(Unicode)

ထိုင်း နိုင်ငံ တွင် လူ တစ်စု အမဲ လိုက် ထွက် ကြ ရာ သူငယ်ချင်းဖြစ် သူအား တိရစ္ဆာန် အမှတ်ဖြင့် မှားယွင်း ပစ်ခတ် မိ၍ သေဆုံး ခဲ့ကြောင်း သိရ သည်။ Weerachai Rorwongtawan (၂၉ နှစ်) သည် ဇူ လိုင် (၂)ရက် က တခြား သူငယ်ချင်းနှစ်ဦးနှင့် အတူ အမဲလိုက် ထွက်စဉ် သူငယ်ချင်း တစ်ဦးဖြစ် သည့် Phisunu Tanupetchpan အား ပစ်သတ် မိခဲ့ခြင်းဖြစ် သည်။ လန်ဖွန်ပြည်နယ် ရဲအရာရှိ သည် Weerachai အား ထိန်းသိမ်းထားရန် အတွက် ပြည်နယ် တရားရုံးအား ဇူလိုင် ၃ ရက် တွင် လျှောက်ထားခဲ့သည်။



Weerachai က တောရိုင်း တိရစ္ဆာန် များကို အမဲလိုက် ရန် သူငယ်ချင်း များ ကို ဖိတ်ခေါ် ခဲ့ကြောင်း၊ သူနှင့် သူ့ သူငယ် ချင်း သည် ဆန့်ကျင်ဘက်အရပ်တွင် ရှိနေကြောင်း၊ ဝါးပင်များလှုပ်ရှားနေသည်ကိုမြင်ပြီး တိရစ္ဆာန် တစ်ကောင် အ ထင်ဖြင့် သေ နတ်ဖြင့် ပစ်မိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် သူငယ်ချင်းအော်သံကြား၍ထိတ်လန့်သွားပြီး ရဲနှင့် လူနာတင် ယာဉ်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်းပြောသည်။ အပစ်ခံရသူ Phitsunu မှာ သေဆုံးသွားခဲ့သည်။




ရဲ က Weerachai ၏ သေနတ် ကို သိမ်း ယူခဲ့ပြီး ၎င်းနှင့် တခြားသူငယ်ချင်းများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။ ၎င်းတို့ အား ဆီးစစ်ကြည့်ရာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် စွဲချက်တင်ထားသည်။ သို့သော် Weerachai ၏ ထွက် ဆိုချက်တွင် ကွဲလွဲမှုများရှိနေသည်ဟု သေဆုံးသူ၏အစ်ကိုက ထောက်ပြခဲ့သည်။ Werachai က သူငယ်ချင်း အား တောကြောင်ထင်၍ ပစ်မိခဲ့ကြောင်း သေဆုံးသူ၏အစ်ကို,ကို ပြောပြခဲ့သော်လည်း ရဲထံ၌ ထွက်ဆိုရာ တွင် ကြွက်တစ်ကောင်အထင်ဖြင့် ပစ်မိခဲ့သည်ဟု ပြောခဲ့သည်။

Weerachai က အစပိုင်း တွင် ပစ်သတ် မိကြောင်း ဝန်မခံခဲ့ဘဲ နောက်ပိုင်းမှ မတော်တဆ မှားပစ်ခဲ့မိကြောင်း သေဆုံးသူ၏အစ်ကို အား ပြောပြခဲ့သည်ဟု ဆို သည် ။

crd:mizzima news


(Zawgyi)


ထိုင္း နိုင္္ငံ တြင္္ လူ တစ္္စု အမဲ လိုက္္ ထြက္္ ၾက ရာ သူငယ္္ခ်င္းျဖစ္္ သူအား တိရစၧာန္္ အမွတ္ျဖင့္ မွားယြင္း ပစ္္ခတ္္ မိ၍ ေသဆုံး ခဲ့ေၾကာင္း သိရ သည္္။ Weerachai Rorwongtawan (၂၉ ႏွစ္) သည္္ ဇူ လိုင္္ (၂)ရက္္ က တျခား သူငယ္ခ်င္းႏွစ္္ဦးႏွင့္္ အတူ အမဲလိုက္္ ထြက္္စဥ္္ သူငယ္ခ်င္း တစ္္ဦးျဖစ္္ သည့္္ Phisunu Tanupetchpan အား ပစ္သတ္္ မိခဲ့ျခင္းျဖစ္္ သည္။ လန္ဖြန္ျပည္နယ္္ ရဲအရာရွိ သည္ Weerachai အား ထိန္းသိမ္းထားရန္ အတြက္ ျပည္နယ္ တရား႐ုံးအား ဇူလိုင္ ၃ ရက္ တြင္ ေလၽွာက္ထားခဲ့သည္။



Weerachai က ေတာရိုင္း တိရစၧာန္ မ်ားကို အမဲလိုက္ ရန္ သူငယ္ခ်င္း မ်ား ကို ဖိတ္ေခၚ ခဲ့ေၾကာင္း၊ သူႏွင့္ သူ႔ သူငယ္ ခ်င္း သည္ ဆန႔္က်င္ဘက္အရပ္တြင္ ရွိေနေၾကာင္း၊ ဝါးပင္မ်ားလႈပ္ရွားေနသည္ကိုျမင္ၿပီး တိရစၧာန္ တစ္ေကာင္ အ ထင္ျဖင့္ ေသ နတ္ျဖင့္ ပစ္မိခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။ ထို႔ေနာက္ သူငယ္ခ်င္းေအာ္သံၾကား၍ထိတ္လန႔္သြားၿပီး ရဲႏွင့္ လူနာတင္ ယာဥ္ေခၚရန္ ဆုံးျဖတ္ခဲ့ေၾကာင္းေျပာသည္။ အပစ္ခံရသူ Phitsunu မွာ ေသဆုံးသြားခဲ့သည္။


ရဲ က Weerachai ၏ ေသနတ္ ကို သိမ္း ယူခဲ့ၿပီး ၎ႏွင့္ တျခားသူငယ္ခ်င္းမ်ားကိုလည္း စစ္ေဆးေမးျမန္းခဲ့သည္။ ၎တို႔ အား ဆီးစစ္ၾကည့္ရာ မူးယစ္ေဆးဝါးသုံးစြဲထားေၾကာင္း ေတြ႕ရွိရသျဖင့္ စြဲခ်က္တင္ထားသည္။ သို႔ေသာ္ Weerachai ၏ ထြက္ ဆိုခ်က္တြင္ ကြဲလြဲမႈမ်ားရွိေနသည္ဟု ေသဆုံးသူ၏အစ္ကိုက ေထာက္ျပခဲ့သည္။ Werachai က သူငယ္ခ်င္း အား ေတာေၾကာင္ထင္၍ ပစ္မိခဲ့ေၾကာင္း ေသဆုံးသူ၏အစ္ကို,ကို ေျပာျပခဲ့ေသာ္လည္း ရဲထံ၌ ထြက္ဆိုရာ တြင္ ႂကြက္တစ္ေကာင္အထင္ျဖင့္ ပစ္မိခဲ့သည္ဟု ေျပာခဲ့သည္။

Weerachai က အစပိုင္း တြင္ ပစ္သတ္ မိေၾကာင္း ဝန္မခံခဲ့ဘဲ ေနာက္ပိုင္းမွ မေတာ္တဆ မွားပစ္ခဲ့မိေၾကာင္း ေသဆုံးသူ၏အစ္ကို အား ေျပာျပခဲ့သည္ဟု ဆို သည္ ။

crd:mizzima news

Post a Comment

Previous Post Next Post