဆို အရေးယူ ရမည်ဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက် တာအောင် မိုးညိုက ပြော သည်။

ဇူလိုင်  (၂၇) ရက် တွင် တိုင်း အစိုးရ ရုံးခန်းမ ၌ ပြုလုပ် သည့် မကွေးတိုင်း အစိုးရ အဖွဲ့ စတုတ္ထ (၁)နှစ် တာ လုပ်ငန်းဆောင် ရွက် ချက် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ထိုသို့ပြောကြား ခြင်းဖြစ်သည်။ ၎င်းတို့ အစိုးရသစ် တက်ခါ စတွင် သစ်မှောင်ခိုမှုတစ်ခု၌အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိ ယဥက္ကဋ္ဌပါဝင်နေကြောင်း သိရှိရ သော် လည်း တရားဥပဒေအရသာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။

‘‘အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒု ဥက္ကဋ္ဌမက လို့ ကျွန်တော့် အ ဖေပဲဖြစ်ဖြစ်၊ ကျွန်တော့် ညီ ပဲ ဖြစ်ဖြစ် ဥပဒေ ချိုးဖောက်ခဲ့လို့ရှိ ရင် ဖမ်းဆီးပါ၊ အရေးယူပါ အဲဒါမျိုး အရေးယူတာတွေ လုပ်ရတယ်’’ ဟု ဒေါက်တာအောင်မိုးညိုကဆို သည်။ ယင်းသို့ ဖမ်းဆီးအရေးယူ ခြင်းမှာလည်း အမြင် ကတ်၍ မဟုတ်ကြောင်း၊ တရားဥပဒေစိုး မိုးရေးအတွက် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြော သည်။

မကွေးတိုင်း တွင် ၂၀၁၉ ဧပြီ (၁) ရက် ကစ၍ ၂၀၂၀ ဇွန် လ (၃၀) ရက် အထိ အမှု ကြီး စုစုပေါင်း (၃၂၁)မှု ရှိခဲ့ပြီး လက်ကျန် စိစစ် ဆောင်ရွက် ဆဲအမှု (၃၇)မှု ရှိ ကြောင်း တိုင်းနယ် လုံဝန်ကြီး ဗိုလ် မှူးကြီး မင်းဦးက ပြော သည်။

crd:7day news


(Zawgyi)






crd:7day news

Post a Comment

Previous Post Next Post