(Unicode)


သရုပ်ဆောင်မော်ဒယ်ရွှေမြင့်မိုရ်ကတော့ ဓာတ်ပုံမော်ဒယ်လောကမှာ နေရာတစ်ခုရယူထားနိုင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်းရရှိနေသူတစ်ဦးပါ။သူမအနေနဲ့ မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ အကြောင်းလည်း အွန်လိုင်းမီဒီယာများမှာ ပွင့်ပွင့်လင်းလင်းပြောကြားလေ့ရှိသူဖြစ်ပါတယ်။



ထောင်ကျပြီးနောက် နေပုံထိုင်ပုံအားလုံး ပြောင်းလဲသွားခဲ့တဲ့အကြောင်း ကို ရွှေမြင့်မိုရ်က”ထောင်ထဲလည်းရောက်ရော ကြီးကြီးကျယ်ကျယ်နေခဲ့တဲ့အစ်မ၊ ချက်ချင်းပြောင်းလဲသွားတာ။ ထောင်ဆိုတာနဲ့ စလာကတည်းက ခေါင်းငုံ့ပြီးဝင်ရတာဆိုတော့၊ အစ်မလူအများကြီးနဲ့နေတတ်သွားတယ်။ ဖြစ်သလိုစားတတ်သွားတယ်။ အရင်တုန်းက ဘယ်ကဘာမှအဲ့ဒါမရရင် မစားဘူး။ အဲ့လိုနေတာကနေ တကယ့်ကို ၂ ပေလောက်ပဲရှိတဲ့နေရာလေးမှာအိပ်ရစားရတဲ့အခါကျတော့ တကယ်နေတတ်သွားခဲ့တာလို့ ပြောသွားခဲ့တာပါ။



ရွှေမြင့်မိုရ်က သူမအနေနဲ့ ငယ်ငယ်ကတည်းက သူများပစ္စည်းလိုချင်တာ၊သူများဟာစားချင်နေတယ် စသဖြင့် အပြောခံရမှာကို စိုးရိမ်တဲ့အတွက် သူမအနေနဲ့ အကုန်လုံးကို ခပ်တန်းတန်းနေခဲ့တဲ့အကြောင်းနဲ့ ဒီလိုနေခဲ့တဲ့အတွက် ချစ်တဲ့သူတွေက ဂရုမစိုက်ဘူးအထင်ခံရပြီး စွန့်ခွာသွားကြတယ်လို့ လည်းဆိုပါတယ်။ဒါတွေဟာလည်း ထောင်ထဲရောက်ပြီးနောက်မှာတော့တကယ့်ကို နေတတ်စားတတ်လာခဲ့ပြီး အကုန်လုံးနဲ့ အဆင်ပြေအောင်နေတတ်လာခဲ့တယ်လို့ဆိုပါတယ်။



ယခုခေတ်မိန်းကလေးတွေကို ယောကျာ်းလေးတွေက သိပ်တန်ဖိုးမထားတတ်တော့ကြောင်းလည်း ရွှေမြင့်မိုရ်ကအခုလိုပြောထားခဲ့ပါသေးတယ်။”အခုခေတ်ကျတော့ အကုန်လုံးက အရင်မပေးဆပ်ချင်ကြဘူး။မိန်းကလေးတစ်ယောက်အပေါ်တန်ဖိုးထားတယ်ဆိုတာက ရွေးချယ်စရာများတဲ့ခေတ်ကြီးထဲမှာတော်တော်လျော့လာတယ်။အချစ်မေတ္တာတွေ သစ္စာတရား တွေဆိုတာထက် ရယူခြင်းတွေပဲများလာတယ်။ဒီတစ်ယောက်ကိုကြိုက်ပြီးပြီ နောက်တစ်ယောက်ကို ထပ်ကြိုက်မယ်ဆိုတာတွေပဲဖြစ်လာတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။



ဒါကတော့ ရွှေမြင့်မိုရ်ပြောပြလာတဲ့ ထောင်ကျပြီးနောက် သူမဘဝပြောင်းလဲသွားခဲ့ပုံတွေပဲဖြစ်ပါတယ်နော်။သူမအပေါ်ဘယ်လိုမြင်လဲဆိုတာလည်း Comment မှာ ပြောသွားခဲ့ကြပါအုန်းနော်။


(Zawgyi)


သ႐ုပ္ေဆာင္ေမာ္ဒယ္ေ႐ႊျမင့္မိုရ္ကေတာ့ ဓာတ္ပုံေမာ္ဒယ္ေလာကမွာ ေနရာတစ္ခုရယူထားႏိုင္တဲ့ ေမာ္ဒယ္တစ္ေယာက္ ျဖစ္သလို ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္းရရွိေနသူတစ္ဦးပါ။သူမအေနနဲ႔ မူးယစ္ေဆးမႈနဲ႔ ေထာင္ဒဏ္က်ခံခဲ့ရတဲ့ အေၾကာင္းလည္း အြန္လိုင္းမီဒီယာမ်ားမွာ ပြင့္ပြင့္လင္းလင္းေျပာၾကားေလ့ရွိသူျဖစ္ပါတယ္။



ေထာင္က်ၿပီးေနာက္ ေနပုံထိုင္ပုံအားလုံး ေျပာင္းလဲသြားခဲ့တဲ့အေၾကာင္း ကို ေ႐ႊျမင့္မိုရ္က”ေထာင္ထဲလည္းေရာက္ေရာ ႀကီးႀကီးက်ယ္က်ယ္ေနခဲ့တဲ့အစ္မ၊ ခ်က္ခ်င္းေျပာင္းလဲသြားတာ။ ေထာင္ဆိုတာနဲ႔ စလာကတည္းက ေခါင္းငုံ႔ၿပီးဝင္ရတာဆိုေတာ့၊ အစ္မလူအမ်ားႀကီးနဲ႔ေနတတ္သြားတယ္။ ျဖစ္သလိုစားတတ္သြားတယ္။ အရင္တုန္းက ဘယ္ကဘာမွအဲ့ဒါမရရင္ မစားဘူး။ အဲ့လိုေနတာကေန တကယ့္ကို ၂ ေပေလာက္ပဲရွိတဲ့ေနရာေလးမွာအိပ္ရစားရတဲ့အခါက်ေတာ့ တကယ္ေနတတ္သြားခဲ့တာလို႔ ေျပာသြားခဲ့တာပါ။



ေ႐ႊျမင့္မိုရ္က သူမအေနနဲ႔ ငယ္ငယ္ကတည္းက သူမ်ားပစၥည္းလိုခ်င္တာ၊သူမ်ားဟာစားခ်င္ေနတယ္ စသျဖင့္ အေျပာခံရမွာကို စိုးရိမ္တဲ့အတြက္ သူမအေနနဲ႔ အကုန္လုံးကို ခပ္တန္းတန္းေနခဲ့တဲ့အေၾကာင္းနဲ႔ ဒီလိုေနခဲ့တဲ့အတြက္ ခ်စ္တဲ့သူေတြက ဂ႐ုမစိုက္ဘူးအထင္ခံရၿပီး စြန္႔ခြာသြားၾကတယ္လို႔ လည္းဆိုပါတယ္။ဒါေတြဟာလည္း ေထာင္ထဲေရာက္ၿပီးေနာက္မွာေတာ့တကယ့္ကို ေနတတ္စားတတ္လာခဲ့ၿပီး အကုန္လုံးနဲ႔ အဆင္ေျပေအာင္ေနတတ္လာခဲ့တယ္လို႔ဆိုပါတယ္။



ယခုေခတ္မိန္းကေလးေတြကို ေယာက်ာ္းေလးေတြက သိပ္တန္ဖိုးမထားတတ္ေတာ့ေၾကာင္းလည္း ေ႐ႊျမင့္မိုရ္ကအခုလိုေျပာထားခဲ့ပါေသးတယ္။”အခုေခတ္က်ေတာ့ အကုန္လုံးက အရင္မေပးဆပ္ခ်င္ၾကဘူး။မိန္းကေလးတစ္ေယာက္အေပၚတန္ဖိုးထားတယ္ဆိုတာက ေ႐ြးခ်ယ္စရာမ်ားတဲ့ေခတ္ႀကီးထဲမွာေတာ္ေတာ္ေလ်ာ့လာတယ္။အခ်စ္ေမတၱာေတြ သစၥာတရား ေတြဆိုတာထက္ ရယူျခင္းေတြပဲမ်ားလာတယ္။ဒီတစ္ေယာက္ကိုႀကိဳက္ၿပီးၿပီ ေနာက္တစ္ေယာက္ကို ထပ္ႀကိဳက္မယ္ဆိုတာေတြပဲျဖစ္လာတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။



ဒါကေတာ့ ေ႐ႊျမင့္မိုရ္ေျပာျပလာတဲ့ ေထာင္က်ၿပီးေနာက္ သူမဘဝေျပာင္းလဲသြားခဲ့ပုံေတြပဲျဖစ္ပါတယ္ေနာ္။သူမအေပၚဘယ္လိုျမင္လဲဆိုတာလည္း Comment မွာ ေျပာသြားခဲ့ၾကပါအုန္းေနာ္။

Credit Shwe Yaung Myanmar

Post a Comment

Previous Post Next Post