(Unicode)


ထိုင်း မှ ကူးစက်လာသော ဝက်ရောဂါပိုး ရှမ်း ၊ ကချင်နှင့် ကယားပြည်နယ် တို့တွင် ပျံ့နှံ့ဖြစ်ပွားနေ ( ပြည်တွင်း ဝက်စားသုံးသူများ သတိထားကြပါ )


ရှ မ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ ၌ တွေ့ရှိခဲ့ပြီးဖြစ်သော အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ကို ကယားပြည်နယ် တွင်လည်း ထပ်မံစစ်ဆေးတွေ့ ရှိခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာထွန်းလွင် က ပြောကြား ပါတယ်။


ကယားပြည်နယ် ရှိ ဖရူဆိုမြို့နယ်၊ ဒီမောဆိုးမြို့နယ်နှင့် လွိုင်ကော်မြို့နယ် တို့တွင် ပြီးခဲ့သည့် ဇွန်လနှင့် ယခု ဇူလိုင်ပထမပတ် အတွင်းဖြစ်ပွားခဲ့သော ဝက်များသေဆုံးမှုနှင့် ပတ်သက်ပြီး နမူနာ ပစ္စည်းများအား မန္တလေးရှိ တိရိစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးရာ မှ အဆိုပါရောဂါပိုကိုး စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ် ပါတယ် ။



ဒီမောဆိုမြို့နယ် တွင် ဇွန် ၆ ရက်နေ့ က ကွင်းဆင်း စာရင်းကောက်ယူမှု အရ ဝက် ၅၂ ကောင်၊ ဖရူဆိုမြို့နယ်တွင် ဝက် ၁၉ ကောင်နှင့် လွိုင်ကော်မြို့နယ်တွင် ဇူလိုင်ပ ထမပတ် အတွင်း ဝက် ၆၁ ကောက်သေဆုံးခဲ့ခြင်းဖြစ် သည် ။



အဆိုပါ ဝက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ရောဂါပိုးစမ်းသပ်ရှာဖွေရန်အတွက် မန္တလေးရှိဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ၄၆ ခုကိုပေးပို့ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဇူလိုင် ၈ ရက်နေ့ကပြော ကြားထားပါတယ်။

လက်ရှိတွင် ဒီမောဆိုနှင့်ဖရူဆိုမြို့နယ် တို့ တွင် ဝက်သေဆုံးမှုများမရှိတော့သော်လည်း လွိုင်ကော်မြို့နယ် ရှိ ဝက်သေဆုံးခဲ့သော ဝက်ခြံကိုမူ စောင့်ကြည့်လျက် ရှိ သည် ။

အာဖရိကဝက် အပြင်းဖျားရောဂါ သည် လူကို ကူးစက်ခြင်း မရှိသော်လည်း စီးပွားရေး အရ ဆုံးရှုံးမှုများ နိုင်သောကြောင့် အခြားဒေသများ သို့ ကူးဆက်ခြင်း မရှိစေရန် ဝက်မွေးမြူမှုများသော နေရာနှင့် သယ်ယူ ပို့ဆောင်ရာလမ်းကြောင်းနေရာများ စုစုပေါင်းနေရာ ၁၅၀ ကျော် ကို သတိထားစောင့်ကြည့် ထိန်းချုပ်လျက် လည်း ရှိ၏ နေ ပါတယ် ။



အဆိုပါရောဂါသည် ကနဦးကရှမ်းပြည်နယ် တွင်သာ တွေ့ရှိခဲ့ရသော် လည်း ယခုနှစ် အစောပိုင်း တွင် ကချင်ပြည်နယ် ၌ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကယားပြည်နယ်မှာ ပါ တွေ့ ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ် ပါတယ် ။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန တာဝန် ရှိ သူတွေကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တဲ့ ဝက်ကူးစက်ရောဂါဟာ ပြည်တွင်းမွေးမြူတဲ့ ဝက်တွေကနေ စတင် ဖြစ်ပွားတာ မဟုတ်ဘဲ ပြည်ပက တင်သွင်းတဲ့ ဝက်အရှင် နဲ့ ဝက်ထွက်ပစ္စည်းတွေ ကနေ ကူးစက်ဖြစ်ပွားတာ ဖြစ်တယ် လို့ ပြောကြား ပါတယ် ။

မြန်မာနိုင်ငံ ကို ထိုင်းနိုင်ငံက ဝက်အ အမျာဆုံး တင်သွင်းနေပြီး တစ်နှစ် အကောင်ရေ တစ်သိန်းကနေ တစ်သိန်းခွဲ အထိ တင်သွင်းနေတယ် လို့ သိရ ပါတယ် ။



ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွေကနေ ဝင်ရောက်လာ တဲ့ တရားမဝင် ဝက်ထွက်ပစ္စည်း တွေလည်း ဖမ်းဆီးနေပြီး အများဆုံးဖမ်း ဆုံးဖမ်းဆီး ရမိ ခဲ့တဲ့ ပစ္စည်းကတော့ ဝက်အူချောင်းလုံး တွေဖြစ်တယ် လို့ သိရ ပါတယ် ။

Sorue; Hot News Myanmar(HNM)


(Zawgyi)


ထိုင္း မွ ကူးစက္လာေသာ ၀က္ေရာဂါပိုး ရွမ္း ၊ ကခ်င္ႏွင့္ ကယားျပည္နယ္ တို့တြင္ ပ်ံ႕ႏွံ့ျဖစ္ပြားေန ( ျပည္တြင္း ၀က္စားသံုးသူမ်ား သတိထားၾကပါ )


ရွ မ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္ တို့ ၌ ေတြ႕ရွိခဲ့ၿပီးျဖစ္ေသာ အာဖရိက ဝက္အျပင္းဖ်ား ေရာဂါပိုး ကို ကယားျပည္နယ္ တြင္လည္း ထပ္မံစစ္ေဆးေတြ႕ ရွိခဲ့ရေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန မွ ဒုတိယအျမဲတမ္း အတြင္းဝန္ ေဒါက္တာထြန္းလြင္ က ေျပာၾကား ပါတယ္။



ကယားျပည္နယ္ ရွိ ဖ႐ူဆိုၿမိဳ့နယ္၊ ဒီေမာဆိုးၿမိဳ့နယ္ႏွင့္ လြိဳင္ေကာ္ၿမိဳ့နယ္ တို့တြင္ ၿပီးခဲ့သည့္ ဇြန္လႏွင့္ ယခု ဇူလိုင္ပထမပတ္ အတြင္းျဖစ္ပြားခဲ့ေသာ ဝက္မ်ားေသဆုံးမွုႏွင့္ ပတ္သက္ၿပီး နမူနာ ပစၥည္းမ်ားအား မႏၲေလးရွိ တိရိစၧာန္ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္း သို့ ေပးပို့စစ္ေဆးရာ မွ အဆိုပါေရာဂါပိုကိုး စစ္ေဆးေတြ႕ရွိခဲ့ရျခင္းျဖစ္ ပါတယ္ ။

ဒီေမာဆိုၿမိဳ့နယ္ တြင္ ဇြန္ ၆ ရက္ေန႔ က ကြင္းဆင္း စာရင္းေကာက္ယူမွု အရ ဝက္ ၅၂ ေကာင္၊ ဖ႐ူဆိုၿမိဳ့နယ္တြင္ ဝက္ ၁၉ ေကာင္ႏွင့္ လြိဳင္ေကာ္ၿမိဳ့နယ္တြင္ ဇူလိုင္ပ ထမပတ္ အတြင္း ဝက္ ၆၁ ေကာက္ေသဆုံးခဲ့ျခင္းျဖစ္ သည္ ။



အဆိုပါ ဝက္ေသဆုံးမွုမ်ားႏွင့္ပတ္သက္ၿပီး ေရာဂါပိုးစမ္းသပ္ရွာေဖြရန္အတြက္ မႏၲေလးရွိဓာတ္ခြဲခန္းသို့ နမူနာပစၥည္း ၄၆ ခုကိုေပးပို့ကာ စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း လည္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာရဲထြန္းဝင္းက ဇူလိုင္ ၈ ရက္ေန႔ကေျပာ ၾကားထားပါတယ္။

လက္ရွိတြင္ ဒီေမာဆိုႏွင့္ဖ႐ူဆိုၿမိဳ့နယ္ တို့ တြင္ ဝက္ေသဆုံးမွုမ်ားမရွိေတာ့ေသာ္လည္း လြိဳင္ေကာ္ၿမိဳ့နယ္ ရွိ ဝက္ေသဆုံးခဲ့ေသာ ဝက္ၿခံကိုမူ ေစာင့္ၾကည့္လ်က္ ရွိ သည္ ။

အာဖရိကဝက္ အျပင္းဖ်ားေရာဂါ သည္ လူကို ကူးစက္ျခင္း မရွိေသာ္လည္း စီးပြားေရး အရ ဆုံးရွုံးမွုမ်ား နိုင္ေသာေၾကာင့္ အျခားေဒသမ်ား သို့ ကူးဆက္ျခင္း မရွိေစရန္ ဝက္ေမြးျမဴမွုမ်ားေသာ ေနရာႏွင့္ သယ္ယူ ပို့ေဆာင္ရာလမ္းေၾကာင္းေနရာမ်ား စုစုေပါင္းေနရာ ၁၅၀ ေက်ာ္ ကို သတိထားေစာင့္ၾကည့္ ထိန္းခ်ဳပ္လ်က္ လည္း ရွိ၏ ေန ပါတယ္ ။



အဆိုပါေရာဂါသည္ ကနဦးကရွမ္းျပည္နယ္ တြင္သာ ေတြ႕ရွိခဲ့ရေသာ္ လည္း ယခုႏွစ္ အေစာပိုင္း တြင္ ကခ်င္ျပည္နယ္ ၌ ထပ္မံေတြ႕ရွိခဲ့ၿပီးေနာက္ ယခုအခါ ကယားျပည္နယ္မွာ ပါ ေတြ႕ ရွိေၾကာင္း အတည္ျပဳနိုင္ခဲ့ျခင္းျဖစ္ ပါတယ္ ။

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာန တာဝန္ ရွိ သူေတြကေတာ့ ျမန္မာနိုင္ငံမွာ ျဖစ္ေပၚတဲ့ ဝက္ကူးစက္ေရာဂါဟာ ျပည္တြင္းေမြးျမဴတဲ့ ဝက္ေတြကေန စတင္ ျဖစ္ပြားတာ မဟုတ္ဘဲ ျပည္ပက တင္သြင္းတဲ့ ဝက္အရွင္ နဲ႔ ဝက္ထြက္ပစၥည္းေတြ ကေန ကူးစက္ျဖစ္ပြားတာ ျဖစ္တယ္ လို့ ေျပာၾကား ပါတယ္ ။

ျမန္မာနိုင္ငံ ကို ထိုင္းနိုင္ငံက ဝက္အ အမ်ာဆုံး တင္သြင္းေနၿပီး တစ္ႏွစ္ အေကာင္ေရ တစ္သိန္းကေန တစ္သိန္းခြဲ အထိ တင္သြင္းေနတယ္ လို့ သိရ ပါတယ္ ။

ဒါ့အျပင္ အျပည္ျပည္ဆိုင္ရာေလ ဆိပ္ေတြကေန ဝင္ေရာက္လာ တဲ့ တရားမဝင္ ဝက္ထြက္ပစၥည္း ေတြလည္း ဖမ္းဆီးေနၿပီး အမ်ားဆုံးဖမ္း ဆုံးဖမ္းဆီး ရမိ ခဲ့တဲ့ ပစၥည္းကေတာ့ ဝက္အူေခ်ာင္းလုံး ေတြျဖစ္တယ္ လို့ သိရ ပါတယ္ ။

Sorue; Hot News Myanmar(HNM)


Post a Comment

Previous Post Next Post