(Unicode)


နီပေါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ နိုင်ငံအနောက်ပိုင်းမှာ လူဦးရေ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။



နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူ အနောက်မြောက်ဘက် ၂၀၀ ကီလိုမီတာအကွာရှိ Myagdi ခရိုင်မှာ လူ ၉ ဦးသေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေကြောင်းနဲ့ သောကြာနေ့က ယင်းခရိုင်မှာ နေအိမ်များစွာ ပျက်စီးခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဂီယန်နာ့သ် ဒါကာ က ပြောဆိုပါတယ်။



ဝေးလံသီခေါင်တဲ့အရပ်တွေက ရေဘေးသင့်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ သွားရောက်နေပြီဖြစ်ကာ သေဆုံးသူဦးရေ တိုးလာဖွယ်ရှိနေကြောင်း ဒါကာက ပြောဆိုခဲ့ပြီး ရဟတ်ယာဉ်တွေ သုံးကာ ကယ်ဆယ်ပေးထားသူ ၅၀ ခန့်ရှိတယ်လို့ဆိုခဲ့ပါတယ်။



ယင်းခရိုင်ရဲ့ အိမ်နီးချင်း ကာဆကီခရိုင်မှာတော့ လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘာလှည့်ခရီးသွားမြို့ ပိုခရာမှ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ကာဆကီခရိုင်အနောက်ဘက်ရှိ ဂျာဂျာကော့ခရိုင်မှာလည်း သေဆုံးသူ ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။



“ပျောက်ဆုံးနေတဲ့ လူ ၈ ဦးကို ကျွန်တော်တို့ ရှာဖွေနေကြပါတယ်” လို့ အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်သူ ကစ်ရှိုး ရှာရက်စ်သာက ပြောဆိုပါတယ်။



အိန္ဒိယနယ်စပ် တောင်ပိုင်းလွင်ပြင်ဒေသရှိ Koshi မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ နီပေါနိုင်ငံမှာ နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအတွင်း ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Ref : CNA

Crd : Akonthi


(Zawgyi)


နီေပါႏိုင္ငံတြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေတြေၾကာင့္ ေရႀကီး ေျမၿပိဳမႈေတြ ျဖစ္ပြားခဲ့ၿပီး လူ ၂၃ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္းနဲ႔ ႏိုင္ငံအေနာက္ပိုင္းမွာ လူဦးေရ ေထာင္ေပါင္းမ်ားစြာ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။



နီေပါႏိုင္ငံ၏ ၿမိဳ႕ေတာ္ ခတၱမႏၵဴ အေနာက္ေျမာက္ဘက္ ၂၀၀ ကီလိုမီတာအကြာရွိ Myagdi ခ႐ိုင္မွာ လူ ၉ ဦးေသဆုံးၿပီး ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနေၾကာင္းနဲ႔ ေသာၾကာေန႔က ယင္းခ႐ိုင္မွာ ေနအိမ္မ်ားစြာ ပ်က္စီးခဲ့တယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဂီယန္နာ့သ္ ဒါကာ က ေျပာဆိုပါတယ္။



ေဝးလံသီေခါင္တဲ့အရပ္ေတြက ေရေဘးသင့္သူေတြကို ရွာေဖြဖို႔ ကယ္ဆယ္ေရးသမားေတြ သြားေရာက္ေနၿပီျဖစ္ကာ ေသဆုံးသူဦးေရ တိုးလာဖြယ္ရွိေနေၾကာင္း ဒါကာက ေျပာဆိုခဲ့ၿပီး ရဟတ္ယာဥ္ေတြ သုံးကာ ကယ္ဆယ္ေပးထားသူ ၅၀ ခန႔္ရွိတယ္လို႔ဆိုခဲ့ပါတယ္။



ယင္းခ႐ိုင္ရဲ႕ အိမ္နီးခ်င္း ကာဆကီခ႐ိုင္မွာေတာ့ လူ ၇ ဦး ေသဆုံးခဲ့တယ္လို႔ ကမာၻလွည့္ခရီးသြားၿမိဳ႕ ပိုခရာမွ အရာရွိတစ္ဦးက ေျပာဆိုပါတယ္။ ကာဆကီခ႐ိုင္အေနာက္ဘက္ရွိ ဂ်ာဂ်ာေကာ့ခ႐ိုင္မွာလည္း ေသဆုံးသူ ၇ ဦး ရွိခဲ့တယ္လို႔ သိရပါတယ္။



“ေပ်ာက္ဆုံးေနတဲ့ လူ ၈ ဦးကို ကြၽန္ေတာ္တို႔ ရွာေဖြေနၾကပါတယ္” လို႔ အႀကီးတန္းရဲအရာရွိတစ္ဦးျဖစ္သူ ကစ္ရႈိး ရွာရက္စ္သာက ေျပာဆိုပါတယ္။



အိႏၵိယနယ္စပ္ ေတာင္ပိုင္းလြင္ျပင္ေဒသရွိ Koshi ျမစ္ေရဟာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေနၿပီလို႔ ရဲတပ္ဖြဲ႕က ေျပာဆိုပါတယ္။ နီေပါႏိုင္ငံမွာ ႏွစ္စဥ္ ဇြန္လမွ စက္တင္ဘာလအတြင္း ေရႀကီး ေျမၿပိဳမႈေတြ ျဖစ္ပြားေလ့ရွိပါတယ္။

Ref : CNA

Crd : Akonthi

Post a Comment

Previous Post Next Post