(Unicode)

မြစ်ဆုံ စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြတဲ့ အဓိက တရားခံများ…

ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ လက်ရေးမူ အင်္ဂလိပ်ဘာသာဖြင့် “ဧရာဝတီသနားခံစာ” ဆိုသော စာတမ်းအား ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင်သူမ၏ နေအိမ်လိပ်စာဖြင့် ခေါင်းစဉ်တပ်ကာ နိုင်ငံတကာ မြစ်ချောင်းများ လေ့လာရေး သုတေသနအဖွဲ့သို့ ရေးသားတင်ပြခဲ့သည်။

အဆိုပါမြစ်သည် အံ့ဖွယ်ဘနန်း ဖြစ်စေရပြီး မြန်မာပြည်၏အဓိကရေသောက်မြစ်လဲဖြစ်သော အရာဖြစ်၏။ ထို့အပြင် မြစ်ကြီးသည် ကျမတို့ သတ္တဗေဒနှင့် သဘာဝဗေဒတို့၏ ပင်မအဓိက မြစ်ကြီးလဲဖြစ်သည်။ ထိုမြစ်ကြီးမှ ကျမတို့ လူသားများလက်ရှိနေထိုင်ကြသော ကျမတို့တိုင်းပြည်၏ သဘာ၀ ဂေဟစနစ်အသွင်အား ထုတ်ဖေါ်ပြသထားသော အံမခန်းဘွယ်မြစ်ကြီးဖြစ်ပါပေသည်။

ထိုမြစ်ကြီးအား အကြောင်းပြုကာ ကျမတို့ တိုင်းပြည်၏ သမိုင်း ယဉ်ကျေးမှုနှင့် လူနေဘဝအဖုံဖုံအသွယ်သွယ်တို့အား ပေါင်းစပ်ထောက်ပံ့ပေးထားသော မြစ်ကြီးဖြစ်သည်သာမက ၎င်းဧရာဝတီမြစ်ကြီးအား အခြေခံကာ ရွှင်မြူးဖွယ် ခံစားဖွယ် လွမ်းမောဖွယ် ဂုဏ်ယူဖွယ်နှင့် မရေတွက်နိုင်သော ရသစာပေများအား ခံစားစံစားရသော မြစ်ကြီးတစင်း စီးဆင်းလျှက်ပင်တည်း.. ”



၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နေခင်း (၂) နာရီတွင် မြစ်ဆုံ လုပ်ငန်းအကောင်ထည်ဖေါ်ရေးအတွက် တွဲဖက်လုပ်ကိုင်မည် ဘန်ကာ BANCA နှင့် တရုတ်ဘက်မှ စီပီအိုင် ကုမ္မဏီတို့ သဘောတူ လက်မှတ်ရေးထိုးကာ နိုင်ငံတကာမှ ခွင့်ပြုချက်ရရှိမည့် အီးအိုင်အေ အတွက် လေ့လာရေးကို စတင် အကောင်ထည်ဖေါ်ကြပြန်သည်။

(၂၀၀၉) ခုနှစ် ဇန်နာဝရီလမှ ဇွန်လအထိ တရုတ်မြန်မာ အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန်နောက်ဆုံး လေ့လာစူးစမ်းမှုများ အပြီးသတ်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ကြရာတွင် တရုတ်ဘက်မှ စီပီအိုင် (China Power Investment) မှ ၎င်းတို့ တွေ့ရှိချက်များအား အထူးအစည်းဝေးခေါ်ယူကာ တင်ပြကြ၏။


တင်ပြချက်ထဲတွင် ကုမ္မဏီ၏လုပ်ငန်း စတင်အကောင်ထည်ဖေါ်ချိန်မှစပြီး လုပ်အားနှင့် ရင်းနှီးမြုပ်နှံမှု အားလုံး အရှုံးဖြင့် ရင်ဆိုင်ကြုံတွေ့နိုင်စရာ အကြောင်း မရှိကြောင်းနှင့် လုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ချိန်မှစကာ ကုမ္မဏီအဖို့ မျှော်လင့်မထားသော အကျိုးမြတ်ကြီးများ ရရှိနိုင်ကြောင်း ၎င်းတို့ စာတမ်းတွင် ဖေါ်ပြသည့်အတွက် တရုတ်ပြည်မ အစိုးရကိုယ်တိုင်ပင် အထူးစိတ်ဝင်စားကာ တရုတ်ပြည်၏ သစ်တောရေးရာ (မြောက်ပိုင်းဒေသ) ကာကွယ် စောင့်ရှောက်ရေး ဝန်ကြီး( လျံချီပင်း) အား စီပီအိုင်၏ လုပ်ငန်းများအား ပူးတွဲပါဝင်ကြီးကြပ်ရန် သံဗာန်စာဆင့်ထုတ်ကာ ညွန်ကြားခဲ့သည်။



အကြောင်းမှာ မေခ မလိခ မြစ်နှစ်သွယ် ဆုံမိစီးဆင်းသည့် အိုင်ကြီးသည် အလွန်တန်ဖိုးကြီးမားသော ရွှေနှင့် အခြားဓါသတ္တုပစ္စည်းများ ရရှိသေချာကြောင်း၊ လုပ်ငန်း စတင်လုပ်ဆောင်သော အချိန်မှစပြီး လုပ်ငန်းပြီးဆုံးသည့် အချိန်ထိ ရွှေနှင့် တန်ဘိုးကြီး ဓါတ်သတ္တု ခန့်မှန်းခြေ တန်ပေါင်း (၅၀၀၀) နှင့် ၁၀၀၀၀ သောင်းအကြား တပါတည်း ရရှိတူးဖေါ်နိုင်ကြောင်း အပြင် ဒေသတွင်းရှိ ရှင်းလင်းပယ်ဖျက်ရန် သစ်တောကြီးများမှ သစ်တန်ချန်း (၂သန်းမှ ၇) သန်းထိ ရနိုင်သည့်အပြင် တန်ဘိုးရှိသော ရှားပါး သစ်ခွ နှင့် အခြားသော မျိုးစေ့ မျိုးဆက် အသစ်ဆန်းများ ရရှိမှာ ဖြစ်ကြောင်းအား အသေးစိတ် ဓါတ်ပုံများနှင့်တကွ တင်ပြခဲ့သည်။

အထက်ပါ အစီရင်စာ အား ၂၀၀၉ ခု ဂျူလိုင် လ ၆ ရက်နေ့ တွင် တင်ပြခြင်းကြောင့် တရုတ်ပြည် ယူနန်ဒေသ အာဏာပိုင်များပင်မက ပြည်မ အာဏာပိုင်များပါ အထူးစိတ်ဝင်စားခဲ့ပြီး မြန်မာပြည်သို့ တရုတ်ပြည် စီးပွားရေးဆိုင်ရာ ဝန်ကြီး အလည်ပတ်ရောက်ရှိလာပြီး အနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ စီးပွားရေးသမားများ ခရိုနီများအား အထူးမက်လုံးပေးဖိတ်ခေါ်ခဲ့သည်။



ထို့ကြောင့် (၂၀၀၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်) မြန်မာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေဦးဆောင်သော ၈၁ ယောက်ပါသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ တရုတ်ပြည်သို့ လိုက်ပါပြီး တရုတ်ပြည်မှ “မဟာ ပြည်သူ့ရင်ပြင် အဆောက်ဦး” တွင် ကော်ဇောနီးခင်း ကာ တရုတ်ပြည်မှ သမ္မတ ဟူဂျင်တောင်း က ကြိုဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိ တိုင်းမ် သတင်းစာမှ ရေးသားတင်ပြထားသည်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခရိုနီတို့၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဖက်မှ မြစ်ဆုံလုပ်ငန်း အပါဝင် အခြားသော အကြောင်းရာများ (၁၃) ခုအား အဖြေခိုင်ခိုင်မာမာရရှိအောင် တရုတ်တို့ဘက်မှ အင်တိုက်အားတိုက် ဆွေးနွေးခဲ့ပြီး လက်မှတ်ပေါင်း (၄၃) ခုအား မြန်မာဘက်မှ ထိုးပေးခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်ထိုးသဘောတူသော အချက်များတွင် တရုတ်တို့ လိုလားတောင်းတသော အချက်လက် ကို ရရှိသွားကြလေ၏။ ၎င်းအချက်လက်မှာ မြစ်ဆုံဒေသရှိ နယ်မြေရှင်းလင်း တည်ဆောက်သော ကာလဝယ် အသုံးမဝင်သော သစ်မာနှင့် မြစ်ဆုံဒေသ တည်ဆောက်ရေးလုပ်ငန်းတွင် ဖယ်ထုတ်စွန့်ပစ်ရမည်ဖြစ်သော မြေသားများအား တရုတ်တို့ဘက်သို့ တိုက်ရိုက်သယ်ယူ ပို့ဆောင်ရေး အပါဝင် လိုအပ်လျှင် တရုတ်တို့ဘက်မှ လုံခြုံရေး အစီမံများ ပူးတွဲလုပ်ကိုင်ခွင့် ရရှိရန်ဖြစ်လေသည်။



ထိုကိစ္စအရပ်ရပ်အား အကွက်ကျကျ စီမံဆောင်ရွက်ပေးနိုင်သော ယခု အနားယူသွားသည့် ဒုတိယ သမ္မတ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့အာ အေးရှဝေါလ်နှင့် စီပီအိုင်တို့မှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀) လက်ဆောင်ပေး အပ်နှင်းခဲ့သည်၊

တရုတ်တို့ လိုချင်သော ကိစ္စရပ်များရရှိပြီးနောက် မြစ်ဆုံလုပ်ငန်းအား အားတိုက်အင်တိုက် ပြုလုပ်ကြလေတော့သည်။ မြစ်ဆုံလုပ်ငန်းအား မြန်မာဘက်မှ တာဝန်ယူ ရင်းနှီးမြုပ်နှံထားသူ အေးရှဝေါလ်ကုမ္မဏီမှ တက်သုတ်ရိုက်ကာ အလျှင်သလို အကောင်ထည်ဖေါ်ဆောင်ရွက်ရာတွင် (၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ မြန်မာပြည်၏ မိခင် ဧရာဝတီအား စတင် သတ်ဖြတ်ရန် စက်ယန္ဒယားပေါင်း (၁၀၃၂) ခု အားစတင်ဝင်ရောက်လာတော့သည်။

၎င်းဒေသတွင်းရှိ ရွာပေါင်း ၆၃ ရွာ နှင့် လူဦးရေပေါင်း ၂ သောင်း ၆ထောင်မှ ၃၈၀၀၀ အကြား ရှိမည်ဟုခန့်မှန်းရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်သို့ သွားသော ခရီးစဉ်အား ဘိန်းဘုရင် လောစစ်ဟန်နှင့် ၎င်းတို့ မိသားစုပိုင်ဆိုင်သော အေးရှဝေါလ် ကုမဏီမှ အမေရိကန်ဒေါ်လာ ၂.၈ သန်း အကုန်ကျခံကာ တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းကာ စီစဉ်ခဲ့ကြောင်းအား တရုတ်အမျိုးသား လုံခြုံရေးဆိုင် အထူးထောက်လှမ်းရေးမှ ၎င်းတို့၏ အသုံးစရိတ်နှင့် ဘတ်ဂျက် စာရင်းအား တရုတ်ပြည်မ နှင့် တရုတ် ရာဇဝတ်မှု စောင့်ကြည့်ရေး ဌာနသို့ တင်ပြရာတွင် ဖေါ်ပြထားသည်။


၁၉၈၈ စစ်တပ်မှ အာဏာသိမ်းသော ကာလဝယ် မိုင်းယမ်း တိုက်ပွဲကြီး ရှမ်းပြည်မြောက်ပိုင်း ၀ ဒေသနှင့် ထိစပ်နေသော နေရာတွင် ဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲအား အဓိက တာဝန်ယူ ထိပ်တိုက်ရင်ဆိုင် နေသူမှာ ဗိုလ်မှူး တင်အောင်မြင့်ဦးဖြစ်ခဲ့ပြီး ဗို်လ်မှူး တင်အောင်မြင့်ဦးအား ညှိနိုင်းကာ လော်စစ်ဟန် ၎င်း၏ လက်ထောက် ဖုန်းကျားရှင်းတို့နှင့် ကိုးကန့်ဒေသ အာဏာသိမ်းမှု ဖြစ်ပေါ်စေရေးအတွက် ဗိုလ်ချုပ်ခင်ညွန့် မှ စနစ်တကျ စီစဉ်ပေးခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် သူရသီဟ တင်အောင်မြင့်ဦး အပါဝင် သမ္မတ ဦးသိန်းစိန် ၊ ဗိုလ်ချုပ်ကြီး မောင်အေး ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုများပါ ဆက်လက် ထိန်းသိမ်းပူးတွဲလုပ်ကိုင်လက်တွဲခဲ့ပြီး လော်စစ်ဟန်ပိုင်သော အမေရိကန်ဒေါ်လာ (၂၀.၂၂) ဘီလီယံ(ခန့်မှန်းချေ) အား မြန်မာနှင့် အားရှစီးပွားရေးလောကတွင် အရောင် ဝင်းလက်တောက်ပစေခဲ့သည်။

လော်စစ်ဟန် မိသားစု၏ အေးရှဝေါလ် ကုမ္မဏီသည် မြန်မာဘက်တွင် မြစ်ဆုံနယ်မြေတူးဆွရှင်းလင်းရေးနှင့်၎င်းဒေသမှ ရှင်းလင်းဖယ်ထုတ်သော မြေကြီးနှင့် သစ်တောထွက်ပစ္စည်းများအားလုံးအား တရုတ်ပြည်ဘက်သို့ တနေ့လျှင် (တန်ပေါင်း ၁၀တန်း မှ တန်ပေါင်း ၂၅)တန် ဝန်တင်ဆောင်သော ကားကြီးကားငယ်များဖြင့် နေ့ရောညပါ တနေ့လျှင် ၂၂၈ စီးမှ ၃၄၀) ထိ သယ်ယူသွားသည်ကို တိကျသော ဒေသခံတို့မှ မှတ်တမ်းတင်ထားမှုအား စာရေးသူမှ ရရှိခဲ့သည်။

တရုတ်ပြည်ဘက်တွင် နေ့ည (၂၄) နာရီ လည်ပတ်သော သစ်ခွဲစက်များ၊ ရွှေနှင့် ဓါတ်သတ္တု ခွဲထုတ်ရေး လုပ်ငန်းများဖြင့် လူအင်အား (၅၀၀ မှ ၈၀၀၀အထိ) အလုပ်ခန့်အပ်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး စိပီအိုင်(CPI) မြစ်ဆုံဒေသ အကျိုးမြတ် နှင့် လုပ်ငန်း ဝေစု အတွင် ခွဲဝေရှင်းလင်းရေး မှတ်တမ်းတွင် မြန်မာ မြစ်ဆုံဒေသမှ လုပ်ငန်းအကောင်ထည် ဖေါ်ရေးကာလ တွင် ရရှိသော ရှင်းတမ်းသည် (သစ်မာနှင့် သစ်တောထွက် ပစ္စည်းများမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၂ သန်း( သဘာ၀ ဓါတ်သတ္တုများမှ ရွှေနှင့် အခြားဓါတ်သတ္တု အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄၄သန်း အား ရရှိပြီဖြစ်ကြောင်း အပြင် ကျော်မျက်ရတနာ အမေရိကန်ဒေါ်လာ ၂၂၄ သန်း ဖြစ်ကြောင်းတင်ပြထားသည်။



မြစ်ဆုံဆည် စတင် လုပ်ဆောင်ခဲ့သော ၂၀၀၉ ခုနှစ်မှစ ၍ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နာဝရိလ ၇ ရက်နေ့အထိ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အကျိုးမြတ်စောင့်ကြည့်ရေးအဖွဲ့၏ ဖေါ်ပြချက်အရဆိုပါလျှင် စီပီအိုင် နှင့် အေးရှဝေါလ်တို့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန် အသုံးပြုခဲ့သော ရင်းနှီးမြုပ်နှံ စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၁၁ သန်းအား အသုံးပြုခဲ့သော်ငြား မြစ်ဆုံဒေသမှ ပြန်လည်ရရှိသော ရွှေ ကျောက်စိမ်း အရည်သွေးကောင်းများ နှင့် အခြား အဖိုးတန် ဓါတ်သတ္တုများအပြင် သစ်တောထွက် ပစ္စည်းများကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင် ဒသမ ၃ သန်းအား အကျိုးမြတ် အလုံးရင်းရရှိကြောင်း သိရ၏။

မြစ်ဆုံဆည်ကြီး တည်ဆောက်ပြီးစီးသွားပါက မည်သို့သော ပြသနာများအား မြန်မာနိုင်ငံ ဧရာဝတီမြစ်တလျောက်နှင့် ၎င်း၏နီးစပ်သော ဒေသများတွင် နေထိုင်သော သူများအဖို့ ရင်ဆိုင်ရနိုင်ကြောင်းအား ဒေါ်အောင်ဆန်းစုကြည်မှ သူမလက်ရေးမူဖြင့် ရေးသားတင်သွင်းသော (နိုင်ငံတကာ မြစ်ကြောင်းများ စောင့်ကြည့်ရေးအဖွဲ့) သို့ ဧရာဝတီ သနားခံစာ စာတမ်းတွင်ရေးသားတင်ပြထားသည်။

” မကြာခဏ ငလျှင်လှုပ်လေ့ရှိသော မြန်မာ့ သဘာဝဘူမိ အနေထားအကြောင်း၊ သဘာ၀ ဂေဟပျက်ယွင်းမှုနှင့် မျိုးတုံန်း ပြောက်ကွယ်နိုင်သော သတ္တဗေဒ အခြေနေများအပြင် ဧရာဝတီမြစ်ရေအား အကန့်သတ်ဖြင့်သာ လွှတ်ထုတ်စီးဆင်း အောင် ဆောင်ရွက်ထားမှုများက ဧရာဝတီမြစ်ကြောင်း အဆုံးဒေသဖြစ်သည့် လူဦးရေး ၈ဒသမ ၆ သန်းကျော် နေထိုင်နေကြသော ဧရာဝတီတိုင်းတွင်၊ လူဦးရေ ၁၄ဒသမ ၉ သန်းကျော်ခန့်နေထိုင်နေကြသော ရန်ကုန်တိုင်း စသော ကြီးမားသည့် ဒေသလွင်ပြင်များအတွက် မလွဲမသွေ ရင်ဆိုင်ရနိုင်သော အန္တရယ်မှာ အိန္ဒိယသမုဒ္ဒရာမှ နေ့တဓူ၀ စီးဝင်လာနေသော ဆားငန်ရေများအား လက်ရှိ ဧရာဝတီမြစ်ရေ၏ စီးတွန်း ကျားကန်ထားမှု အရှိန်များကင်းမဲ့ သွားပြီး အထက်ဖေါ်ပြပါ ဒေသကြီး တိုင်းကြီးများတွင် ဆားငန်ရေး တနေ့တခြားလွှမ်းမိုးလာပြီး အားလုံး စိုက်ပျိုးရေးနှင့် ကျန်မားရေးစသော လူဦးရေ ၁၈ သန်း၏ လူမှုဘဝများအား တိုက်ရိုက် ထိဆက်လာသော ဒုက္ခဘေးဆိုးကြီးအား ရင်ဆိုင်ရနိုင်ကြောင်း တိကျစွာ ဖေါ်ပြထားသည်ကိုတွေ့ရသည်။

မောင်ကျော်အောင် – ကန်မြဲ


(Zawgyi)



ျမစ္ဆုံ စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ခဲ့ၾကတဲ့ အဓိက တရားခံမ်ား…

ေဒၚေအာင္ဆန္းစုၾကည္မွ သူမ၏ လက္ေရးမူ အဂၤလိပ္ဘာသာျဖင့္ “ဧရာဝတီသနားခံစာ” ဆိုေသာ စာတမ္းအား ၂၀၁၁ ခုႏွစ္ ၾသဂုတ္လ ၁၁ ရက္ေန႔တြင္သူမ၏ ေနအိမ္လိပ္စာျဖင့္ ေခါင္းစဥ္တပ္ကာ ႏိုင္ငံတကာ ျမစ္ေခ်ာင္းမ်ား ေလ့လာေရး သုေတသနအဖြဲ႕သို႔ ေရးသားတင္ျပခဲ့သည္။

အဆိုပါျမစ္သည္ အံ့ဖြယ္ဘနန္း ျဖစ္ေစရၿပီး ျမန္မာျပည္၏အဓိကေရေသာက္ျမစ္လဲျဖစ္ေသာ အရာျဖစ္၏။ ထို႔အျပင္ ျမစ္ႀကီးသည္ က်မတို႔ သတၱေဗဒႏွင့္ သဘာဝေဗဒတို႔၏ ပင္မအဓိက ျမစ္ႀကီးလဲျဖစ္သည္။ ထိုျမစ္ႀကီးမွ က်မတို႔ လူသားမ်ားလက္ရွိေနထိုင္ၾကေသာ က်မတို႔တိုင္းျပည္၏ သဘာ၀ ေဂဟစနစ္အသြင္အား ထုတ္ေဖၚျပသထားေသာ အံမခန္းဘြယ္ျမစ္ႀကီးျဖစ္ပါေပသည္။

ထိုျမစ္ႀကီးအား အေၾကာင္းျပဳကာ က်မတို႔ တိုင္းျပည္၏ သမိုင္း ယဥ္ေက်းမႈႏွင့္ လူေနဘဝအဖုံဖုံအသြယ္သြယ္တို႔အား ေပါင္းစပ္ေထာက္ပံ့ေပးထားေသာ ျမစ္ႀကီးျဖစ္သည္သာမက ၎ဧရာဝတီျမစ္ႀကီးအား အေျခခံကာ ႐ႊင္ျမဴးဖြယ္ ခံစားဖြယ္ လြမ္းေမာဖြယ္ ဂုဏ္ယူဖြယ္ႏွင့္ မေရတြက္ႏိုင္ေသာ ရသစာေပမ်ားအား ခံစားစံစားရေသာ ျမစ္ႀကီးတစင္း စီးဆင္းလွ်က္ပင္တည္း.. ”



၂၀၀၈ ခုႏွစ္ ဒီဇင္ဘာလ (၂၄) ရက္ေန႔ ေနခင္း (၂) နာရီတြင္ ျမစ္ဆုံ လုပ္ငန္းအေကာင္ထည္ေဖၚေရးအတြက္ တြဲဖက္လုပ္ကိုင္မည္ ဘန္ကာ BANCA ႏွင့္ တ႐ုတ္ဘက္မွ စီပီအိုင္ ကုမၼဏီတို႔ သေဘာတူ လက္မွတ္ေရးထိုးကာ ႏိုင္ငံတကာမွ ခြင့္ျပဳခ်က္ရရွိမည့္ အီးအိုင္ေအ အတြက္ ေလ့လာေရးကို စတင္ အေကာင္ထည္ေဖၚၾကျပန္သည္။

(၂၀၀၉) ခုႏွစ္ ဇန္နာဝရီလမွ ဇြန္လအထိ တ႐ုတ္ျမန္မာ အဖြဲ႕ေပါင္း ၁၁ ဖြဲ႕မွ လုပ္ငန္း အေကာင္ထည္ေဖၚရန္ေနာက္ဆုံး ေလ့လာစူးစမ္းမႈမ်ား အၿပီးသတ္ျပဳလုပ္ခဲ့ၾကသည္။ ထိုသို႔ ျပဳလုပ္ၾကရာတြင္ တ႐ုတ္ဘက္မွ စီပီအိုင္ (China Power Investment) မွ ၎တို႔ ေတြ႕ရွိခ်က္မ်ားအား အထူးအစည္းေဝးေခၚယူကာ တင္ျပၾက၏။

တင္ျပခ်က္ထဲတြင္ ကုမၼဏီ၏လုပ္ငန္း စတင္အေကာင္ထည္ေဖၚခ်ိန္မွစၿပီး လုပ္အားႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ အားလုံး အရႈံးျဖင့္ ရင္ဆိုင္ႀကဳံေတြ႕ႏိုင္စရာ အေၾကာင္း မရွိေၾကာင္းႏွင့္ လုပ္ငန္း စတင္လုပ္ကိုင္ေဆာင္႐ြက္ခ်ိန္မွစကာ ကုမၼဏီအဖို႔ ေမွ်ာ္လင့္မထားေသာ အက်ိဳးျမတ္ႀကီးမ်ား ရရွိႏိုင္ေၾကာင္း ၎တို႔ စာတမ္းတြင္ ေဖၚျပသည့္အတြက္ တ႐ုတ္ျပည္မ အစိုးရကိုယ္တိုင္ပင္ အထူးစိတ္ဝင္စားကာ တ႐ုတ္ျပည္၏ သစ္ေတာေရးရာ (ေျမာက္ပိုင္းေဒသ) ကာကြယ္ ေစာင့္ေရွာက္ေရး ဝန္ႀကီး( လ်ံခ်ီပင္း) အား စီပီအိုင္၏ လုပ္ငန္းမ်ားအား ပူးတြဲပါဝင္ႀကီးၾကပ္ရန္ သံဗာန္စာဆင့္ထုတ္ကာ ၫြန္ၾကားခဲ့သည္။



အေၾကာင္းမွာ ေမခ မလိခ ျမစ္ႏွစ္သြယ္ ဆုံမိစီးဆင္းသည့္ အိုင္ႀကီးသည္ အလြန္တန္ဖိုးႀကီးမားေသာ ေ႐ႊႏွင့္ အျခားဓါသတၱဳပစၥည္းမ်ား ရရွိေသခ်ာေၾကာင္း၊ လုပ္ငန္း စတင္လုပ္ေဆာင္ေသာ အခ်ိန္မွစၿပီး လုပ္ငန္းၿပီးဆုံးသည့္ အခ်ိန္ထိ ေ႐ႊႏွင့္ တန္ဘိုးႀကီး ဓါတ္သတၱဳ ခန႔္မွန္းေျခ တန္ေပါင္း (၅၀၀၀) ႏွင့္ ၁၀၀၀၀ ေသာင္းအၾကား တပါတည္း ရရွိတူးေဖၚႏိုင္ေၾကာင္း အျပင္ ေဒသတြင္းရွိ ရွင္းလင္းပယ္ဖ်က္ရန္ သစ္ေတာႀကီးမ်ားမွ သစ္တန္ခ်န္း (၂သန္းမွ ၇) သန္းထိ ရႏိုင္သည့္အျပင္ တန္ဘိုးရွိေသာ ရွားပါး သစ္ခြ ႏွင့္ အျခားေသာ မ်ိဳးေစ့ မ်ိဳးဆက္ အသစ္ဆန္းမ်ား ရရွိမွာ ျဖစ္ေၾကာင္းအား အေသးစိတ္ ဓါတ္ပုံမ်ားႏွင့္တကြ တင္ျပခဲ့သည္။

အထက္ပါ အစီရင္စာ အား ၂၀၀၉ ခု ဂ်ဴလိုင္ လ ၆ ရက္ေန႔ တြင္ တင္ျပျခင္းေၾကာင့္ တ႐ုတ္ျပည္ ယူနန္ေဒသ အာဏာပိုင္မ်ားပင္မက ျပည္မ အာဏာပိုင္မ်ားပါ အထူးစိတ္ဝင္စားခဲ့ၿပီး ျမန္မာျပည္သို႔ တ႐ုတ္ျပည္ စီးပြားေရးဆိုင္ရာ ဝန္ႀကီး အလည္ပတ္ေရာက္ရွိလာၿပီး အနားယူသြားေသာ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊႏွင့္ ျမန္မာ စီးပြားေရးသမားမ်ား ခ႐ိုနီမ်ားအား အထူးမက္လုံးေပးဖိတ္ေခၚခဲ့သည္။

ထို႔ေၾကာင့္ (၂၀၀၉ ခုႏွစ္ စက္တင္ဘာလ ၈ ရက္ေန႔တြင္) ျမန္မာ အာဏာရွင္ႀကီး ဗိုလ္ခ်ဳပ္မႈးႀကီး သန္းေ႐ႊဦးေဆာင္ေသာ ၈၁ ေယာက္ပါသည့္ ျမန္မာကိုယ္စာလွယ္အဖြဲ႕ တ႐ုတ္ျပည္သို႔ လိုက္ပါၿပီး တ႐ုတ္ျပည္မွ “မဟာ ျပည္သူ႔ရင္ျပင္ အေဆာက္ဦး” တြင္ ေကာ္ေဇာနီးခင္း ကာ တ႐ုတ္ျပည္မွ သမၼတ ဟူဂ်င္ေတာင္း က ႀကိဳဆိုခဲ့ေၾကာင္း အေမရိကန္ျပည္ေထာင္စု ေလာ့အိန္ဂ်လိ တိုင္းမ္ သတင္းစာမွ ေရးသားတင္ျပထားသည္။

ထိုသို႔ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊႏွင့္ ခ႐ိုနီတို႔၏ တ႐ုတ္ျပည္ခရီးစဥ္တြင္ တ႐ုတ္ဖက္မွ ျမစ္ဆုံလုပ္ငန္း အပါဝင္ အျခားေသာ အေၾကာင္းရာမ်ား (၁၃) ခုအား အေျဖခိုင္ခိုင္မာမာရရွိေအာင္ တ႐ုတ္တို႔ဘက္မွ အင္တိုက္အားတိုက္ ေဆြးေႏြးခဲ့ၿပီး လက္မွတ္ေပါင္း (၄၃) ခုအား ျမန္မာဘက္မွ ထိုးေပးခဲ့ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊမွ လက္မွတ္ထိုးသေဘာတူေသာ အခ်က္မ်ားတြင္ တ႐ုတ္တို႔ လိုလားေတာင္းတေသာ အခ်က္လက္ ကို ရရွိသြားၾကေလ၏။ ၎အခ်က္လက္မွာ ျမစ္ဆုံေဒသရွိ နယ္ေျမရွင္းလင္း တည္ေဆာက္ေသာ ကာလဝယ္ အသုံးမဝင္ေသာ သစ္မာႏွင့္ ျမစ္ဆုံေဒသ တည္ေဆာက္ေရးလုပ္ငန္းတြင္ ဖယ္ထုတ္စြန႔္ပစ္ရမည္ျဖစ္ေသာ ေျမသားမ်ားအား တ႐ုတ္တို႔ဘက္သို႔ တိုက္႐ိုက္သယ္ယူ ပို႔ေဆာင္ေရး အပါဝင္ လိုအပ္လွ်င္ တ႐ုတ္တို႔ဘက္မွ လုံၿခဳံေရး အစီမံမ်ား ပူးတြဲလုပ္ကိုင္ခြင့္ ရရွိရန္ျဖစ္ေလသည္။



ထိုကိစၥအရပ္ရပ္အား အကြက္က်က် စီမံေဆာင္႐ြက္ေပးႏိုင္ေသာ ယခု အနားယူသြားသည့္ ဒုတိယ သမၼတ တင္ေအာင္ျမင့္ဦး ႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေအးတို႔အာ ေအးရွေဝါလ္ႏွင့္ စီပီအိုင္တို႔မွ အေမရိကန္ေဒၚလာ သန္းေပါင္း (၃၀၀) လက္ေဆာင္ေပး အပ္ႏွင္းခဲ့သည္၊

တ႐ုတ္တို႔ လိုခ်င္ေသာ ကိစၥရပ္မ်ားရရွိၿပီးေနာက္ ျမစ္ဆုံလုပ္ငန္းအား အားတိုက္အင္တိုက္ ျပဳလုပ္ၾကေလေတာ့သည္။ ျမစ္ဆုံလုပ္ငန္းအား ျမန္မာဘက္မွ တာဝန္ယူ ရင္းႏွီးျမဳပ္ႏွံထားသူ ေအးရွေဝါလ္ကုမၼဏီမွ တက္သုတ္႐ိုက္ကာ အလွ်င္သလို အေကာင္ထည္ေဖၚေဆာင္႐ြက္ရာတြင္ (၂၀၀၉ ခုႏွစ္ ဒီဇင္ဘာလ (၈)ရက္ေန႔တြင္ တ႐ုတ္ျပည္ဘက္မွ ျမန္မာျပည္၏ မိခင္ ဧရာဝတီအား စတင္ သတ္ျဖတ္ရန္ စက္ယႏၵယားေပါင္း (၁၀၃၂) ခု အားစတင္ဝင္ေရာက္လာေတာ့သည္။

၎ေဒသတြင္းရွိ ႐ြာေပါင္း ၆၃ ႐ြာ ႏွင့္ လူဦးေရေပါင္း ၂ ေသာင္း ၆ေထာင္မွ ၃၈၀၀၀ အၾကား ရွိမည္ဟုခန႔္မွန္းရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ၏ တ႐ုတ္ျပည္သို႔ သြားေသာ ခရီးစဥ္အား ဘိန္းဘုရင္ ေလာစစ္ဟန္ႏွင့္ ၎တို႔ မိသားစုပိုင္ဆိုင္ေသာ ေအးရွေဝါလ္ ကုမဏီမွ အေမရိကန္ေဒၚလာ ၂.၈ သန္း အကုန္က်ခံကာ တ႐ုတ္အာဏာပိုင္မ်ားႏွင့္ ပူးေပါင္းကာ စီစဥ္ခဲ့ေၾကာင္းအား တ႐ုတ္အမ်ိဳးသား လုံၿခဳံေရးဆိုင္ အထူးေထာက္လွမ္းေရးမွ ၎တို႔၏ အသုံးစရိတ္ႏွင့္ ဘတ္ဂ်က္ စာရင္းအား တ႐ုတ္ျပည္မ ႏွင့္ တ႐ုတ္ ရာဇဝတ္မႈ ေစာင့္ၾကည့္ေရး ဌာနသို႔ တင္ျပရာတြင္ ေဖၚျပထားသည္။



၁၉၈၈ စစ္တပ္မွ အာဏာသိမ္းေသာ ကာလဝယ္ မိုင္းယမ္း တိုက္ပြဲႀကီး ရွမ္းျပည္ေျမာက္ပိုင္း ၀ ေဒသႏွင့္ ထိစပ္ေနေသာ ေနရာတြင္ ျဖစ္ပြားေနၿပီး ၎တိုက္ပြဲအား အဓိက တာဝန္ယူ ထိပ္တိုက္ရင္ဆိုင္ ေနသူမွာ ဗိုလ္မႉး တင္ေအာင္ျမင့္ဦးျဖစ္ခဲ့ၿပီး ဗို္လ္မႉး တင္ေအာင္ျမင့္ဦးအား ညႇိႏိုင္းကာ ေလာ္စစ္ဟန္ ၎၏ လက္ေထာက္ ဖုန္းက်ားရွင္းတို႔ႏွင့္ ကိုးကန႔္ေဒသ အာဏာသိမ္းမႈ ျဖစ္ေပၚေစေရးအတြက္ ဗိုလ္ခ်ဳပ္ခင္ၫြန႔္ မွ စနစ္တက် စီစဥ္ေပးခဲ့သည္။ ၂၀၀၄ ခုႏွစ္ စက္တင္ဘာလ ေနာက္ပိုင္းတြင္ သူရသီဟ တင္ေအာင္ျမင့္ဦး အပါဝင္ သမၼတ ဦးသိန္းစိန္ ၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေအး ၊ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊႏွင့္ ၎၏ မိသားစုမ်ားပါ ဆက္လက္ ထိန္းသိမ္းပူးတြဲလုပ္ကိုင္လက္တြဲခဲ့ၿပီး ေလာ္စစ္ဟန္ပိုင္ေသာ အေမရိကန္ေဒၚလာ (၂၀.၂၂) ဘီလီယံ(ခန႔္မွန္းေခ်) အား ျမန္မာႏွင့္ အားရွစီးပြားေရးေလာကတြင္ အေရာင္ ဝင္းလက္ေတာက္ပေစခဲ့သည္။

ေလာ္စစ္ဟန္ မိသားစု၏ ေအးရွေဝါလ္ ကုမၼဏီသည္ ျမန္မာဘက္တြင္ ျမစ္ဆုံနယ္ေျမတူးဆြရွင္းလင္းေရးႏွင့္၎ေဒသမွ ရွင္းလင္းဖယ္ထုတ္ေသာ ေျမႀကီးႏွင့္ သစ္ေတာထြက္ပစၥည္းမ်ားအားလုံးအား တ႐ုတ္ျပည္ဘက္သို႔ တေန႔လွ်င္ (တန္ေပါင္း ၁၀တန္း မွ တန္ေပါင္း ၂၅)တန္ ဝန္တင္ေဆာင္ေသာ ကားႀကီးကားငယ္မ်ားျဖင့္ ေန႔ေရာညပါ တေန႔လွ်င္ ၂၂၈ စီးမွ ၃၄၀) ထိ သယ္ယူသြားသည္ကို တိက်ေသာ ေဒသခံတို႔မွ မွတ္တမ္းတင္ထားမႈအား စာေရးသူမွ ရရွိခဲ့သည္။

တ႐ုတ္ျပည္ဘက္တြင္ ေန႔ည (၂၄) နာရီ လည္ပတ္ေသာ သစ္ခြဲစက္မ်ား၊ ေ႐ႊႏွင့္ ဓါတ္သတၱဳ ခြဲထုတ္ေရး လုပ္ငန္းမ်ားျဖင့္ လူအင္အား (၅၀၀ မွ ၈၀၀၀အထိ) အလုပ္ခန႔္အပ္ကာ လုပ္ငန္းေဆာင္႐ြက္ခဲ့ၾကၿပီး စိပီအိုင္(CPI) ျမစ္ဆုံေဒသ အက်ိဳးျမတ္ ႏွင့္ လုပ္ငန္း ေဝစု အတြင္ ခြဲေဝရွင္းလင္းေရး မွတ္တမ္းတြင္ ျမန္မာ ျမစ္ဆုံေဒသမွ လုပ္ငန္းအေကာင္ထည္ ေဖၚေရးကာလ တြင္ ရရွိေသာ ရွင္းတမ္းသည္ (သစ္မာႏွင့္ သစ္ေတာထြက္ ပစၥည္းမ်ားမွ အေမရိကန္ေဒၚလာ သန္းေပါင္း ၃၈၂ သန္း( သဘာ၀ ဓါတ္သတၱဳမ်ားမွ ေ႐ႊႏွင့္ အျခားဓါတ္သတၱဳ အေမရိကန္ေဒၚလာ သန္းေပါင္း ၆၄၄သန္း အား ရရွိၿပီျဖစ္ေၾကာင္း အျပင္ ေက်ာ္မ်က္ရတနာ အေမရိကန္ေဒၚလာ ၂၂၄ သန္း ျဖစ္ေၾကာင္းတင္ျပထားသည္။



ျမစ္ဆုံဆည္ စတင္ လုပ္ေဆာင္ခဲ့ေသာ ၂၀၀၉ ခုႏွစ္မွစ ၍ ၂၀၁၀ ေ႐ြးေကာက္ပြဲၿပီးသြားၿပီးေနာက္ ၂၀၁၁ ခုႏွစ္ ဇန္နာဝရိလ ၇ ရက္ေန႔အထိ ႏိုင္ငံတကာ စီးပြားေရး ဆိုင္ရာ အက်ိဳးျမတ္ေစာင့္ၾကည့္ေရးအဖြဲ႕၏ ေဖၚျပခ်က္အရဆိုပါလွ်င္ စီပီအိုင္ ႏွင့္ ေအးရွေဝါလ္တို႔မွ လုပ္ငန္း အေကာင္ထည္ေဖၚရန္ အသုံးျပဳခဲ့ေသာ ရင္းႏွီးျမဳပ္ႏွံ စိုက္ထုတ္ထားသည့္ အေမရိကန္ေဒၚလာ သန္း ၃၁၁ သန္းအား အသုံးျပဳခဲ့ေသာ္ျငား ျမစ္ဆုံေဒသမွ ျပန္လည္ရရွိေသာ ေ႐ႊ ေက်ာက္စိမ္း အရည္ေသြးေကာင္းမ်ား ႏွင့္ အျခား အဖိုးတန္ ဓါတ္သတၱဳမ်ားအျပင္ သစ္ေတာထြက္ ပစၥည္းမ်ားေၾကာင့္ အေမရိကန္ေဒၚလာ သန္းေပါင္း ႏွစ္ေထာင္ ဒသမ ၃ သန္းအား အက်ိဳးျမတ္ အလုံးရင္းရရွိေၾကာင္း သိရ၏။

ျမစ္ဆုံဆည္ႀကီး တည္ေဆာက္ၿပီးစီးသြားပါက မည္သို႔ေသာ ျပသနာမ်ားအား ျမန္မာႏိုင္ငံ ဧရာဝတီျမစ္တေလ်ာက္ႏွင့္ ၎၏နီးစပ္ေသာ ေဒသမ်ားတြင္ ေနထိုင္ေသာ သူမ်ားအဖို႔ ရင္ဆိုင္ရႏိုင္ေၾကာင္းအား ေဒၚေအာင္ဆန္းစုၾကည္မွ သူမလက္ေရးမူျဖင့္ ေရးသားတင္သြင္းေသာ (ႏိုင္ငံတကာ ျမစ္ေၾကာင္းမ်ား ေစာင့္ၾကည့္ေရးအဖြဲ႕) သို႔ ဧရာဝတီ သနားခံစာ စာတမ္းတြင္ေရးသားတင္ျပထားသည္။

” မၾကာခဏ ငလွ်င္လႈပ္ေလ့ရွိေသာ ျမန္မာ့ သဘာဝဘူမိ အေနထားအေၾကာင္း၊ သဘာ၀ ေဂဟပ်က္ယြင္းမႈႏွင့္ မ်ိဳးတုံန္း ေျပာက္ကြယ္ႏိုင္ေသာ သတၱေဗဒ အေျခေနမ်ားအျပင္ ဧရာဝတီျမစ္ေရအား အကန႔္သတ္ျဖင့္သာ လႊတ္ထုတ္စီးဆင္း ေအာင္ ေဆာင္႐ြက္ထားမႈမ်ားက ဧရာဝတီျမစ္ေၾကာင္း အဆုံးေဒသျဖစ္သည့္ လူဦးေရး ၈ဒသမ ၆ သန္းေက်ာ္ ေနထိုင္ေနၾကေသာ ဧရာဝတီတိုင္းတြင္၊ လူဦးေရ ၁၄ဒသမ ၉ သန္းေက်ာ္ခန႔္ေနထိုင္ေနၾကေသာ ရန္ကုန္တိုင္း စေသာ ႀကီးမားသည့္ ေဒသလြင္ျပင္မ်ားအတြက္ မလြဲမေသြ ရင္ဆိုင္ရႏိုင္ေသာ အႏၲရယ္မွာ အိႏၵိယသမုဒၵရာမွ ေန႔တဓူ၀ စီးဝင္လာေနေသာ ဆားငန္ေရမ်ားအား လက္ရွိ ဧရာဝတီျမစ္ေရ၏ စီးတြန္း က်ားကန္ထားမႈ အရွိန္မ်ားကင္းမဲ့ သြားၿပီး အထက္ေဖၚျပပါ ေဒသႀကီး တိုင္းႀကီးမ်ားတြင္ ဆားငန္ေရး တေန႔တျခားလႊမ္းမိုးလာၿပီး အားလုံး စိုက္ပ်ိဳးေရးႏွင့္ က်န္မားေရးစေသာ လူဦးေရ ၁၈ သန္း၏ လူမႈဘဝမ်ားအား တိုက္႐ိုက္ ထိဆက္လာေသာ ဒုကၡေဘးဆိုးႀကီးအား ရင္ဆိုင္ရႏိုင္ေၾကာင္း တိက်စြာ ေဖၚျပထားသည္ကိုေတြ႕ရသည္။

ေမာင္ေက်ာ္ေအာင္ – ကန္ၿမဲ

Post a Comment

Previous Post Next Post