(Unicode)

တရုတ်ကြီးတို့ ကြောက်ဒူးတုန်စရာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းပြီ…

​ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းကြီးနှစ်ခုကို တောင်တရုပ်ပင်လယ်ပြင်မှာ အမေရိကန်နဲ့အပေါင်းပါတွေ တပြိုင်နက်တည်းလုပ်နေကြပါတယ်.. အမေရိကန်နဲ့ပြိုင်ဘက်တရုပ်တို့စစ်ရေးတင်းမာနေကြတုန်း တရုပ်တို့နဲ့ဒေသတွင်းကနိုင်ငံတွေ အငြင်းပွားနေဆဲဖြစ်တဲ့ တောင်တရုပ်ပင်လယ်အတွင်းမှာ တရုပ်တို့ကသူတို့အချုပ်အခြာအာဏာပိုင်ပါတယ်ဆိုတဲ့ ပိုင်နက်ပင်လယ်ကြေညာချက်ကို အမေရိကန်က တရားမဝင်ကြောင်းပယ်ချအပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ရေးလေ့ကျင့်ခန်းတွေစလုပ်နေတာဖြစ်ပါတယ်…



အမေရိကန်ဟာ တောင်တရုပ်ပင်လယ်ပြင်မှာ တရုပ်တို့ရဲ့ချဲ့ထွင်ဖန်တီးလာတဲ့ ပင်လယ်ပြင်ပိုင်နက် ကြေညာမှုကို ကာလအတန်ကြာကတည်းက အစဥ်တစိုက်ကန့်ကွက်လာခဲ့တာဖြစ်ပြီး ဒေသတွင်းက မဟာဗျူဟာမြောက်ရေလမ်းကြောင်းရှိရာနေရာတွေကို သူတို့ရဲ့စစ်သင်္ဘောတွေ ပုံမှန်စေလွှတ်ပြီး နိုင်ငံတကာပင်လယ်ပြင်အတွင်းလွတ်လပ်စွာခုတ်မောင်းသွားလာမှုကို နမူနာပြဆောင်ရွက်နေကျဖြစ်ပါတယ်…

တရုပ်ကတော့အခုလို စစ်ရေးလေ့ကျင့်ခန်းတွေလာလုပ်နေတာကို ဆန့်ကျင်ပြောဆိုလိုက်ပါတယ်.. သူတို့ရဲ့ ပင်လယ်ပြင်ပိုင်နက်ကြေညာမှုကို ပယ်ချခြင်းဟာ တောင်တရုပ်ပင်လယ်ဒေသတွင်းမှာ ပိုမိုတင်းမာမှုဖြစ်လာစေပြီး တည်ငြိမ်မှုကိုပျက်ပြားအောင်လုပ်နေတာပဲလို့ ပြောလိုက်ပါတယ်…


အမေရိကန်နျူကလီးယားပါဝါလေယာဥ်တင်သင်္ဘော နင်းမစ်နဲ့ ရော်နယ်ရီဂင်တို့ဟာ ဒီအပါတ်မှာ တောင်တရုပ်ပင်လယ်အတွင်းကိုတပ်ဖြန့်လာပြီး နင်းမစ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်းကိုရောက်နေပါတယ်.. အိန္ဒိယရေတပ်နဲ့ စစ်ရေးလေ့ကျင့်ခန်းတွေလေ့ကျင့်သွားမှာဖြစ်ပါတယ်.. နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်လာနိုင်စေဖို့ နားလည်မှုပိုရှိလာစေဖို့ဖြစ်တယ်လို့ အမေရိကန်ရေတပ်ကပြောတယ်…

တနင်္လာနေ့ (၂၀/၇/၂၀၂၀)က အိန္ဒိယရေတပ်နဲ့အတူလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေဟာ ရေတပ်အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးအတွက် တိုးတက်မှုတွေပိုဖြစ်ထွန်းလာစေဖို့အထောက်အပံ့ဖြစ်စေပါတယ် လို့ လေယာဥ်တင်သင်္ဘောရဲ့စစ်ရေယာဥ်မှူး ဗိုလ်ချုပ် Jim Kirk ကပြောလိုက်ပြီး



“အတူတူလေ့ကျင့်ခန်းလုပ်ကြတဲ့အခါ အိန္ဒိယနဲ့ကျွန်တော်တို့ဟာ အမြင့်မားဆုံးလေ့ကျင့်ရေးနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေအတွက်ပုံဖော်ထားပြီး လေကြောင်းရန်ကာကွယ်ရေးတွေပါ ပါဝင်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်”

အိန္ဒိယနဲ့တရုပ်တို့ဟာလည်း ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဟိမဝန္တာတောင်တန်းဒေသက နယ်စပ်ပြဿနာမှာ ကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းကစလို့ ဆက်ဆံရေးတင်းမာလာပြီး အိန္ဒိယဟာ အမေရိကန် ဂျပန်စတာတို့နဲ့ ပိုလို့နီးကပ်သွားခဲ့ပါတယ်..

အခုပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းဟာ အိန္ဒိယပိုင် အန်ဒမန်နဲ့နီကိုဘာကျွန်း အနီးက ပင်လယ်ပြင်မှာပြုလုပ်တာဖြစ်ပြီး မလက္ကာရေလက်ကြားရဲ့ မြောက်ဖက်ထိပ်စွန်းလောက်မှာကျရောက်နေတဲ့နေရာဖြစ်ပါတယ်..



မလက္ကာရေလက်ကြားဆိုတာဟာကမ္ဘာမှာ အသွားအလာအများဆုံး ကုန်သွယ်ရေကြောင်းနဲ့ လောင်စာဆီတင်ပို့ရာ လမ်းမတစ်ခုဖြစ်ပါတယ်.. အန်ဒမန်နဲ့နီကိုဘာကျွန်းတန်းပေါ်မှာ အိန္ဒိယရေတပ်စခန်းဌာနချုပ် (ANC HQ) တစ်ခုရှိပါတယ်..



အမေရိကန်ရေတပ်က လေယာဥ်တင်သင်္ဘောနင်းမစ်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ အိန္ဒိယသမုဒ္ဒရာမှာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသကို အထောက်အကူပြုနိုင်ဖို့ရှိနေတာဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်..

တဖက်မှာလည်းဖိလစ်ပိုင်ပင်လယ်ထဲမှာ လေယာဥ်တင်သင်္ဘော ရောနယ်ရီဂင်နဲ့တိုက်ခိုက်ရေးအုပ်စုဟာ ဂျပန် သြစတေလျ ရေတပ်တို့နဲ့အတူတူ လေ့ကျင့်ခန်းပြုလုပ်နေပါတယ်..

ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့အထိပြုလုပ်မှာပါ.. ဒီနှစ်ထဲမှာ အမေရိကန်ရေတပ်ဟာ အိန္ဒိယ ဂျပန်တို့နဲ့အတူ ဘင်္ဂလားပင်လယ်အော်ထဲမှာ စစ်ရေးလေ့ကျင့်ခန်းတွေထပ်လုပ်ဖို့လည်းရှိနေပါသေးတယ်.. အဲ့ဒိအချိန်ကျရင် သြစတေလျရေတပ်ဟာ လာရောက်ပူးပေါင်းပြီး လေ့ကျင့်ခန်းထဲပါဝင်နိုင်ကောင်းပါဝင်လာပါလိမ့်မယ်…



​​တောင်တရုပ်ပင်လယ်ကစလိုက်တဲ့ ဒေသတွင်းတင်းမာမှုတွေကနေ အမေရိကန်ရဲ့ နျူကလီးယားပါဝါလေယာဥ်တင်သင်္ဘောကြီးတွေပါတဲ့ တိုက်ခိုက်ရေးအုပ်စုကြီး နှစ်စုဟာ လက်တန်ဆန့်ရင်း ဆန့်ရင်းကနေ အန်ဒမန်နီကိုဘာကျွန်းစုအနားထိရောက်လာနေပါပြီ.. ကျွန်တော်တို့နဲ့နီးလာပါပြီ.. အန်ဒမန်နီကိုဘာကျွန်းဆိုတာဟာ ကျွန်တော်တို့ရဲ့ရန်ကုန်တိုင်းထဲကမြို့နယ်တစ်ခုဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ် နဲ့ တဆက်ထဲဖြစ်တဲ့ကျွန်းတန်းပါပဲ…

အခုလေ့ကျင့်ခန်းပြီးရင် ထပ်လုပ်မယ့်နေရာကတော့ ဘင်္ဂလားပင်လယ်အော်ဖြစ်ပါသတဲ့.. ကျွန်တော်တို့ဘက်နားကို ပိုကပ်လာပါလိမ့်မယ်.. ရခိုင်ကမ်းရိုးတန်းအနားကိုရောက်လာပါလိမ့်မယ်…

စစ်သင်္ဘောကြီးတွေရဲ့အရွေ့တွေ အင်အားပြခရီးစဥ်တွေ လေ့ကျင့်ခန်းတွေဟာ အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ပါတယ်.. နီးနီးလာသလိုပါပဲ…

(Pi Lon)

(Zawgyi)

တ႐ုတ္ႀကီးတို႔ ေၾကာက္ဒူးတုန္စရာ ေတာင္တ႐ုတ္ပင္လယ္မွာ အေမရိကန္ႏွင့္ ႏိုင္ငံေပါင္းစုံ ပူးေပါင္းၿပီ…

​ပင္လယ္ျပင္စစ္ေရးေလ့က်င့္ခန္းႀကီးႏွစ္ခုကို ေတာင္တ႐ုပ္ပင္လယ္ျပင္မွာ အေမရိကန္နဲ႔အေပါင္းပါေတြ တၿပိဳင္နက္တည္းလုပ္ေနၾကပါတယ္.. အေမရိကန္နဲ႔ၿပိဳင္ဘက္တ႐ုပ္တို႔စစ္ေရးတင္းမာေနၾကတုန္း တ႐ုပ္တို႔နဲ႔ေဒသတြင္းကႏိုင္ငံေတြ အျငင္းပြားေနဆဲျဖစ္တဲ့ ေတာင္တ႐ုပ္ပင္လယ္အတြင္းမွာ တ႐ုပ္တို႔ကသူတို႔အခ်ဳပ္အျခာအာဏာပိုင္ပါတယ္ဆိုတဲ့ ပိုင္နက္ပင္လယ္ေၾကညာခ်က္ကို အေမရိကန္က တရားမဝင္ေၾကာင္းပယ္ခ်အၿပီး ရက္ပိုင္းအတြင္းမွာပဲ စစ္ေရးေလ့က်င့္ခန္းေတြစလုပ္ေနတာျဖစ္ပါတယ္…


အေမရိကန္ဟာ ေတာင္တ႐ုပ္ပင္လယ္ျပင္မွာ တ႐ုပ္တို႔ရဲ႕ခ်ဲ႕ထြင္ဖန္တီးလာတဲ့ ပင္လယ္ျပင္ပိုင္နက္ ေၾကညာမႈကို ကာလအတန္ၾကာကတည္းက အစဥ္တစိုက္ကန႔္ကြက္လာခဲ့တာျဖစ္ၿပီး ေဒသတြင္းက မဟာဗ်ဴဟာေျမာက္ေရလမ္းေၾကာင္းရွိရာေနရာေတြကို သူတို႔ရဲ႕စစ္သေဘၤာေတြ ပုံမွန္ေစလႊတ္ၿပီး ႏိုင္ငံတကာပင္လယ္ျပင္အတြင္းလြတ္လပ္စြာခုတ္ေမာင္းသြားလာမႈကို နမူနာျပေဆာင္႐ြက္ေနက်ျဖစ္ပါတယ္…

တ႐ုပ္ကေတာ့အခုလို စစ္ေရးေလ့က်င့္ခန္းေတြလာလုပ္ေနတာကို ဆန႔္က်င္ေျပာဆိုလိုက္ပါတယ္.. သူတို႔ရဲ႕ ပင္လယ္ျပင္ပိုင္နက္ေၾကညာမႈကို ပယ္ခ်ျခင္းဟာ ေတာင္တ႐ုပ္ပင္လယ္ေဒသတြင္းမွာ ပိုမိုတင္းမာမႈျဖစ္လာေစၿပီး တည္ၿငိမ္မႈကိုပ်က္ျပားေအာင္လုပ္ေနတာပဲလို႔ ေျပာလိုက္ပါတယ္…


အေမရိကန္န်ဴကလီးယားပါဝါေလယာဥ္တင္သေဘၤာ နင္းမစ္နဲ႔ ေရာ္နယ္ရီဂင္တို႔ဟာ ဒီအပါတ္မွာ ေတာင္တ႐ုပ္ပင္လယ္အတြင္းကိုတပ္ျဖန႔္လာၿပီး နင္းမစ္ဟာ အိႏၵိယသမုဒၵရာအတြင္းကိုေရာက္ေနပါတယ္.. အိႏၵိယေရတပ္နဲ႔ စစ္ေရးေလ့က်င့္ခန္းေတြေလ့က်င့္သြားမွာျဖစ္ပါတယ္.. ႏွစ္ႏိုင္ငံေရတပ္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈပိုမိုတိုးျမႇင့္လာႏိုင္ေစဖို႔ နားလည္မႈပိုရွိလာေစဖို႔ျဖစ္တယ္လို႔ အေမရိကန္ေရတပ္ကေျပာတယ္…

တနလၤာေန႔ (၂၀/၇/၂၀၂၀)က အိႏၵိယေရတပ္နဲ႔အတူလုပ္တဲ့စစ္ေရးေလ့က်င့္ခန္းေတြဟာ ေရတပ္အခ်င္းခ်င္း ပူးေပါင္းစစ္ဆင္ေရးအတြက္ တိုးတက္မႈေတြပိုျဖစ္ထြန္းလာေစဖို႔အေထာက္အပံ့ျဖစ္ေစပါတယ္ လို႔ ေလယာဥ္တင္သေဘၤာရဲ႕စစ္ေရယာဥ္မႉး ဗိုလ္ခ်ဳပ္ Jim Kirk ကေျပာလိုက္ၿပီး

“အတူတူေလ့က်င့္ခန္းလုပ္ၾကတဲ့အခါ အိႏၵိယနဲ႔ကြၽန္ေတာ္တို႔ဟာ အျမင့္မားဆုံးေလ့က်င့္ေရးနဲ႔ ပူးေပါင္းစစ္ဆင္ေရးေတြအတြက္ပုံေဖာ္ထားၿပီး ေလေၾကာင္းရန္ကာကြယ္ေရးေတြပါ ပါဝင္တဲ့စစ္ေရးေလ့က်င့္ခန္းေတြလုပ္ႏိုင္ခဲ့တယ္ လို႔ဆိုပါတယ္”

အိႏၵိယနဲ႔တ႐ုပ္တို႔ဟာလည္း ၿပီးခဲ့တဲ့လက ျဖစ္ခဲ့တဲ့ ဟိမဝႏၲာေတာင္တန္းေဒသက နယ္စပ္ျပႆနာမွာ ႀကီးက်ယ္တဲ့ရန္ပြဲေတြျဖစ္ပြားခဲ့ၿပီး အဲ့ဒီေနာက္ပိုင္းကစလို႔ ဆက္ဆံေရးတင္းမာလာၿပီး အိႏၵိယဟာ အေမရိကန္ ဂ်ပန္စတာတို႔နဲ႔ ပိုလို႔နီးကပ္သြားခဲ့ပါတယ္..

အခုျပဳလုပ္တဲ့စစ္ေရးေလ့က်င့္ခန္းဟာ အိႏၵိယပိုင္ အန္ဒမန္နဲ႔နီကိုဘာကြၽန္း အနီးက ပင္လယ္ျပင္မွာျပဳလုပ္တာျဖစ္ၿပီး မလကၠာေရလက္ၾကားရဲ႕ ေျမာက္ဖက္ထိပ္စြန္းေလာက္မွာက်ေရာက္ေနတဲ့ေနရာျဖစ္ပါတယ္..

မလကၠာေရလက္ၾကားဆိုတာဟာကမာၻမွာ အသြားအလာအမ်ားဆုံး ကုန္သြယ္ေရေၾကာင္းနဲ႔ ေလာင္စာဆီတင္ပို႔ရာ လမ္းမတစ္ခုျဖစ္ပါတယ္.. အန္ဒမန္နဲ႔နီကိုဘာကြၽန္းတန္းေပၚမွာ အိႏၵိယေရတပ္စခန္းဌာနခ်ဳပ္ (ANC HQ) တစ္ခုရွိပါတယ္..



အေမရိကန္ေရတပ္က ေလယာဥ္တင္သေဘၤာနင္းမစ္နဲ႔တိုက္ခိုက္ေရးအုပ္စုဟာ အိႏၵိယသမုဒၵရာမွာ လြတ္လပ္ပြင့္လင္းတဲ့ အင္ဒိုပစိဖိတ္ေဒသကို အေထာက္အကူျပဳႏိုင္ဖို႔ရွိေနတာျဖစ္ပါတယ္လို႔ ထုတ္ျပန္ထားပါတယ္..

တဖက္မွာလည္းဖိလစ္ပိုင္ပင္လယ္ထဲမွာ ေလယာဥ္တင္သေဘၤာ ေရာနယ္ရီဂင္နဲ႔တိုက္ခိုက္ေရးအုပ္စုဟာ ဂ်ပန္ ၾသစေတလ် ေရတပ္တို႔နဲ႔အတူတူ ေလ့က်င့္ခန္းျပဳလုပ္ေနပါတယ္..

ပင္လယ္ျပင္စစ္ေရးေလ့က်င့္ခန္းေတြဟာ ဇူလိုင္လ ၂၃ ရက္ေန႔အထိျပဳလုပ္မွာပါ.. ဒီႏွစ္ထဲမွာ အေမရိကန္ေရတပ္ဟာ အိႏၵိယ ဂ်ပန္တို႔နဲ႔အတူ ဘဂၤလားပင္လယ္ေအာ္ထဲမွာ စစ္ေရးေလ့က်င့္ခန္းေတြထပ္လုပ္ဖို႔လည္းရွိေနပါေသးတယ္.. အဲ့ဒိအခ်ိန္က်ရင္ ၾသစေတလ်ေရတပ္ဟာ လာေရာက္ပူးေပါင္းၿပီး ေလ့က်င့္ခန္းထဲပါဝင္ႏိုင္ေကာင္းပါဝင္လာပါလိမ့္မယ္…



​​ေတာင္တ႐ုပ္ပင္လယ္ကစလိုက္တဲ့ ေဒသတြင္းတင္းမာမႈေတြကေန အေမရိကန္ရဲ႕ န်ဴကလီးယားပါဝါေလယာဥ္တင္သေဘၤာႀကီးေတြပါတဲ့ တိုက္ခိုက္ေရးအုပ္စုႀကီး ႏွစ္စုဟာ လက္တန္ဆန႔္ရင္း ဆန႔္ရင္းကေန အန္ဒမန္နီကိုဘာကြၽန္းစုအနားထိေရာက္လာေနပါၿပီ.. ကြၽန္ေတာ္တို႔နဲ႔နီးလာပါၿပီ.. အန္ဒမန္နီကိုဘာကြၽန္းဆိုတာဟာ ကြၽန္ေတာ္တို႔ရဲ႕ရန္ကုန္တိုင္းထဲကၿမိဳ႕နယ္တစ္ခုျဖစ္တဲ့ ကိုကိုးကြၽန္းၿမိဳ႕နယ္ နဲ႔ တဆက္ထဲျဖစ္တဲ့ကြၽန္းတန္းပါပဲ…

အခုေလ့က်င့္ခန္းၿပီးရင္ ထပ္လုပ္မယ့္ေနရာကေတာ့ ဘဂၤလားပင္လယ္ေအာ္ျဖစ္ပါသတဲ့.. ကြၽန္ေတာ္တို႔ဘက္နားကို ပိုကပ္လာပါလိမ့္မယ္.. ရခိုင္ကမ္း႐ိုးတန္းအနားကိုေရာက္လာပါလိမ့္မယ္…

စစ္သေဘၤာႀကီးေတြရဲ႕အေ႐ြ႕ေတြ အင္အားျပခရီးစဥ္ေတြ ေလ့က်င့္ခန္းေတြဟာ အဓိပၸာယ္အမ်ိဳးမ်ိဳး ေဖာ္ေဆာင္ပါတယ္.. နီးနီးလာသလိုပါပဲ…

(Pi Lon)


Post a Comment

Previous Post Next Post