(Unicode)

ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း သူမတတ်နိုင်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက ဖခင်စွန့်ပစ်ခံရပြီး မိခင်ကပါ လူ့လောကထဲမှာမရှိတော့တဲ့ (၁၄)ရက်သား ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။



“၁၅ နှစ် သမီး‌က မွေးတဲ့ ၅ပေါင်ပဲရှိတဲ့ ၁၄ရက်သား အသားဝါရောဂါရှင်လေး ဖခင်ဖြစ်သူက လူစိတ်မဲ့ပြီး ကိုယ်ဝန်ရှိထဲက ထားခဲ့ပြီး..အမေဖြစ်သူက မီးတွင်းထဲမှာ ဆုံးသွားတယ်။ ဦးလေးဖြစ်တဲ့သူက ကျမဆီ ဆက်သွယ်ပြီး အကူညီတောင်းရှာတယ်။ ကလေးဆို ‌ဘာရောဂါမှ မရှိမှ ခေါ်မယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့တဲ့အတွက်ရယ် ကလေးရဲ့ရောဂါက ကူးစက်ရောဂါမဟုတ်တာရယ်ကြောင့် ကျမ ဒီကလေးလေးကို အလုံးစုံ သက်သာပျောက်ကင်းအောင် ကုသရင်း ကျမ ရင်ခွင်မှာ မိခင်မေတ္တာကော ဖခင်မေတ္တာပါ အပြည့်အဝ ပေးမယ်လို့ ဆုံးဖြတ်ရင်း ကျမ သားငယ်လေးတစ်ယောက် ထပ်တိုးလာခဲ့ပြန်ပါပြီရှင်။” ဆိုပြီး မျှဝေထားပါတယ်။



ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေရှာတဲ့ ကလေးငယ်တွေကို ကူညီရင်း သံယောဇဉ်ကြိုးလေးတွေ တိုးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သားလေးလည်း မေမေခိုင်နှင်းဝေရဲ့ ရင်ငွေ့တွေနဲ့ အေးချမ်းပျော်ရွှင်ပြီး တိုင်းပြည်အတွက် အကျိုးရှိစေတဲ့ သားကောင်းရတနာလေးဖြစ်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



Source: Khine Hnin Wai’s fb
Credit – Cele Connections

(Zawgyi)


ပရဟိတမင္းသမီးေလးလို႔ ပရိသတ္ေတြက တင္စားၾကတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ခိုင္ႏွင္းေဝ ပရဟိတလူငယ္မ်ားအဖြဲ႕တည္ေထာင္ထားၿပီး လူမႈကူညီေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနလ်က္ ရွိပါတယ္။ ခိုင္ႏွင္းေဝက လက္ရွိမွာလည္း အႏုပညာလုပ္ငန္းေတြကို လုပ္ေဆာင္ေနရင္း သူမတတ္ႏိုင္တဲ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ခိုင္ႏွင္းေဝက ဖခင္စြန႔္ပစ္ခံရၿပီး မိခင္ကပါ လူ႔ေလာကထဲမွာမရွိေတာ့တဲ့ (၁၄)ရက္သား ကေလးငယ္ေလးကို ေခၚယူေမြးစားခဲ့ေၾကာင္း အခုလိုပဲေျပာလာပါတယ္။

                         

“၁၅ ႏွစ္ သမီး‌က ေမြးတဲ့ ၅ေပါင္ပဲရွိတဲ့ ၁၄ရက္သား အသားဝါေရာဂါရွင္ေလး ဖခင္ျဖစ္သူက လူစိတ္မဲ့ၿပီး ကိုယ္ဝန္ရွိထဲက ထားခဲ့ၿပီး..အေမျဖစ္သူက မီးတြင္းထဲမွာ ဆုံးသြားတယ္။ ဦးေလးျဖစ္တဲ့သူက က်မဆီ ဆက္သြယ္ၿပီး အကူညီေတာင္းရွာတယ္။ ကေလးဆို ‌ဘာေရာဂါမွ မရွိမွ ေခၚမယ္ဆိုတဲ့ စိတ္ကူးမရွိခဲ့တဲ့အတြက္ရယ္ ကေလးရဲ႕ေရာဂါက ကူးစက္ေရာဂါမဟုတ္တာရယ္ေၾကာင့္ က်မ ဒီကေလးေလးကို အလုံးစုံ သက္သာေပ်ာက္ကင္းေအာင္ ကုသရင္း က်မ ရင္ခြင္မွာ မိခင္ေမတၱာေကာ ဖခင္ေမတၱာပါ အျပည့္အဝ ေပးမယ္လို႔ ဆုံးျဖတ္ရင္း က်မ သားငယ္ေလးတစ္ေယာက္ ထပ္တိုးလာခဲ့ျပန္ပါၿပီရွင္။” ဆိုၿပီး မွ်ေဝထားပါတယ္။



ခိုင္ႏွင္းေဝကေတာ့ အခက္အခဲျဖစ္ေနရွာတဲ့ ကေလးငယ္ေတြကို ကူညီရင္း သံေယာဇဥ္ႀကိဳးေလးေတြ တိုးလာခဲ့ၿပီပဲ ျဖစ္ပါတယ္။ သားေလးလည္း ေမေမခိုင္ႏွင္းေဝရဲ႕ ရင္ေငြ႕ေတြနဲ႔ ေအးခ်မ္းေပ်ာ္႐ႊင္ၿပီး တိုင္းျပည္အတြက္ အက်ိဳးရွိေစတဲ့ သားေကာင္းရတနာေလးျဖစ္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။


Source: Khine Hnin Wai’s fb
Credit – Cele Connections

Post a Comment

Previous Post Next Post