(Unicode)

မကွေးတိုင်း၊ကံမမြို့က ဝက်မွေးမြူရေးခြံနဲ့ တပိုင်တနိုင်မွေးမြူရေးလုပ်ကိုင်သူတွေရဲ့ဝက်တွေဖျားနာပြီး အကောင်ရေ ၁၀၀ ဝန်းကျင်အထိ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံမွေးမြူရေးသမားတွေဆီကသိရပါတယ်။အခုလို ဝက်တွေ အများအပြားသေဆုံးနေမှုကိုလေ့လာကြည့်ခဲ့တာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်တာတဲ့အတွက် တခြားနေရာတွေကို မကူးစက်မပြန့်ပွားအောင် ကံမမြို့အတွင်းဝက်တင်သွင်းခြင်း၊သွားလာနေခြင်းကို အစိုးရအနေနဲ့ ထိန်းချုပ်ကန့်သတ် ဖို့လိုပေးဖို့လိုအပ်နေတယ် ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။


“ခုထိ မွေးမြူရေးသမားတွေကို ဘာမှကူညီပံ့ပိုးပေးတာမရှိဘူး။ မြို့နယ်ကလည်းမရှိဘူး ဌာနဆိုင်ရာတွေကလည်းမရှိဘူး၊ အခု ဝက်တွေသေတာကို သေချာလေ့လာအစအဆုံးကြည့်ပြီးပြီ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ်။ ခုလက်ရှိဖြစ်နေတဲ့ဗိုငိးရပ်စ်ကိုထိန်းချုပ်ဖို့ကအစိုးရကလုပ်ပေးမှရမယ်။ဒါကိုတခြားနေရာကိုမပြန့်အောင်လုပ်ရမယ်။ ခု ဝက်ကားတွေက ဝင်ထွက်သွားလာနေတယ်ခုထိထိန်းချုပ်တာ ကန့်သတ်တာလုပ်မပေးဘူး။ဘယ်လောက်ပဲအော်အော် လုပ်မပေးဘူး။ နောက်ဆုံးသေတာကိုပဲ ထိုင်ကြည့်နေရတဲ့ဘဝ ကာကွယ်ဆေးလဲမရှိဘူး ထိန်းချုပ်ဆေးလဲမရှိဘူး။ “လို့ ၁၀ နှစ်အထက် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ထက်ပိုင်ကပြောပါတယ်။

ကံမမြို့အတွင်း ဝက်သေဆုံးမှုဟာ ဇူလိုင်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအချို့တွေမှာလည်း ဝက်သေဆုံးမှုရှိနေပေမယ့် စာရင်းအတိအကျ မသိရပါဘူး၊ကံမမြို့မှာ လက်ရှိအချိန်ထိကို ဝက်များသေဆုံးမှုဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဝက်သေဆုံးနေမှုနဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီးအရာရှိ ဒေါက်တာကျော်မင်းလှိုင်က ” ဟောပြောပွဲလုပ်တာတို့ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားတွေကိုတော့ ရောဂါတစ်ခုခုဖြစ်ရင်သတင်းပို့ဖို့ပြောထားတယ်။ ခုက ပြည်နယ်နဲ့တိုင်းလေးခုမှာ ဝက်အပျင်းဖျားရောဂါဖြစ်နေတယ်။အဲ့ဒီရောဂါနဲ့ပတ်သက်ပြီးလည်းမြိုနယ်တွေမှာမဖြစ်အောင် သတိပေးထားတယ် လိုက်နာဖို့လည်း ဆိုင်းဘုတ်တွေနဲ့သတိပေးထားတယ်။ခုဖြစ်နေတဲ့ ဝက်တွေမှာကအခြားရောဂါတွေနဲ့ဆိုင်တာဖြစ်လေ့ဖြစ်ထရှိတယ်။ ခုထိတော့ အကြောင်းကြားတာမရှိသေးဘူး”လို့ ပြောပါတယ်။


လက်ရှိမှာတော့ ဝက်သေဆုံးမှုနဲ့ပတ်သက်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက လာရောက်အကြောင်းကြားတာ မရှိတဲ့အတွက် ဝက်သေဆုံးမှုဟာ ဝက်အပြင်းဖျားရောဂါကူးစက်ခံရပြိး သေဆုံးခြင်းဟုတ်မဟုတ်ကိုမပြောနိုင်ကြောင်း၊ ဝက်အပြင်းဖျားရောဂါဟုတ်မဟုတ်ကို ဓာတ်ခွဲစစ်ဆေးမှုပြိးမှသာ အတိအကျသိရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာဖြစ်ပွားမှုရှိထားပါတယ်။အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝ မကူးစက်နိုင်သော ရောဂါဖြစ်တယ်လို့သိရပါတယ်။

(Zawgyi)


မေကြးတိုင္း၊ကံမၿမိဳ႕က ဝက္ေမြးျမဴေရးၿခံနဲ႔ တပိုင္တႏိုင္ေမြးျမဴေရးလုပ္ကိုင္သူေတြရဲ႕ဝက္ေတြဖ်ားနာၿပီး အေကာင္ေရ ၁၀၀ ဝန္းက်င္အထိ ေသဆုံးမႈ ျဖစ္ပြားေနတယ္လို႔ ေဒသခံေမြးျမဴေရးသမားေတြဆီကသိရပါတယ္။အခုလို ဝက္ေတြ အမ်ားအျပားေသဆုံးေနမႈကိုေလ့လာၾကည့္ခဲ့တာ ဗိုင္းရပ္စ္တစ္မ်ိဳးေၾကာင့္ျဖစ္ႏိုင္တာတဲ့အတြက္ တျခားေနရာေတြကို မကူးစက္မျပန္႔ပြားေအာင္ ကံမၿမိဳ႕အတြင္းဝက္တင္သြင္းျခင္း၊သြားလာေနျခင္းကို အစိုးရအေနနဲ႔ ထိန္းခ်ဳပ္ကန္႔သတ္ ဖို႔လိုေပးဖို႔လိုအပ္ေနတယ္ ဝက္ေမြးျမဴေရးလုပ္ငန္းရွင္ေတြက ဆိုပါတယ္။


“ခုထိ ေမြးျမဴေရးသမားေတြကို ဘာမွကူညီပံ့ပိုးေပးတာမရွိဘူး။ ၿမိဳ႕နယ္ကလည္းမရွိဘူး ဌာနဆိုင္ရာေတြကလည္းမရွိဘူး၊ အခု ဝက္ေတြေသတာကို ေသခ်ာေလ့လာအစအဆုံးၾကည့္ၿပီးၿပီ ဗိုင္းရပ္စ္တစ္မ်ိဳးေၾကာင့္ျဖစ္တယ္။ ခုလက္ရွိျဖစ္ေနတဲ့ဗိုငိးရပ္စ္ကိုထိန္းခ်ဳပ္ဖို႔ကအစိုးရကလုပ္ေပးမွရမယ္။ဒါကိုတျခားေနရာကိုမျပန္႔ေအာင္လုပ္ရမယ္။ ခု ဝက္ကားေတြက ဝင္ထြက္သြားလာေနတယ္ခုထိထိန္းခ်ဳပ္တာ ကန္႔သတ္တာလုပ္မေပးဘူး။ဘယ္ေလာက္ပဲေအာ္ေအာ္ လုပ္မေပးဘူး။ ေနာက္ဆုံးေသတာကိုပဲ ထိုင္ၾကည့္ေနရတဲ့ဘဝ ကာကြယ္ေဆးလဲမရွိဘူး ထိန္းခ်ဳပ္ေဆးလဲမရွိဘူး။ “လို႔ ၁၀ ႏွစ္အထက္ ဝက္ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္ေနသူ ကိုေက်ာ္ထက္ပိုင္ကေျပာပါတယ္။

ကံမၿမိဳ႕အတြင္း ဝက္ေသဆုံးမႈဟာ ဇူလိုင္မွာစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေက်း႐ြာအခ်ိဳ႕ေတြမွာလည္း ဝက္ေသဆုံးမႈရွိေနေပမယ့္ စာရင္းအတိအက် မသိရပါဘူး၊ကံမၿမိဳ႕မွာ လက္ရွိအခ်ိန္ထိကို ဝက္မ်ားေသဆုံးမႈျဖစ္ပြားေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဝက္ေသဆုံးေနမႈနဲ႔ ပတ္သက္ၿပီး ကံမၿမိဳ႕နယ္ တိေမြးကုဦးစီးအရာရွိ ေဒါက္တာေက်ာ္မင္းလႈိင္က ” ေဟာေျပာပြဲလုပ္တာတို႔ တိရိစာၦန္က်န္းမာေရးလုပ္သားေတြကိုေတာ့ ေရာဂါတစ္ခုခုျဖစ္ရင္သတင္းပို႔ဖို႔ေျပာထားတယ္။ ခုက ျပည္နယ္နဲ႔တိုင္းေလးခုမွာ ဝက္အပ်င္းဖ်ားေရာဂါျဖစ္ေနတယ္။အဲ့ဒီေရာဂါနဲ႔ပတ္သက္ၿပီးလည္းၿမိဳနယ္ေတြမွာမျဖစ္ေအာင္ သတိေပးထားတယ္ လိုက္နာဖို႔လည္း ဆိုင္းဘုတ္ေတြနဲ႔သတိေပးထားတယ္။ခုျဖစ္ေနတဲ့ ဝက္ေတြမွာကအျခားေရာဂါေတြနဲ႔ဆိုင္တာျဖစ္ေလ့ျဖစ္ထရွိတယ္။ ခုထိေတာ့ အေၾကာင္းၾကားတာမရွိေသးဘူး”လို႔ ေျပာပါတယ္။


လက္ရွိမွာေတာ့ ဝက္ေသဆုံးမႈနဲ႔ပတ္သက္လို႔ ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္သူေတြက လာေရာက္အေၾကာင္းၾကားတာ မရွိတဲ့အတြက္ ဝက္ေသဆုံးမႈဟာ ဝက္အျပင္းဖ်ားေရာဂါကူးစက္ခံရၿပိး ေသဆုံးျခင္းဟုတ္မဟုတ္ကိုမေျပာႏိုင္ေၾကာင္း၊ ဝက္အျပင္းဖ်ားေရာဂါဟုတ္မဟုတ္ကို ဓာတ္ခြဲစစ္ေဆးမႈၿပိးမွသာ အတိအက်သိရွိႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။ အာဖရိက ဝက္အျပင္းဖ်ားေရာဂါဟာ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္ေတြမွာျဖစ္ပြားမႈရွိထားပါတယ္။အာဖရိကဝက္အျပင္းဖ်ားေရာဂါဟာ လူကို လုံးဝ မကူးစက္ႏိုင္ေသာ ေရာဂါျဖစ္တယ္လို႔သိရပါတယ္။

Post a Comment

Previous Post Next Post