(Unicode)


ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်တွင် ဂါရဝပြုရန်လာရောက်သူတစ်ဦး၏ ဖုန်း/ပိုက်ဆံခိုးမှု ကျူးလွန်သူ(၃)ဦးကို အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံက သိရသည်။

ဖြစ်စဉ်မှာ အာဇာနည်နေ့က တရားလို ကို—-သည် ဗဟန်းမြို့နယ်၊ ရေတာရှည် ရပ်ကွက်၊ အာဇာနည်လမ်းရှိ အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန်လာရောက်စဉ် ပါလာသော Samsung J7 Plus အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေ(၂၀,၀၀၀)ကျပ်တို့အား မီးခိုးရောင်ကျောပိုးအိတ်အတွင်း ထည့်ပြီး အများပြည်သူဝင်ထွက်ပေါက် စစ်ဆေးဂိတ်အနီးတွင် ထားရှိကာ အာဇာနည်ဗိမာန် ရင်ပြင်သို့ တက်ရောက်ဂါရဝပြုခဲ့ကြောင်း၊ ဗိမာန်မှပြန်ဆင်းလာပြီး ကျောပိုးအိတ်အား ရှာဖွေရာ မတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဗဟန်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်း ရှာဖွေဖမ်းဆီးရမိရေးဆောင်ရွက်ရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှု ဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အာဇာနည်ဗိမာန်ပတ်ဝန်းကျင်အား အသေးစိတ်စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ များသည် မင်္ဂလာဒုံမြို့နယ်နေ မကေသီထွန်း(ခ)သားသား ၊ မယွန်းနန္ဒာထွန်း(ခ)ယွန်းယွန်း နှင့် အောင်မြတ်ကျော်(ခ)မြတ်ကျော် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ၂၀.၇.၂၀၂၀ ရက်နေ့ ၀၀၃၀ အချိန်တွင် ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့သည်။

အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ မကေသီထွန်း (ခ)သားသား ပါ (၃)ဦးကို ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

HAP
Credit – Zin moe


(Zawgyi)


ဗဟန္းၿမိဳ႕နယ္၊ အာဇာနည္ဗိမာန္တြင္ ဂါရဝျပဳရန္လာေရာက္သူတစ္ဦး၏ ဖုန္း/ပိုက္ဆံခိုးမႈ က်ဴးလြန္သူ(၃)ဦးကို အခ်ိန္တိုအတြင္းဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး ထံက သိရသည္။

ျဖစ္စဥ္မွာ အာဇာနည္ေန႔က တရားလို ကို—-သည္ ဗဟန္းၿမိဳ႕နယ္၊ ေရတာရွည္ ရပ္ကြက္၊ အာဇာနည္လမ္းရွိ အာဇာနည္ဗိမာန္သို႔ ဂါရဝျပဳရန္လာေရာက္စဥ္ ပါလာေသာ Samsung J7 Plus အမ်ိဳးအစား လက္ကိုင္ဖုန္း(၁)လုံးႏွင့္ ေငြ(၂၀,၀၀၀)က်ပ္တို႔အား မီးခိုးေရာင္ေက်ာပိုးအိတ္အတြင္း ထည့္ၿပီး အမ်ားျပည္သူဝင္ထြက္ေပါက္ စစ္ေဆးဂိတ္အနီးတြင္ ထားရွိကာ အာဇာနည္ဗိမာန္ ရင္ျပင္သို႔ တက္ေရာက္ဂါရဝျပဳခဲ့ေၾကာင္း၊ ဗိမာန္မွျပန္ဆင္းလာၿပီး ေက်ာပိုးအိတ္အား ရွာေဖြရာ မေတြ႕ရွိဘဲ ေပ်ာက္ဆုံးေနသျဖင့္ ခိုးယူသြားသူကို စုံစမ္းေဖာ္ထုတ္ အေရးယူေပးရန္ ဗဟန္းၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးက ျပစ္မႈက်ဴးလြန္သူအား အျမန္စုံစမ္း ရွာေဖြဖမ္းဆီးရမိေရးေဆာင္႐ြက္ရန္ ၫႊန္ၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ အုပ္ခ်ဳပ္မႈ ဌာနခြဲမွတပ္ဖြဲ႕ဝင္မ်ား၊ အေနာက္ပိုင္းခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ဗဟန္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ အာဇာနည္ဗိမာန္ပတ္ဝန္းက်င္အား အေသးစိတ္စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူ မ်ားသည္ မဂၤလာဒုံၿမိဳ႕နယ္ေန မေကသီထြန္း(ခ)သားသား ၊ မယြန္းနႏၵာထြန္း(ခ)ယြန္းယြန္း ႏွင့္ ေအာင္ျမတ္ေက်ာ္(ခ)ျမတ္ေက်ာ္ တို႔ျဖစ္ေၾကာင္း စုံစမ္းသိရွိရသျဖင့္ လိုက္လံရွာေဖြဖမ္းဆီးခဲ့ရာ ၂၀.၇.၂၀၂၀ ရက္ေန႔ ၀၀၃၀ အခ်ိန္တြင္ ၎တို႔ေနအိမ္အသီးသီးမွ ဖမ္းဆီးရမိခဲ့သည္။

အမႈမွ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈက်ဴးလြန္သူ မေကသီထြန္း (ခ)သားသား ပါ (၃)ဦးကို ဥပေဒႏွင့္အညီအျမန္တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

HAP
Credit – Zin moe

Post a Comment

Previous Post Next Post