(Unicode)

မင်းသူကိုတော့ VCD အခွေတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အနုပညာသက်တမ်းကလည်း အခုဆိုရင် နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ မင်းသူက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းမှာလည်း သားဖြစ်သူကို လက်တွဲခေါ်ဆောင်လာတာ တွေ့ရပါတယ်။ သူ့ရဲ့ သားအကြီးဆုံး မင်းသန့်ကိုကို ဟာ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။


သားသမီး ၃ ယောက်စလုံးကို အနုပညာအမွေ ပေးချင်ပေမဲ့ အနုပညာဝါသနာမပါတဲ့ သားကြီးရဲ့ အကြောင်းကိုတော့ အခုလိုပဲ ပြောပြခဲ့တာပါ။ ” “ သားကတော့ အနုပညာအလုပ်ကို သိပ်ပြီးတော့ ဝါသနာပါလှတယ်လို့တော့ မရှိဘူး။ ဒါကြောင့် ဒီအလုပ်လုပ်ဖို့အတွက်တော့ ခဲယင်းတာပေါ့လေ။


ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒီအလုပ်ကို ဝါသနာပါလို့ လျှောက်ခဲ့တဲ့ အတွက်ကြောင့် အတားအဆီးအခက်အခဲတွေကတော့ အရမ်းကိုများတယ်။ ဒါကို သူတို့ အနေနဲ့ နားလည်နိုင်ဖို့ ကျော်ဖြတ်နိုင်ဖို့ ဆိုတာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ သူကတော့ အနုပညာအလုပ်ကို ဝါသနာမပါတော့ ပြောရ နည်းနည်း ခက်ခဲလိမ့်မယ်”ဆိုကာ သားကြီးဖြစ်သူရဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းရတဲ့ အခက်အခဲကို ပြောပြခဲ့ပါတယ်။


သမီးငယ်လေး ၂ ယောက်ကိုတော့ ငယ်စဉ်ကတည်းက ဝါသနာပါတဲ့အရာအတွက် ပံ့ပိုးပေးမယ့်အကြောင်းကိုတော့ ” “ သမီးလေး နှစ်ယောက်မှာ တစ်ယောက်ကတော့ အခုမှ (၄) တန်း တက်မှာ။ တစ်ယောက်ကတော့ (၄) နှစ်ကျော်ပါပြီ။ အဲဒီ နှစ်ယောက်ကိုတော့ နည်းနည်း မျှော်လင့်လို့ရသေးတယ်။


သူတို့ ကြီးလာရင် ဘာလုပ်မယ် ဆိုတာကို အခုကတည်းက ဆုံးဖြတ်ချက် ချနိုင်တယ်။ သူတို့ကျောင်းပိတ်ရက်ဆို အစ်ကိုက ရှုတင်ခေါ်လေ့ရှိတော့ ကြီးလာရင် သရုပ်ဆောင် လုပ်မယ်လို့ပြောတယ်။ အစ်ကိုကလည်း လုပ်ရမယ်လို့ မပြောထားပေမယ့် သမီးတွေကိုယ်တိုင်က လုပ်ချင်တယ်လို့ ပြောလာရင် တတ်နိုင်သ၍ ပုခုံးထမ်းတင်ရမှာပေါ့” ဆိုကာ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။

(Zawgyi)


မင္းသူကိုေတာ့ VCD အေခြေတြမွာ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ ႏွစ္ေပါင္း(၂၀) ေက်ာ္လာခဲ့ပါၿပီ။ မင္းသူက သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈတိုင္းမွာလည္း သားျဖစ္သူကို လက္တြဲေခၚေဆာင္လာတာ ေတြ႕ရပါတယ္။ သူ႔ရဲ႕ သားအႀကီးဆုံး မင္းသန႔္ကိုကို ဟာ ၂၀၁၈ ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ ေ႐ႊႀကိဳေမာင္တစ္ေယာက္အျဖစ္ပါဝင္ခဲ့ပါေသးတယ္။


သားသမီး ၃ ေယာက္စလုံးကို အႏုပညာအေမြ ေပးခ်င္ေပမဲ့ အႏုပညာဝါသနာမပါတဲ့ သားႀကီးရဲ႕ အေၾကာင္းကိုေတာ့ အခုလိုပဲ ေျပာျပခဲ့တာပါ။ ” “ သားကေတာ့ အႏုပညာအလုပ္ကို သိပ္ၿပီးေတာ့ ဝါသနာပါလွတယ္လို႔ေတာ့ မရွိဘူး။ ဒါေၾကာင့္ ဒီအလုပ္လုပ္ဖို႔အတြက္ေတာ့ ခဲယင္းတာေပါ့ေလ။


ကြၽန္ေတာ္တို႔ ကိုယ္တိုင္ကလည္း ဒီအလုပ္ကို ဝါသနာပါလို႔ ေလွ်ာက္ခဲ့တဲ့ အတြက္ေၾကာင့္ အတားအဆီးအခက္အခဲေတြကေတာ့ အရမ္းကိုမ်ားတယ္။ ဒါကို သူတို႔ အေနနဲ႔ နားလည္ႏိုင္ဖို႔ ေက်ာ္ျဖတ္ႏိုင္ဖို႔ ဆိုတာ နည္းနည္းေတာ့ ခက္ခဲလိမ့္မယ္။ သူကေတာ့ အႏုပညာအလုပ္ကို ဝါသနာမပါေတာ့ ေျပာရ နည္းနည္း ခက္ခဲလိမ့္မယ္”ဆိုကာ သားႀကီးျဖစ္သူရဲ႕ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းရတဲ့ အခက္အခဲကို ေျပာျပခဲ့ပါတယ္။


သမီးငယ္ေလး ၂ ေယာက္ကိုေတာ့ ငယ္စဥ္ကတည္းက ဝါသနာပါတဲ့အရာအတြက္ ပံ့ပိုးေပးမယ့္အေၾကာင္းကိုေတာ့ ” “ သမီးေလး ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ အခုမွ (၄) တန္း တက္မွာ။ တစ္ေယာက္ကေတာ့ (၄) ႏွစ္ေက်ာ္ပါၿပီ။ အဲဒီ ႏွစ္ေယာက္ကိုေတာ့ နည္းနည္း ေမွ်ာ္လင့္လို႔ရေသးတယ္။


သူတို႔ ႀကီးလာရင္ ဘာလုပ္မယ္ ဆိုတာကို အခုကတည္းက ဆုံးျဖတ္ခ်က္ ခ်ႏိုင္တယ္။ သူတို႔ေက်ာင္းပိတ္ရက္ဆို အစ္ကိုက ရႈတင္ေခၚေလ့ရွိေတာ့ ႀကီးလာရင္ သ႐ုပ္ေဆာင္ လုပ္မယ္လို႔ေျပာတယ္။ အစ္ကိုကလည္း လုပ္ရမယ္လို႔ မေျပာထားေပမယ့္ သမီးေတြကိုယ္တိုင္က လုပ္ခ်င္တယ္လို႔ ေျပာလာရင္ တတ္ႏိုင္သ၍ ပုခုံးထမ္းတင္ရမွာေပါ့” ဆိုကာ ႐ုပ္ရွင္အစည္းအ႐ုံး အလႉမွာ ေျဖဆိုခဲ့တာပါ။

Post a Comment

Previous Post Next Post