(Unicode)

ခင်မို့မို့အေးလို့ ဆိုလိုက်တာနဲ့ အလွမ်း၊ အဆွေး၊ ဗီလိန် စတဲ့ ဇာတ်ကောင်တွေမှာ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသရုပ်ဆောင်ကာ


ပရိသတ်အချစ်တွေနဲ့အတူ အကယ်ဒမီဆုတွေကိုပါ ရရှိထားတဲ့ ခင်မို့မို့အေးကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေစဲပါပဲနော်..။ လတ်တလောမှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ်တွေနည်းပါးနေတဲ့အချိန်မှာ အလုပ်ခေါ်ပေးပြီး ကြော်ငြာအတူရိုက်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ကြည်နူးပီတိဖြစ်စရာ လုပ်ရပ်လေးကြောင့်လည်း ခင်မို့မို့အေးတစ်ယောက်




မျက်ရည်ကျရတဲ့အထိ ဝမ်းသာ ကြည်နူးခဲ့ရတာကိုလည်း ပရိသတ်တွေ တွေ့မြင်ပြီးသားဖြစ်မှာပါနော်..။ သူမရဲ့အနုပညာသက်တမ်း(၃၄)နှစ်တာ ဘဝတစ်သက်တာမှာ ဖြူဖြူထွေးကြောင့် တစ်ခါမှမကြုံဖူးတဲ့ ကြည်နူးစရာ အတွေ့အကြုံလေးတွေရလိုက်တဲ့အတွက် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ အကြောင်းလေးကိုလည်း ခင်မို့မို့အေးက ပြောပြလာပါတယ်နော်..။ ထိုက်တန်တဲ့လုပ်အားခ ငွေကြေးလေးပေးတဲ့အပြင်


လုပ်အားခကို ပြီးစလွယ်ပေးတာ မဟုတ်ဘဲ ရိုရိုသေသေလေးနဲ့ ကိုယ်တိုင်ကန်တော့ပြီးပေးသလို ဆန်၊ ဆီ၊ စားသုံးကုန်ပစ္စည်းတွေနဲ့ ရိုသေစွာဂါဝရပြု ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာအပြုအမူလေးကြောင့် ကြည်နူးဝမ်းသာဖြစ်ခဲ့တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။ အားနည်းပြီး ချို့တဲ့ တဲ့လူတွေကိုလည်း လှူတတ်တာမို့ နာမည်လေးနဲ့ လိုက်အောင်ပဲ ဖြူစင်တဲ့ ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးတွေကိုလည်း ပြောပြထားတဲ့ ခင်မို့မို့အေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှပေးလိုက်ပါတယ်နော်..။

(Zawgyi)


ခင္မို႔မို႔ေအးလို႔ ဆိုလိုက္တာနဲ႔ အလြမ္း၊ အေဆြး၊ ဗီလိန္ စတဲ့ ဇာတ္ေကာင္ေတြမွာ က်ရာဇာတ္႐ုပ္ေတြကို ပီျပင္ပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ အႏုပညာေလာကမွာ ေအာင္ျမင္စြာ ရပ္တည္ေနတဲ့ ဝါရင့္အႏုပညာရွင္တစ္ဦးကို ပရိသတ္ေတြ ျမင္ေယာင္မိမွာပါေနာ္..။ လြန္ခဲ့တဲ့ဆယ္စုႏွစ္ေတြကတည္းက ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးသ႐ုပ္ေဆာင္ကာ


ပရိသတ္အခ်စ္ေတြနဲ႔အတူ အကယ္ဒမီဆုေတြကိုပါ ရရွိထားတဲ့ ခင္မို႔မို႔ေအးကေတာ့ ယေန႔အခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ေနစဲပါပဲေနာ္..။ လတ္တေလာမွာေတာ့ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ အႏုပညာအလုပ္ေတြနည္းပါးေနတဲ့အခ်ိန္မွာ အလုပ္ေခၚေပးၿပီး ေၾကာ္ျငာအတူ႐ိုက္ခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ၾကည္ႏူးပီတိျဖစ္စရာ လုပ္ရပ္ေလးေၾကာင့္လည္း ခင္မို႔မို႔ေအးတစ္ေယာက္



မ်က္ရည္က်ရတဲ့အထိ ဝမ္းသာ ၾကည္ႏူးခဲ့ရတာကိုလည္း ပရိသတ္ေတြ ေတြ႕ျမင္ၿပီးသားျဖစ္မွာပါေနာ္..။ သူမရဲ႕အႏုပညာသက္တမ္း(၃၄)ႏွစ္တာ ဘဝတစ္သက္တာမွာ ျဖဴျဖဴေထြးေၾကာင့္ တစ္ခါမွမႀကဳံဖူးတဲ့ ၾကည္ႏူးစရာ အေတြ႕အႀကဳံေလးေတြရလိုက္တဲ့အတြက္ ဝမ္းသာမ်က္ရည္က်ခဲ့ရတဲ့ အေၾကာင္းေလးကိုလည္း ခင္မို႔မို႔ေအးက ေျပာျပလာပါတယ္ေနာ္..။ ထိုက္တန္တဲ့လုပ္အားခ ေငြေၾကးေလးေပးတဲ့အျပင္




လုပ္အားခကို ၿပီးစလြယ္ေပးတာ မဟုတ္ဘဲ ႐ို႐ိုေသေသေလးနဲ႔ ကိုယ္တိုင္ကန္ေတာ့ၿပီးေပးသလို ဆန္၊ ဆီ၊ စားသုံးကုန္ပစၥည္းေတြနဲ႔ ႐ိုေသစြာဂါဝရျပဳ ကန္ေတာ့ခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ခ်စ္စရာအျပဳအမူေလးေၾကာင့္ ၾကည္ႏူးဝမ္းသာျဖစ္ခဲ့တဲ့ အေၾကာင္းေလးကို ေျပာျပထားတာပါ..။ အားနည္းၿပီး ခ်ိဳ႕တဲ့ တဲ့လူေတြကိုလည္း လႉတတ္တာမို႔ နာမည္ေလးနဲ႔ လိုက္ေအာင္ပဲ ျဖဴစင္တဲ့ ျဖဴျဖဴေထြးနဲ႔ ပတ္သက္ၿပီး သူမရဲ႕အျမင္ေလးေတြကိုလည္း ေျပာျပထားတဲ့ ခင္မို႔မို႔ေအးရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း ေဝမွ်ေပးလိုက္ပါတယ္ေနာ္..။

Post a Comment

Previous Post Next Post