(Unicode)

ဖားကန့် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုပြန်ပြီ ရဲတပ်ဖွဲ့ဝင် (၃)ဦးနှင့် ကုမ္ပဏီ ဝန်ထမ်း (၁၅)ဦး ပါသွား


ဖားကန့် မြို့နယ် ဆိပ်မူ အုပ်စု ကောင်စံကျေးရွာ ၊ကရင်ချောင်ကျေးရွာ ၊ချောင်းဖျားကျေးရွာ အနီးက အမြင့်ပေတထောင်ခန့်ရှိတဲ့

မနေ့ည ( ၂၈.၇.၂၀၁၉ နေ့နံက် ၀၂:၃၀နာရီခန့်က စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး

( ဒေသအခေါ် စိန်လုံ တောင်ကြော )ပြိုကျခဲ့တယ် လို့ အနီးအနားမှာရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။

အဆိုပါ ကမ်းပါးပြို ကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီဝန်ထမ်း (၁၅) ဦးသေဆုံးခဲ့ပြီး၊

လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်း တခုလည်းမြေပြိုတဲ့အထဲပါသွားခဲ့တယ် လို့ လုံခြုံရေးရဲတပ်ရင်း က တာဝန်ရှိသူတဦးကပြောပါတယ် ။

” ရဲတပ်ဖွဲ့ဝင် ငါးယောက် ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျှက် ပြန်လွတ်လာတယ် ။ သုံးဦးကတော့ သေဆုံးတယ် ။



အလောင်း ကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်းရှာတွေ့ပြီ ၊

ကုမ္မဏီ လုံခြုံရေး ဝန်ထမ်းက (၁၅)ဦးပါသွားတာ (၆) လောင်းတော့ ပြန်ရပြီ ။ အားလုံးပေါင်း လောလော ဆယ် (၇) လောင်းတော့ ရှာတွေ့ထားပြီ ” လို့

ပြိုကျသွား တဲ့ စိန်လုံတောင်ကြော အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ က ရဲမှူးကပြောပါတယ် ။



ဖားကန့် ကျောက်စိမ်းတွင်းဒေသ မြေကမ်းပါးပြိုကျမှု ၊ မြေစာပုံပြိုကျမှု ၊ နွံကန်ပေါက်ကျမှုဖြစ်စဉ်တွေထဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုဆိုတာ မရှိခဲ့ပါဘူးပါဘူး ။



ယခု ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တာဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။

တပိုင်တနိုင် လက်ကျင်း တူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆို နေကြပါတယ် ။



” အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော် ။

အနည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော် ” လို့

ဟင်းတင့်ရွာသား တဦးကလည်း သူ့ရဲ့ထင်ုမင်ယူဆချက်ကို ပြောဆိုခဲ့ပါတယ် ။



ကမ်းပါး ပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ၂၆.၇.၂၀၁၉ နေ့ကတည်းက ရောက်ရှိနေခဲ့တဲ့

ပြည်နယ် သယံ ဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး ။

မိုးရာသီ မှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီး



ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ

မိုးတွင်း ကာလ သုံးလကို တရားဝင် ရပ်နားထားဘို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

မြန်မာ့ ကျောက် မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ကချင် ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းဟာလည်း

ဖားကန့် ကျောက်စိမ်းတွင်းဒေ ကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ် ။

Source: Zaw Moe Htet


(Zawgyi)


ဖားကန႔္ ေက်ာက္စိမ္း လုပ္ကြက္ ကမ္းပါး ၿပိဳျပန္ၿပီ ရဲတပ္ဖြဲ႕ဝင္ (၃)ဦးႏွင့္ ကုမၸဏီ ဝန္ထမ္း (၁၅)ဦး ပါသြား




ဖားကန႔္ ျမိဳ႕နယ္ ဆိပ္မူ အုပ္စု ေကာင္စံေက်း႐ြာ ၊ကရင္ေခ်ာင္ေက်း႐ြာ ၊ေခ်ာင္းဖ်ားေက်း႐ြာ အနီးက အျမင့္ေပတေထာင္ခန႔္ရွိတဲ့

မေန႔ည ( ၂၈.၇.၂၀၁၉ ေန႔နံက္ ၀၂:၃၀နာရီခန႔္က စိန္လုံေတာင္ ေက်ာက္စိမ္းကမ္းပါးယံႀကီး

( ေဒသအေခၚ စိန္လုံ ေတာင္ေၾကာ )ၿပိဳက်ခဲ့တယ္ လို႔ အနီးအနားမွာရွိေနတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးထံက သိရပါတယ္။

အဆိုပါ ကမ္းပါးၿပိဳ က်မႈေၾကာင့္ ရာဇဌာနီ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီဝန္ထမ္း (၁၅) ဦးေသဆုံးခဲ့ၿပီး၊

လုပ္ကြက္ လုံၿခဳံေရးေစာင့္ၾကပ္တဲ့ ယာယီရဲကင္း တခုလည္းေျမၿပိဳတဲ့အထဲပါသြားခဲ့တယ္ လို႔ လုံၿခဳံေရးရဲတပ္ရင္း က တာဝန္ရွိသူတဦးကေျပာပါတယ္ ။

” ရဲတပ္ဖြဲ႕ဝင္ ငါးေယာက္ ပါသြားတာ ႏွစ္ဦးကေတာ့ အသက္ရွင္လွ်က္ ျပန္လြတ္လာတယ္ ။ သုံးဦးကေတာ့ ေသဆုံးတယ္ ။



အေလာင္း ကေတာ့ က်ေနာ္တို႔ ရဲတပ္ဖြဲ႕ဝင္ အေလာင္းတေလာင္းရွာေတြ႕ၿပီ ၊

ကုမၼဏီ လုံၿခဳံေရး ဝန္ထမ္းက (၁၅)ဦးပါသြားတာ (၆) ေလာင္းေတာ့ ျပန္ရၿပီ ။ အားလုံးေပါင္း ေလာေလာ ဆယ္ (၇) ေလာင္းေတာ့ ရွာေတြ႕ထားၿပီ ” လို႔

ၿပိဳက်သြား တဲ့ စိန္လုံေတာင္ေၾကာ အနီးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ရင္း ၃၀ က ရဲမႉးကေျပာပါတယ္ ။



ဖားကန႔္ ေက်ာက္စိမ္းတြင္းေဒသ ေျမကမ္းပါးၿပိဳက်မႈ ၊ ေျမစာပုံၿပိဳက်မႈ ၊ ႏြံကန္ေပါက္က်မႈျဖစ္စဥ္ေတြထဲ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ေသဆုံးမႈဆိုတာ မရွိခဲ့ပါဘူးပါဘူး ။



ယခု ျဖစ္စဥ္မွာ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ သုံးဦးေပ်ာက္ဆုံးေနၿပီး ႏွစ္ဦးဒဏ္ရာ ရရွိခဲ့တာဟာ ပထမဆုံးျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္ ။

တပိုင္တႏိုင္ လက္က်င္း တူးသူ လူေပါင္းမ်ားစြာ ေသဆုံးႏိုင္တယ္လို႔ ေျပာဆိုေနၾကေပမဲ့ ေလာေလာဆယ္ အတည္ျပဳခ်က္ေတြ မရႏိုင္ေသးဘူးလို႔ ေဒသခံေတြက ေျပာဆို ေနၾကပါတယ္ ။



” အဲ့နားမွာ လက္က်င္းတူးတဲ့ လူေတြလည္း ရွိတယ္ေနာ္ ။

အနည္းဆုံးေတာ့ ၁၅ေယာက္အေယာက္ ႏွစ္ဆယ္ေလာက္ေတာ့ ပါသြားႏိုင္တယ္ေနာ္ ” လို႔

ဟင္းတင့္႐ြာသား တဦးကလည္း သူ႔ရဲ႕ထင္ုမင္ယူဆခ်က္ကို ေျပာဆိုခဲ့ပါတယ္ ။



ကမ္းပါး ၿပိဳက်မႈနဲ႔ ပတ္သက္ၿပီး ဖားကန႔္ေဒသကို ၂၆.၇.၂၀၁၉ ေန႔ကတည္းက ေရာက္ရွိေနခဲ့တဲ့

ျပည္နယ္ သယံ ဇာတဝန္ႀကီး ဦးဒါရွီလွဆိုင္းကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္မရခဲ့ပါဘူး ။

မိုးရာသီ မွာ ေျမၿပိဳမႈေၾကာင့္ လူအစုလိုက္အၿပဳံလိုက္ ေသဆုံးမႈေတြကို ကာကြယ္တာဆီးႏိုင္ရန္ ရည္႐ြယ္ၿပီး



ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ငန္းေတြကို ဇူလိုင္လ တစ္ရက္ေန႔ကေန စက္တင္ဘာလကုန္အထိ

မိုးတြင္း ကာလ သုံးလကို တရားဝင္ ရပ္နားထားဘို႔ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန

ျမန္မာ့ ေက်ာက္ မ်က္ရတနာ ေရာင္းဝယ္ ေရးလုပ္ငန္း (မကလ) က ၫႊန္ၾကားထားခဲ့တဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

ကခ်င္ ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒါရွီလွဆိုင္းဟာလည္း

ဖားကန႔္ ေက်ာက္စိမ္းတြင္းေဒ ကို ေရာက္ရွိေနခ်ိန္လည္း ျဖစ္ပါတယ္ ။

Source: Zaw Moe Htet


Post a Comment

Previous Post Next Post