(Unicode)

ကျွန်တော်တို့ SNZ Co., Ltd. ၏ ကွန်တိန်နာ ကား ပြန်ပေးဆွဲ ခံရသော အကြောင်းနှင့် နောက်ထပ် အများသူငှာများ မကြုံရစေရန် အတွက် အသိပေးအကြောင်းကြား ပြောကြားခြင်း။

ဖြစ်စဉ်မှာ-29.6.2020 ည ၈နာရီအချိန်ခန့်၊ ဆိပ်ကမ်းများ ချိတ်ဆက်ရာလမ်း ခေါ် ကျောက်လမ်းမကြီး Innovation Center တစ်ဖက်ခြမ်း အလုံဘက်သို့ ဦးတည်၍ ကားရပ်ထားစဉ် ကားမှန်တံခါးအား အမည်မသိသူတစ်ဦးမှခေါက်ပြီး ယာဉ်နောက်လိုက်ကို အကူ အညီတောင်းဟန်ဖြင့် စကားပြောနေစဉ် ကျန်နှစ်ဦးမှ တစ်ဖက်တံခါး မှတက်လာပြီး လည်းပင်ကိုဓားဖြင့်ထောက်ကာ ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းပါသည်။ ယာဉ်နောက်လိုက်မှာ မိမိတွင် ငွေကျပ် ခုနှစ်ထောင်သာ ရှိကြောင်းပြောကြား ခဲ့ပြီး ခုနှစ်ထောင်နှင့်အတူ ကျန်ကားပေါ်ရှိပစ္စည်းများပါ အကုန်ယူ သွားရန်တောင်းပန်ပြောဆိုခဲ့ပါသည်။ ထိုအခါ ဓားထောက်လုယက်သူများမှ ငွေကျပ် ၅သောင်းတိတိကိုပေးရမည်ဟုထပ်မံ ခြိမ်းခြောက် တောင်းဆိုနေစဉ် လုယက်သူတစ်ဉ်းမှယာဉ်နောက်လိုက်၏ ဘယ်ဘက်ပေါင်အား ဓားဖြင့်ထိုး၍ ယာဉ်အားစက်နှိုးခိုင်းပြီး မောင်းနှင်ရန်ပြင်ခိုင်းပြီး ယာဉ်နောက်လိုက်မှာရွေးချယ်စရာမရှိ၍ တရာခံများ ယာဉ်မောင်းနှင်ရန် လုပ်ဆောင်ပေးနေရ ပါသည်။ အချိန်မှာ ည၉နာရီခန့်သို့ရောက်ရှိနေပါပြီ။ ယာဉ်အားလုယက်ဓားမြတိုက်သူ သုံးဦးမှ ယာဉ်နောက်လိုက်အား လက်ပြန် ကြိုးတုတ်ထားပြီး ခေါင်းကိုငုံခိုင်းထားပါသည်။ ထိုစဉ် ယာဉ်နောက်လိုက်၏ ဖုန်းကိုယူကာ ယာဉ်မောင်း ကိုဖုန်း ဆက်၍ ငွေသုံးသိန်းကို wavemoney ဖြင့် လွဲပေးရန် ထပ်မံခြိမ်းခြောက်တောင်းဆိုပြန်သည်။



လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ 


အချိန်မှာ ည ၁၁နာရီအချိန်ခန့်ရှိနေပြီး ကားမှာ ရွှေလင်းဗန်း စက်မှုဇုံ သို့ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်မှာလမ်းတောက်လျှောက်တွင်လဲ မတော်တဆ ထိခိုက်တိုက်မိသံများကိုကြားရသည်ဟုယာဉ်မနာက်လိုက် မှပြောပါသည်။ ယာဉ်ပိုင်ရှင် ကျွန်တော့်အား ည ၁၁နာရီ ၄၆မိနစ် တွင် ယာဉ်မောင်းကို လုယက်သူများဖုန်းဆက်ခိုင်းစေသောကြောင့် ကျွန်တော်မှဖြစ်စဉ်အကြောင်းအရာများကိုအကုန်သိရှိရသည်။ ထိုအချင်းအရာကိုသိလျှင်သိချင်း GPS ဖြင့်ကြည့်ရှု့ခဲ့ရာ အကြောင်းအရာဖြစ်စဉ်များကို 199 သို့အသိပေး အကြောင်းကြားခဲ့ပါသည်။ 199 မှတာဝန်ရှိသူများအထောက်အကူပြုသိရှိစေရန်အတွက် ကျွန်တော်တို့ဘက်မှလဲ လမ်းကြောင်းသိရှိရန် GPS ကြည့်ရန် အသုံးပြုရန်အတွက် websit မှဆင့်ဝင်ရောက်ကြည့်ရှု့နိုင်ရန် Password နှင့် Gmail တို့အားပေး ခဲ့ပါသည်။





ဧရာဝတီတိုင်း မဲဇလီစခန်းမှ စခန်းမှူးနှင့် ရဲတပ်သားများကြိုးစားပေးခဲ့မှုကြောင့် မဲဇလီယာဉ်ထိန်းတံတားတွင်ကားကို ပြန်လည်တွေ့ရှိခဲ့ပါသည်။ ကားသည် ပေးဆွဲလုယက်သူတို့၏ မင်းမဲ့စရိုက်ဆန်စွာပြုမူလုပ်ကိုင်ခဲ့မှုကြောင့် တံတားခြေဆင်းဘောင်များလဲ တိုက်မိခဲ့ပါသည်။ ပျက်စီး ဆုံးရှုံးမှုမှာ ကာလတန်ဖိုး၏ သိန်း ၂၀၀ ဖိုးခန်ံ့ကုန်ကျမည်ဖြစ်ပါသည်။ ထိုစဉ် လုယက်သူ ၃ယောက်မှ ကားအရှေ့နေကာမှန်အား တွန်းခွဲထွက်၍ အောက်ဘက်ရှိချုံထဲတွင် ပုန်းခိုနေမည်ဟု ခန့်မှန်းခဲ့ရပါသည်။




တာဝန်ရှိရဲတပ်ဖွဲ့များမှ ၁နာရီ၃၀ နှင့် ၂နာရီ ခန့်အချိန်တွင် မဲဇလီချောင်း ဘေးနားရှိ ချုံထဲတွင် တရားခံ သုံးဦးအနက်မှတစ်ဦးကိုဖမ်းမိခဲ့ပါသည်။ ကျန်နှစ်ဦးမှာ ချောင်းထဲသို့ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယူဆရပါသည်။ ဖမ်းဆီးရမိသူတစ်ဦးမှ မိမိတို့၏ လုပ်ရပ်များအကြောင်း အစီအစဉ်များ ကိုဝန်ခံပြောကြားခဲ့သည်။ထို့နောက် မဲဇလီစခန်းမှူးနှင့်တာဝန်ရှိသူများ၏ကြိုးစားပေးခဲ့မှုကြောင့် နောက်ထပ်တရားခံတစ်ဦးကို ၃၀.၆.၂၀၂၀ တွင်ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ သို့သော်နောက်ဆုံး တစ်ယောက်မှာယနေ့အချိန်ထိ ရှာဖွေမတွေ့ရှိသေးပဲ ပျောက်ဆုံးနေသေး သောကြောင့် အများပြည်သူများနှင့် ဆိပ်ကမ်းနှင့်သက်ဆိုင်လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များ ညီအစ်ကိုမောင်နှမများအနေဖြင့် သတိဖြင့်သွားလာ လုပ်ကိုင်နိုင်ကြရန် အတွက် အသိပေးပြောကြားခဲ့ခြင်း ဖြစ်ပါသည်။တရားခံများသည် မည်မျှအထိမင်းမဲ့စရိုက်ဆန်စွာ ဥပဒေကိုမလေးမစားနှင့်ထပ်မံ၍ တစ်နာရီအတွင်း wavemoney နှင့် တောင်းသောငွေများမပေးပါက လူနှင့်ကားကိုပါအစဖျောက်မီးရှို့ ဖျက်ဆီးပစ်မည်အထိခြိမ်းခြောက်ပြန်ပေးဆွဲခံခဲ့ရသော ကျွန်တော်တို့၏ ဖြစ်စဉ်မျိုးနောက်ထပ်အများသူငှာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မကြုံရစေရန် မဖြစ်စေရန်အတွက် စေတနာရှေ့ရှု့ဝေမျှအပ်ပါသည်။

Credit K Thein Swe


(Zawgyi)


ကြၽန္ေတာ္တို႔ SNZ Co., Ltd. ၏ ကြန္တိန္နာ ကား ျပန္ေပးဆြဲ ခံရေသာ အေၾကာင္းႏွင့္ ေနာက္ထပ္ အမ်ားသူငွာမ်ား မႀကဳံရေစရန္ အတြက္ အသိေပးအေၾကာင္းၾကား ေျပာၾကားျခင္း။

ျဖစ္စဥ္မွာ-29.6.2020 ည ၈နာရီအခ်ိန္ခန႔္၊ ဆိပ္ကမ္းမ်ား ခ်ိတ္ဆက္ရာလမ္း ေခၚ ေက်ာက္လမ္းမႀကီး Innovation Center တစ္ဖက္ျခမ္း အလုံဘက္သို႔ ဦးတည္၍ ကားရပ္ထားစဥ္ ကားမွန္တံခါးအား အမည္မသိသူတစ္ဦးမွေခါက္ၿပီး ယာဥ္ေနာက္လိုက္ကို အကူ အညီေတာင္းဟန္ျဖင့္ စကားေျပာေနစဥ္ က်န္ႏွစ္ဦးမွ တစ္ဖက္တံခါး မွတက္လာၿပီး လည္းပင္ကိုဓားျဖင့္ေထာက္ကာ ၿခိမ္းေျခာက္ၿပီး ပိုက္ဆံေတာင္းပါသည္။ ယာဥ္ေနာက္လိုက္မွာ မိမိတြင္ ေငြက်ပ္ ခုႏွစ္ေထာင္သာ ရွိေၾကာင္းေျပာၾကား ခဲ့ၿပီး ခုႏွစ္ေထာင္ႏွင့္အတူ က်န္ကားေပၚရွိပစၥည္းမ်ားပါ အကုန္ယူ သြားရန္ေတာင္းပန္ေျပာဆိုခဲ့ပါသည္။ ထိုအခါ ဓားေထာက္လုယက္သူမ်ားမွ ေငြက်ပ္ ၅ေသာင္းတိတိကိုေပးရမည္ဟုထပ္မံ ၿခိမ္းေျခာက္ ေတာင္းဆိုေနစဥ္ လုယက္သူတစ္ဥ္းမွယာဥ္ေနာက္လိုက္၏ ဘယ္ဘက္ေပါင္အား ဓားျဖင့္ထိုး၍ ယာဥ္အားစက္ႏႈိးခိုင္းၿပီး ေမာင္းႏွင္ရန္ျပင္ခိုင္းၿပီး ယာဥ္ေနာက္လိုက္မွာေ႐ြးခ်ယ္စရာမရွိ၍ တရာခံမ်ား ယာဥ္ေမာင္းႏွင္ရန္ လုပ္ေဆာင္ေပးေနရ ပါသည္။ အခ်ိန္မွာ ည၉နာရီခန႔္သို႔ေရာက္ရွိေနပါၿပီ။ ယာဥ္အားလုယက္ဓားျမတိုက္သူ သုံးဦးမွ ယာဥ္ေနာက္လိုက္အား လက္ျပန္ ႀကိဳးတုတ္ထားၿပီး ေခါင္းကိုငုံခိုင္းထားပါသည္။ ထိုစဥ္ ယာဥ္ေနာက္လိုက္၏ ဖုန္းကိုယူကာ ယာဥ္ေမာင္း ကိုဖုန္း ဆက္၍ ေငြသုံးသိန္းကို wavemoney ျဖင့္ လြဲေပးရန္ ထပ္မံၿခိမ္းေျခာက္ေတာင္းဆိုျပန္သည္။



လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ 


အခ်ိန္မွာ ည ၁၁နာရီအခ်ိန္ခန႔္ရွိေနၿပီး ကားမွာ ေ႐ႊလင္းဗန္း စက္မႈဇုံ သို႔ေရာက္ရွိေနၿပီျဖစ္သည္။ ထိုအခ်ိန္မွာလမ္းေတာက္ေလွ်ာက္တြင္လဲ မေတာ္တဆ ထိခိုက္တိုက္မိသံမ်ားကိုၾကားရသည္ဟုယာဥ္မနာက္လိုက္ မွေျပာပါသည္။ ယာဥ္ပိုင္ရွင္ ကြၽန္ေတာ့္အား ည ၁၁နာရီ ၄၆မိနစ္ တြင္ ယာဥ္ေမာင္းကို လုယက္သူမ်ားဖုန္းဆက္ခိုင္းေစေသာေၾကာင့္ ကြၽန္ေတာ္မွျဖစ္စဥ္အေၾကာင္းအရာမ်ားကိုအကုန္သိရွိရသည္။ ထိုအခ်င္းအရာကိုသိလွ်င္သိခ်င္း GPS ျဖင့္ၾကည့္ရႈ႕ခဲ့ရာ အေၾကာင္းအရာျဖစ္စဥ္မ်ားကို 199 သို႔အသိေပး အေၾကာင္းၾကားခဲ့ပါသည္။ 199 မွတာဝန္ရွိသူမ်ားအေထာက္အကူျပဳသိရွိေစရန္အတြက္ ကြၽန္ေတာ္တို႔ဘက္မွလဲ လမ္းေၾကာင္းသိရွိရန္ GPS ၾကည့္ရန္ အသုံးျပဳရန္အတြက္ websit မွဆင့္ဝင္ေရာက္ၾကည့္ရႈ႕ႏိုင္ရန္ Password ႏွင့္ Gmail တို႔အားေပး ခဲ့ပါသည္။



ဧရာဝတီတိုင္း မဲဇလီစခန္းမွ စခန္းမႉးႏွင့္ ရဲတပ္သားမ်ားႀကိဳးစားေပးခဲ့မႈေၾကာင့္ မဲဇလီယာဥ္ထိန္းတံတားတြင္ကားကို ျပန္လည္ေတြ႕ရွိခဲ့ပါသည္။ ကားသည္ ေပးဆြဲလုယက္သူတို႔၏ မင္းမဲ့စ႐ိုက္ဆန္စြာျပဳမူလုပ္ကိုင္ခဲ့မႈေၾကာင့္ တံတားေျခဆင္းေဘာင္မ်ားလဲ တိုက္မိခဲ့ပါသည္။ ပ်က္စီး ဆုံးရႈံးမႈမွာ ကာလတန္ဖိုး၏ သိန္း ၂၀၀ ဖိုးခန္ံ့ကုန္က်မည္ျဖစ္ပါသည္။ ထိုစဥ္ လုယက္သူ ၃ေယာက္မွ ကားအေရွ႕ေနကာမွန္အား တြန္းခြဲထြက္၍ ေအာက္ဘက္ရွိခ်ဳံထဲတြင္ ပုန္းခိုေနမည္ဟု ခန႔္မွန္းခဲ့ရပါသည္။



တာဝန္ရွိရဲတပ္ဖြဲ႕မ်ားမွ ၁နာရီ၃၀ ႏွင့္ ၂နာရီ ခန႔္အခ်ိန္တြင္ မဲဇလီေခ်ာင္း ေဘးနားရွိ ခ်ဳံထဲတြင္ တရားခံ သုံးဦးအနက္မွတစ္ဦးကိုဖမ္းမိခဲ့ပါသည္။ က်န္ႏွစ္ဦးမွာ ေခ်ာင္းထဲသို႔ထြက္ေျပးလြတ္ေျမာက္သြားသည္ဟု ယူဆရပါသည္။ ဖမ္းဆီးရမိသူတစ္ဦးမွ မိမိတို႔၏ လုပ္ရပ္မ်ားအေၾကာင္း အစီအစဥ္မ်ား ကိုဝန္ခံေျပာၾကားခဲ့သည္။ထို႔ေနာက္ မဲဇလီစခန္းမႉးႏွင့္တာဝန္ရွိသူမ်ား၏ႀကိဳးစားေပးခဲ့မႈေၾကာင့္ ေနာက္ထပ္တရားခံတစ္ဦးကို ၃၀.၆.၂၀၂၀ တြင္ထပ္မံဖမ္းဆီးရမိခဲ့ပါသည္။ သို႔ေသာ္ေနာက္ဆုံး တစ္ေယာက္မွာယေန႔အခ်ိန္ထိ ရွာေဖြမေတြ႕ရွိေသးပဲ ေပ်ာက္ဆုံးေနေသး ေသာေၾကာင့္ အမ်ားျပည္သူမ်ားႏွင့္ ဆိပ္ကမ္းႏွင့္သက္ဆိုင္လုပ္ကိုင္ေနေသာ လုပ္ေဖာ္ကိုင္ဖက္မ်ား ညီအစ္ကိုေမာင္ႏွမမ်ားအေနျဖင့္ သတိျဖင့္သြားလာ လုပ္ကိုင္ႏိုင္ၾကရန္ အတြက္ အသိေပးေျပာၾကားခဲ့ျခင္း ျဖစ္ပါသည္။တရားခံမ်ားသည္ မည္မွ်အထိမင္းမဲ့စ႐ိုက္ဆန္စြာ ဥပေဒကိုမေလးမစားႏွင့္ထပ္မံ၍ တစ္နာရီအတြင္း wavemoney ႏွင့္ ေတာင္းေသာေငြမ်ားမေပးပါက လူႏွင့္ကားကိုပါအစေဖ်ာက္မီးရႈိ႕ ဖ်က္ဆီးပစ္မည္အထိၿခိမ္းေျခာက္ျပန္ေပးဆြဲခံခဲ့ရေသာ ကြၽန္ေတာ္တို႔၏ ျဖစ္စဥ္မ်ိဳးေနာက္ထပ္အမ်ားသူငွာမ်ား ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ား မႀကဳံရေစရန္ မျဖစ္ေစရန္အတြက္ ေစတနာေရွ႕ရႈ႕ေဝမွ်အပ္ပါသည္။

Credit K Thein Swe

Post a Comment

Previous Post Next Post