(Unicode)

သရုပ်ဆောင်ချစ်သုဝေနဲ့ သူမဖခင်တို့ကို စွဲဆိုထားတဲ့အမှု အရှေ့ပိုင်းခရိုင်တရားရုံးမှ လက်ခံလိုက်ပြီဖြစ်ပါတယ်



နိုင် ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ရေးဆွဲခဲ့သည့် ပန်းချီကားအပါအဝင် နောက်ထပ်ပန်းချီကားတစ်ခုနှင့်ပတ်သက်ပြီး သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင်တို့အား အမျိုးသားရေးအဖွဲ့ရှေ့နေ ဦးအေးပိုင်မှ ဇွန်လ (၂၅) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ပါတယ်။



ချစ် သုဝေနှင့် သူမ ၏ဖခင် ဦးဇော်ဝင်း အား တရားစွဲဆိုထားမှုကိုတော့ သ င်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ပလပ်ခဲ့ပြီး ဥပဒေအရ အမှုကိုဆက်လက်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ရှေ့နေဦးအေးပိုင်မှ အရှေ့ပိုင်းခရိုင်တရားရုံးသို့တက်ပြီး ဆက်လက်တရားစွဲဆိုခဲ့ပါတယ်။



မ နေ့က ဇူ လိုင်လ (၁၆) ရက်နေ့မှာတော့ ရှေ့နေဦးအေးပိုင်၏ သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင်တို့အပေါ် တရားစွဲဆိုရန်လျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းအမှုဟာ ဘာသာရေးနှင့်ဆက်နွယ်နေသည့်အမှုဖြစ်တာကြောင့် အာမခံမရနိုင်သည့်အမှုလည်း ဖြစ်ပါတယ်။



ရုံး.ချိန်းကိုတော့ လာ မည့် ဇူလိုင်လ (၂၉) ရ က်နေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။

Photos credit: 8 day
PoPoLay


(Zawgyi)










Photos credit: 8 day
PoPoLay

Post a Comment

Previous Post Next Post