(Unicode)

တနင်္ဂနွေ

ကိစ္စတစ်ခုဖြစ်စေရန်အတွက် အဆင့်ဆင့် ပြောဆိုလုပ်ကိုင်နေရခြင်းမျိုး ကြုံရပါလိမ့်မည်။ အန္တရာယ်ရှိသောအလုပ် အနှောင့်အသွားမလွတ်သောအ လုပ်၊ မရေရာသောအလုပ်များအား စေခိုင်းပြောဆိုနေမိလိမ့်မည်။ ဆွေမျိုးသားချင်းများ ကြောင့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရစေလိမ့်မည်။ ပညာရေး၊ စာပေလုပ်ငန်း၊ လုပ် ငန်းရေးရာ စာမေးပွဲဖြေဆိုခြင်းကိစ္စများတွင် အဆင်မပြေမှုများ ရှိနေပါလိမ့်မည်။

အ ရောင်းအဝယ်ကိစ္စများတွင် ကြန့်ကြာမည်။ အရှုံးပေါ်မည်။ ဈေးမကိုက်တတ်ပါ။ အချစ် ရေးတွင် ချစ်သူ၏ ညင်သာစကားချိုချိုသည် အကြင်နာတရားပိုပိုမည်ဟူသော မေတ္တာ ထားမိခြင်းမျိုး ဖြစ်စေပါလိမ့်မည်။ သို့ပါသော်လည်း အရှိ၊ သတိ အခြေအနေတစ်ရပ်ပေါ် ၌ ပိရိသေသပ်စွာဟန်ဆောင်လိမ်ညာခံရခြင်းမျိုး ကြုံရတတ်ပါသည်။ သတိပြုရန်မမေ့ပါနှင့်။

ယတြာ။ ။ မွေးနေ့၌ စာကလေးများအား အာဟာရဒါနပြုလိုက်ပါ။

တနင်္လာ

တကြွ်ကလန်းဆန်းသောစိတ်ဓာတ်များ ရှိနေပါလိမ့်မည်။ မိမိကိုယ်မိမိ အ ထင်ကြီးနေမိခြင်း၊ မာနကြီးနေမိခြင်းမျိုး ရှိနေပါလိမ့်မည်။ ဥစ္စာဓနြွကယ်ဝ တိုးတက်မှုများ ခံစားရပါလိမ့်မည်။ အတိုက်အခံများကြောင့် တိုးတက်သော အောင်မြင်မှု ရရှိပါလိမ့်မည်။ ဝင်ငွေတိုးတက်ကောင်းမွန်စေလိမ့်မည်။ စီးပွားပြိုင်ဘက်တို့၏ ကြောက် ရွံ့တုန်လှုပ်ခြင်းများ အထင်ကြီးလေးစားစေခြင်းများ ခံရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ အလိုကိုပြည့်ဝစေခြင်းငှာ မတတ်နိုင်ဖြစ်တတ်ပါသည်။

အချစ်ရေးတွင် ရည်စားမေတ္တာ သည် သီးခြားဖြစ်လာသော မြတ်နိုးမှုမှ ဖြစ်တည်အခြေခံပါသည်။ နှစ်ဦးနှစ်ဖက်မေတ္တာ ဖြင့် ယုံလောက်စရာသက်သေဖြော်ပမှုများဖြင့်သာ လက်ခံနိုင်ဖွယ် ဖြစ်စေပါလိမ့်မည်။ အချင်းချင်း ယုံကြည်မှုဖြစ်စေရန် အဓိကပစ်မှတ်အဖြစ် အတိအကျဖြစ်ရပ်နှင့်အတူ ယုံ ကြည်မှုဖြစ်စေရန်သာ ကြိုးစားပါ။

ယတြာ ။ ။ မွေးနေ့၌ အိမ်ကဘုရားတွင် ဆိတ်သားဟင်းနှင့် ဆွမ်း ကပ်လှူပေးပါ။

အင်္ဂါ

မည်သည့်ကိစ္စတွင်မဆို လက်တွေ့သဘောတရားဆန်ခြင်းသည် အကောင်း ဆုံးဖြစ်ပါသည်။ အခြေအနေနှင့် အချိန်အခါအား အမိအရ ကိုင်တွယ်အသုံးချ တတ်ရန် လိုအပ်ပါလိမ့်မည်။ မာနကြီး၍ စိတ်ကြီးဝင်နေမိတတ်သည်။ ဘာသာတရားအ ပေါ် လေးစားသက်ဝင်ယုံကြည်မှုရှိစေလိမ့်မည်။ တစ်ယူသန်စိတ်ဖြင့် ယုံကြည်မှုဖြစ်စေ ခြင်းမျိုး မဖြစ်သင့်ပါ။ လေနှင့်ဆိုင်သော ရောဂါဝေဒနာများမဖြစ်စေရန် အစားအသောက် အနေအထိုင် ဆင်ခြင်သင့်ပါသည်။ အချစ်ရေးတွင် အပြစ်နှင့် ရှုတ်ချခံရသော အချစ်နှင့် ဒုက္ခသည် အမြဲတစေမဟုတ်သော်လည်း ယခုကာလတွင် မလွဲမသွေ ပြောဆိုခံရပါလိမ့် မည်။ စိတ်မပျက်ပါနှင့် သိပ်ခက်ပါသော အချစ်သည် တန်ဖိုးထားစရာဖြစ်တည်မှုအဖြစ် ပြောင်းလဲစွာ ဖြစ်ပေါ်လာရပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် အုန်းထမင်းဖြင့် ဆွမ်းတော်ကပ်လှူပေးပါ။

ဗုဒ္ဓဟူး

ငွေကြေးအသပြာကို ရှာဖွေနိုင်စွမ်းရှိခြင်းကြောင့် ပျော်ရွှင်သုခရှိလိမ့်မည်။ စီးပွားရေးကိစ္စများတွင် အမျိုးမျိုးသော မြတ်စွန်းမှုများ ဖြစ်ပေါ်ခံစားရပါလိမ့် မည်။ ဆရာသမားများအပေါ် ရိုသေမြတ်နိုးမှု၊ သဒ္ဓါတရားထက်သန်စွာ ထောက်ပံ့ပေးကမ်း လိုမှု ရှိနေပါလိမ့်မည်။ ချစ်ဇောရမ္မက်စိတ်ပြင်းထန်မှု ဖြစ်စေတတ်ပါသည်။ ဇဝနÓဏ် ရွှင်စွာဖြင့် တစ်ဖက်လူအပေါ်တွင် ပြောဆိုလွှမ်းမိုးနိုင်စွမ်းရှိစေလိမ့်မည်။ အဆင့်မြင့်ပညာ များ တတ်မြောက်ပါလိမ့်မည်။

အချစ်ရေး၌ ချစ်သူ၏စကားအလာအသွင်ပုံ နူးညံ့မှုများ နှင့်အတူ ဆွဲဆောင်စည်းရုံးသည့် အပြုအမူများအပေါ်တွင် အားနာစွာ ရင်ခုန်ရစေသည့် မြတ်နိုးမှုအဖြစ် ခံစားနေရပါလိမ့်မည်။ သင် သတိထားပါ။ လင်ရှိမယားဖြစ်ခဲ့ပါလျှင် ]ဒု၊ သ၊ န၊ သော} သည် ခုမှထပြောသော ခေတ်ပေါ်စကားမဟုတ်ခဲ့ပါ။ နှစ်ပေါင်းများစွာဆင် ခြင်ရမည့်စကားဖြစ်ကြောင်း သတိပြုရန် လိုအပ်ပါလိမ့်မည်။

ယတြာ ။ ။ နွမ်းပါးသူတစ်ဦးအား ပေါင်မုန့်ထောပတ်သုတ် ဒါနပြုလိုက်ပါ။

ကြာသပတေး

ဌာနဆိုင်ရာအတွင်း ရာထူးတိုးခြင်း နေရာဒေသပြောင်းရွှေ့၍ တာဝန် ထမ်းဆောင်ရခြင်း ကြုံရပါလိမ့်မည်။ ဒုစရိုက်မှု ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေမိတတ်သည်။ နေထိုင်သွားလာမှု ဆင်ခြင်သင့်ပါသည်။ မိမိ၏စီးပွား ရေးလုပ်ငန်းများတွင် ခက်ခဲမှုများ ကြန့်ကြာမှုများ နှေးကွေးမှုများဖြင့် ရင်ဆိုင်ဖြေရှင်းရခြင်း မျိုး ကြုံရစေတတ်ပါသည်။

သားသမီးရှိသည့်တိုင် သားသမီးအကျိုး မခံစားရခြင်းမျိုး ဖြစ်နေပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့် လိုက်လျောညီထွေ အဆင်ပြေအောင် သတိပြု နေထိုင်တတ်ရန်လိုပါလိမ့်မည်။ အချစ်ရေးကိစ္စများတွင် ချစ်သူနှင့်အတူ မလွတ်မကင်း နှင့် ဇွတ်အတင်းရှောင်ဖယ်၍ ငြင်းမရစေသော ပတ်သက်မှု ဖြစ်လာရစေတတ်ပါသည်။ အားနာတတ်သူဖြစ်ခဲ့ပါလျှင် မျက်စိစုံမှိတ်၍ လက်ရှိပုံရိပ်ကို အကောင်အထည်ဖော်လို စိတ်များ ထိန်းမရစေခြင်းမျိုး ကြုံရပါလိမ့်မည်။ အကယ်၍ ယိမ်းလာခဲ့ပါလျှင် ထိန်းဖြစ် အောင် ထိန်းပါဟု သတိပေးစကားပြောလိုပါသည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် သြဇာညွန့် ၆ ညွန့် ကပ်လှူပေးပါ။

သောကြာ

ရာထူးလုပ်ငန်းများမှ ဝင်ငွေအထူးဝင်လာပါလိမ့်မည်။ စီးပွားပြိုင်ဘက်အ ချင်းချင်း၏ ချီးကျူးဂုဏ်ပြု အသိအမှတ်ပြုခြင်း ခံရပါလိမ့်မည်။ မိခင်၏ ကျေးဇူးကြောင့် တိုက်၊ တာ၊ ယာဉ်ကား၊ မြေယာများနှင့် ဇိမ်ခံပစ္စည်းများ ဝင်လာပါလိမ့် မည်။ ဆန့်ကျင်ဘက်လိင်များနှင့်ပတ်သက်၍ အခွင့်အရေးကောင်းများ အောင်မြင်မှုများ ရရှိခံစားရပါမည်။ အိမ်ထောင်ဖက်၏ကျန်းမာရေး ဂရုစိုက်ရန်လိုပါမည်။ အချစ်ရေးတွင် သူနှင့်ကျွန်ုပ်သည် လူနှင့်အရုပ်ပမာ အတွေးခက်စရာ အေးစက်စွာ ပြောဆိုဆက်ဆံနေရ ခြင်းမျိုး ဖြစ်ပေါ်ခံစားနေရပါလိမ့်မည်။ စိတ်မပျက်ပါနှင့် မေတ္တာမှန်လျှင် ချစ်လာရန်သည် အသိဝင်စွာဖြင့် အရှိအကြင်နာထက်ပိုသော လေးစားမှုဖြင့် တန်ဖိုးထားလာပါလိမ့်မည်။

ယတြာ ။ ။ သံဃာတော်တစ်ပါးအား လေဆေးတစ်ထုပ် ဒါနပြု လှူပေးပါ။

စနေ

ကုန်ကျစရိတ်နှင့် ငွေကြေးသည် လိုသည်ထက်ပိုနေပါလိမ့်မည်။ မိမိပိုင် ဥစ္စာပစ္စည်းများ ပျောက်ပျက်မှု ဖြစ်ပေါ်နေတတ်သည်။ အကြံအစည်အ လုပ်အကိုင်ဟူသမျှတို့၌ အနှောင့်အယှက်များ ကြုံရတတ်ပါသည်။ ခြေလက်အင်္ဂါအစိတ် အပိုင်းတို့တွင် တစ်စုံတစ်ရာ အထိအခိုက် ဒဏ်ရာဒဏ်ချက်များရရှိတတ်သည်။

အပျော် အပါးလိုက်စား ကျူးလွန်မိသဖြင့် အမှားနှင့်တွေ့ကြုံကာ ဖြေရှင်းရန်ခက်ခဲစေတတ်သည်။ လိုအပ်သည်ထက်ပို၍ စေတနာလွန် ကုန်ကျစရိတ် မြင့်မားနေရပါလိမ့်မည်။ အချစ်ရေး တွင် အရွယ်မတူကိစ္စအတွက် အလွယ်တကူစိတ်ချ၍ မရနိုင်သော စိုးရိမ်ပူပန်မှုအချက် များစွာ ဖြစ်ပေါ်နေမိပါလိမ့်မည်။ အတွေးခက်စရာ ဖြစ်လာလျှင် လေးနက်စွာ ချစ်ပါသော မြတ်နိုးမှုများအား သိသာစွာ လက်ခံနိုင်စေရန် ကြိုးစားဖို့လိုအပ်ပါလိမ့်မည်။

ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ရေမွှေးတစ်ပုလင်း လက်ဆောင်ပေးလိုက်ပါ။

ဒေါက်တာလင်းမြတ်သူ

(Zawgyi)


တနဂၤေႏြ

ကိစၥတစ္ခုျဖစ္ေစရန္အတြက္ အဆင့္ဆင့္ ေျပာဆိုလုပ္ကိုင္ေနရျခင္းမ်ိဳး ႀကဳံရပါလိမ့္မည္။ အႏၲရာယ္ရွိေသာအလုပ္ အေႏွာင့္အသြားမလြတ္ေသာအ လုပ္၊ မေရရာေသာအလုပ္မ်ားအား ေစခိုင္းေျပာဆိုေနမိလိမ့္မည္။ ေဆြမ်ိဳးသားခ်င္းမ်ား ေၾကာင့္ ပတ္ဝန္းက်င္တြင္ မ်က္ႏွာငယ္ရေစလိမ့္မည္။ ပညာေရး၊ စာေပလုပ္ငန္း၊ လုပ္ ငန္းေရးရာ စာေမးပြဲေျဖဆိုျခင္းကိစၥမ်ားတြင္ အဆင္မေျပမႈမ်ား ရွိေနပါလိမ့္မည္။

အ ေရာင္းအဝယ္ကိစၥမ်ားတြင္ ၾကန္႔ၾကာမည္။ အရႈံးေပၚမည္။ ေဈးမကိုက္တတ္ပါ။ အခ်စ္ ေရးတြင္ ခ်စ္သူ၏ ညင္သာစကားခ်ိဳခ်ိဳသည္ အၾကင္နာတရားပိုပိုမည္ဟူေသာ ေမတၱာ ထားမိျခင္းမ်ိဳး ျဖစ္ေစပါလိမ့္မည္။ သို႔ပါေသာ္လည္း အရွိ၊ သတိ အေျခအေနတစ္ရပ္ေပၚ ၌ ပိရိေသသပ္စြာဟန္ေဆာင္လိမ္ညာခံရျခင္းမ်ိဳး ႀကဳံရတတ္ပါသည္။ သတိျပဳရန္မေမ့ပါႏွင့္။

ယၾတာ။ ။ ေမြးေန႔၌ စာကေလးမ်ားအား အာဟာရဒါနျပဳလိုက္ပါ။

တနလၤာ

တႂကြ္ကလန္းဆန္းေသာစိတ္ဓာတ္မ်ား ရွိေနပါလိမ့္မည္။ မိမိကိုယ္မိမိ အ ထင္ႀကီးေနမိျခင္း၊ မာနႀကီးေနမိျခင္းမ်ိဳး ရွိေနပါလိမ့္မည္။ ဥစၥာဓျႏြကယ္ဝ တိုးတက္မႈမ်ား ခံစားရပါလိမ့္မည္။ အတိုက္အခံမ်ားေၾကာင့္ တိုးတက္ေသာ ေအာင္ျမင္မႈ ရရွိပါလိမ့္မည္။ ဝင္ေငြတိုးတက္ေကာင္းမြန္ေစလိမ့္မည္။ စီးပြားၿပိဳင္ဘက္တို႔၏ ေၾကာက္ ႐ြံ႕တုန္လႈပ္ျခင္းမ်ား အထင္ႀကီးေလးစားေစျခင္းမ်ား ခံရပါလိမ့္မည္။ အိမ္ေထာင္ဖက္၏ အလိုကိုျပည့္ဝေစျခင္းငွာ မတတ္ႏိုင္ျဖစ္တတ္ပါသည္။

အခ်စ္ေရးတြင္ ရည္စားေမတၱာ သည္ သီးျခားျဖစ္လာေသာ ျမတ္ႏိုးမႈမွ ျဖစ္တည္အေျခခံပါသည္။ ႏွစ္ဦးႏွစ္ဖက္ေမတၱာ ျဖင့္ ယုံေလာက္စရာသက္ေသေျဖာ္ပမႈမ်ားျဖင့္သာ လက္ခံႏိုင္ဖြယ္ ျဖစ္ေစပါလိမ့္မည္။ အခ်င္းခ်င္း ယုံၾကည္မႈျဖစ္ေစရန္ အဓိကပစ္မွတ္အျဖစ္ အတိအက်ျဖစ္ရပ္ႏွင့္အတူ ယုံ ၾကည္မႈျဖစ္ေစရန္သာ ႀကိဳးစားပါ။

ယၾတာ ။ ။ ေမြးေန႔၌ အိမ္ကဘုရားတြင္ ဆိတ္သားဟင္းႏွင့္ ဆြမ္း ကပ္လႉေပးပါ။

အဂၤါ

မည္သည့္ကိစၥတြင္မဆို လက္ေတြ႕သေဘာတရားဆန္ျခင္းသည္ အေကာင္း ဆုံးျဖစ္ပါသည္။ အေျခအေနႏွင့္ အခ်ိန္အခါအား အမိအရ ကိုင္တြယ္အသုံးခ် တတ္ရန္ လိုအပ္ပါလိမ့္မည္။ မာနႀကီး၍ စိတ္ႀကီးဝင္ေနမိတတ္သည္။ ဘာသာတရားအ ေပၚ ေလးစားသက္ဝင္ယုံၾကည္မႈရွိေစလိမ့္မည္။ တစ္ယူသန္စိတ္ျဖင့္ ယုံၾကည္မႈျဖစ္ေစ ျခင္းမ်ိဳး မျဖစ္သင့္ပါ။ ေလႏွင့္ဆိုင္ေသာ ေရာဂါေဝဒနာမ်ားမျဖစ္ေစရန္ အစားအေသာက္ အေနအထိုင္ ဆင္ျခင္သင့္ပါသည္။ အခ်စ္ေရးတြင္ အျပစ္ႏွင့္ ရႈတ္ခ်ခံရေသာ အခ်စ္ႏွင့္ ဒုကၡသည္ အၿမဲတေစမဟုတ္ေသာ္လည္း ယခုကာလတြင္ မလြဲမေသြ ေျပာဆိုခံရပါလိမ့္ မည္။ စိတ္မပ်က္ပါႏွင့္ သိပ္ခက္ပါေသာ အခ်စ္သည္ တန္ဖိုးထားစရာျဖစ္တည္မႈအျဖစ္ ေျပာင္းလဲစြာ ျဖစ္ေပၚလာရပါလိမ့္မည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ အုန္းထမင္းျဖင့္ ဆြမ္းေတာ္ကပ္လႉေပးပါ။

ဗုဒၶဟူး

ေငြေၾကးအသျပာကို ရွာေဖြႏိုင္စြမ္းရွိျခင္းေၾကာင့္ ေပ်ာ္႐ႊင္သုခရွိလိမ့္မည္။ စီးပြားေရးကိစၥမ်ားတြင္ အမ်ိဳးမ်ိဳးေသာ ျမတ္စြန္းမႈမ်ား ျဖစ္ေပၚခံစားရပါလိမ့္ မည္။ ဆရာသမားမ်ားအေပၚ ႐ိုေသျမတ္ႏိုးမႈ၊ သဒၶါတရားထက္သန္စြာ ေထာက္ပံ့ေပးကမ္း လိုမႈ ရွိေနပါလိမ့္မည္။ ခ်စ္ေဇာရမၼက္စိတ္ျပင္းထန္မႈ ျဖစ္ေစတတ္ပါသည္။ ဇဝနÓဏ္ ႐ႊင္စြာျဖင့္ တစ္ဖက္လူအေပၚတြင္ ေျပာဆိုလႊမ္းမိုးႏိုင္စြမ္းရွိေစလိမ့္မည္။ အဆင့္ျမင့္ပညာ မ်ား တတ္ေျမာက္ပါလိမ့္မည္။

အခ်စ္ေရး၌ ခ်စ္သူ၏စကားအလာအသြင္ပုံ ႏူးညံ့မႈမ်ား ႏွင့္အတူ ဆြဲေဆာင္စည္း႐ုံးသည့္ အျပဳအမူမ်ားအေပၚတြင္ အားနာစြာ ရင္ခုန္ရေစသည့္ ျမတ္ႏိုးမႈအျဖစ္ ခံစားေနရပါလိမ့္မည္။ သင္ သတိထားပါ။ လင္ရွိမယားျဖစ္ခဲ့ပါလွ်င္ ]ဒု၊ သ၊ န၊ ေသာ} သည္ ခုမွထေျပာေသာ ေခတ္ေပၚစကားမဟုတ္ခဲ့ပါ။ ႏွစ္ေပါင္းမ်ားစြာဆင္ ျခင္ရမည့္စကားျဖစ္ေၾကာင္း သတိျပဳရန္ လိုအပ္ပါလိမ့္မည္။

ယၾတာ ။ ။ ႏြမ္းပါးသူတစ္ဦးအား ေပါင္မုန္႔ေထာပတ္သုတ္ ဒါနျပဳလိုက္ပါ။

ၾကာသပေတး

ဌာနဆိုင္ရာအတြင္း ရာထူးတိုးျခင္း ေနရာေဒသေျပာင္းေ႐ႊ႕၍ တာဝန္ ထမ္းေဆာင္ရျခင္း ႀကဳံရပါလိမ့္မည္။ ဒုစ႐ိုက္မႈ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္ေနမိတတ္သည္။ ေနထိုင္သြားလာမႈ ဆင္ျခင္သင့္ပါသည္။ မိမိ၏စီးပြား ေရးလုပ္ငန္းမ်ားတြင္ ခက္ခဲမႈမ်ား ၾကန္႔ၾကာမႈမ်ား ေႏွးေကြးမႈမ်ားျဖင့္ ရင္ဆိုင္ေျဖရွင္းရျခင္း မ်ိဳး ႀကဳံရေစတတ္ပါသည္။

သားသမီးရွိသည့္တိုင္ သားသမီးအက်ိဳး မခံစားရျခင္းမ်ိဳး ျဖစ္ေနပါလိမ့္မည္။ အိမ္ေထာင္ဖက္ႏွင့္ လိုက္ေလ်ာညီေထြ အဆင္ေျပေအာင္ သတိျပဳ ေနထိုင္တတ္ရန္လိုပါလိမ့္မည္။ အခ်စ္ေရးကိစၥမ်ားတြင္ ခ်စ္သူႏွင့္အတူ မလြတ္မကင္း ႏွင့္ ဇြတ္အတင္းေရွာင္ဖယ္၍ ျငင္းမရေစေသာ ပတ္သက္မႈ ျဖစ္လာရေစတတ္ပါသည္။ အားနာတတ္သူျဖစ္ခဲ့ပါလွ်င္ မ်က္စိစုံမွိတ္၍ လက္ရွိပုံရိပ္ကို အေကာင္အထည္ေဖာ္လို စိတ္မ်ား ထိန္းမရေစျခင္းမ်ိဳး ႀကဳံရပါလိမ့္မည္။ အကယ္၍ ယိမ္းလာခဲ့ပါလွ်င္ ထိန္းျဖစ္ ေအာင္ ထိန္းပါဟု သတိေပးစကားေျပာလိုပါသည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ ၾသဇာၫြန္႔ ၆ ၫြန္႔ ကပ္လႉေပးပါ။

ေသာၾကာ

ရာထူးလုပ္ငန္းမ်ားမွ ဝင္ေငြအထူးဝင္လာပါလိမ့္မည္။ စီးပြားၿပိဳင္ဘက္အ ခ်င္းခ်င္း၏ ခ်ီးက်ဴးဂုဏ္ျပဳ အသိအမွတ္ျပဳျခင္း ခံရပါလိမ့္မည္။ မိခင္၏ ေက်းဇူးေၾကာင့္ တိုက္၊ တာ၊ ယာဥ္ကား၊ ေျမယာမ်ားႏွင့္ ဇိမ္ခံပစၥည္းမ်ား ဝင္လာပါလိမ့္ မည္။ ဆန္႔က်င္ဘက္လိင္မ်ားႏွင့္ပတ္သက္၍ အခြင့္အေရးေကာင္းမ်ား ေအာင္ျမင္မႈမ်ား ရရွိခံစားရပါမည္။ အိမ္ေထာင္ဖက္၏က်န္းမာေရး ဂ႐ုစိုက္ရန္လိုပါမည္။ အခ်စ္ေရးတြင္ သူႏွင့္ကြၽႏ္ုပ္သည္ လူႏွင့္အ႐ုပ္ပမာ အေတြးခက္စရာ ေအးစက္စြာ ေျပာဆိုဆက္ဆံေနရ ျခင္းမ်ိဳး ျဖစ္ေပၚခံစားေနရပါလိမ့္မည္။ စိတ္မပ်က္ပါႏွင့္ ေမတၱာမွန္လွ်င္ ခ်စ္လာရန္သည္ အသိဝင္စြာျဖင့္ အရွိအၾကင္နာထက္ပိုေသာ ေလးစားမႈျဖင့္ တန္ဖိုးထားလာပါလိမ့္မည္။

ယၾတာ ။ ။ သံဃာေတာ္တစ္ပါးအား ေလေဆးတစ္ထုပ္ ဒါနျပဳ လႉေပးပါ။

စေန

ကုန္က်စရိတ္ႏွင့္ ေငြေၾကးသည္ လိုသည္ထက္ပိုေနပါလိမ့္မည္။ မိမိပိုင္ ဥစၥာပစၥည္းမ်ား ေပ်ာက္ပ်က္မႈ ျဖစ္ေပၚေနတတ္သည္။ အႀကံအစည္အ လုပ္အကိုင္ဟူသမွ်တို႔၌ အေႏွာင့္အယွက္မ်ား ႀကဳံရတတ္ပါသည္။ ေျခလက္အဂၤါအစိတ္ အပိုင္းတို႔တြင္ တစ္စုံတစ္ရာ အထိအခိုက္ ဒဏ္ရာဒဏ္ခ်က္မ်ားရရွိတတ္သည္။

အေပ်ာ္ အပါးလိုက္စား က်ဴးလြန္မိသျဖင့္ အမွားႏွင့္ေတြ႕ႀကဳံကာ ေျဖရွင္းရန္ခက္ခဲေစတတ္သည္။ လိုအပ္သည္ထက္ပို၍ ေစတနာလြန္ ကုန္က်စရိတ္ ျမင့္မားေနရပါလိမ့္မည္။ အခ်စ္ေရး တြင္ အ႐ြယ္မတူကိစၥအတြက္ အလြယ္တကူစိတ္ခ်၍ မရႏိုင္ေသာ စိုးရိမ္ပူပန္မႈအခ်က္ မ်ားစြာ ျဖစ္ေပၚေနမိပါလိမ့္မည္။ အေတြးခက္စရာ ျဖစ္လာလွ်င္ ေလးနက္စြာ ခ်စ္ပါေသာ ျမတ္ႏိုးမႈမ်ားအား သိသာစြာ လက္ခံႏိုင္ေစရန္ ႀကိဳးစားဖို႔လိုအပ္ပါလိမ့္မည္။

ယၾတာ ။ ။ မိတ္ေဆြတစ္ဦးအား ေရေမႊးတစ္ပုလင္း လက္ေဆာင္ေပးလိုက္ပါ။

ေဒါက္တာလင္းျမတ္သူ

Post a Comment

Previous Post Next Post