(Unicode)

ပိဋိကတ်သုံးပုံကို အာဂုံဆောင်နိုင်သော (၁၅) ပါးမြောက် သာသနာ့ အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၀ ရက်) တွင် ကျင်းပသည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားမှ သိရသည်။

ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည့် အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညိုခဲ့သည်။


အခမ်းအနားတွင် ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ် တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ် ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် ကျင်းပသည့် စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါးပေါ်ထွန်းခဲ့ပြီး ယခုလို ပူဇော်ခွင့်ရရှိ၍ ဂုဏ်ယူဝမ်းမြောက်လှကြောင်း လျှောက်ထားခဲ့သည်။


ဆက်လက်၍ ပိဋကတ် နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မကဘွဲ့ရ တစ်ပါး၊ ပိဋကတ် နှစ်ပုံအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ ၂ ပါး၊ ပိဋကတ် နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋကတ် တစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋကတ် တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊ ဝိနည်းပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောပူင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကိုလည်းဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။


မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋက သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ စတင်ကျင်းပသည့် နှစ်မှ ယခုနှစ် (၇၂) ကြိမ်မြောက်အထိ နှစ်စဉ်မပျက်ကျင်းပခဲ့သည်။

နှစ်စဉ်တိုင်း မပျက်မကွက်ကျင်းပခဲ့သည်မှာ ၇၂ ကြိမ်ရှိပြီဖြစ်သော်လည်း ပထမဦးဆုံးအကြိမ် မင်းကွန်းဆရာတော်ကြီးမှစတင်ကာ သာသနာအာဇာနည် ၁၅ ပါးသာ ပေါ်ထွန်းသေးသည်မှာ ယခုစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုပင်ဖြစ်ကာ ယခုကဲ့သို့ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်တပါးကိုထွက်ပေါ်သည်ကို ပူဇော်ခွင့်ရသည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ခွင့်ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံက လျှောက်ထားသည်။

(Zawgyi)


ပိဋိကတ္သုံးပုံကို အာဂုံေဆာင္နိုင္ေသာ (၁၅) ပါးေျမာက္ သာသနာ့ အာဇာနည္ အရွင္ျမတ္တစ္ပါး ထပ္မံေပၚေပါက္ခဲ့ေၾကာင္း ယေန႕ (ဇူလိုင္ ၂၀ ရက္) တြင္ က်င္းပသည့္ (၇၂)ႀကိမ္ေျမာက္၊ တိပိဋကဓရ တိပိဋကေကာဝိဒ ခ်ီးက်ဴးပူေဇာ္ပြဲႏွင့္ ေအာင္လက္မွတ္ဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားမွ သိရသည္။

ယေန႕နံနက္ ၈ နာရီတြင္ ရန္ကုန္ၿမိဳ႕ သီရိမဂၤလာကမာၻေအးကုန္းေျမရွိ မဟာပါသာဏ လိုဏ္ဂူ သိမ္ေတာ္ႀကီး၌ က်င္းပသည့္ အဆိုပါအခမ္းအနားသို႔ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲ ကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ား ႂကြေရာက္ခ်ီးျမႇင့္ခဲ့ၿပီး နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ၾကည္ညိုခဲ့သည္။



အခမ္းအနားတြင္ ပိဋိကတ္သုံးပုံ အာဂုံေဆာင္နိုင္ခဲ့သည့္ တိပိဋကဓရ တိပိဋကေကာဝိဒ ဘြဲ႕တံဆိပ္ ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ တိပိဋကမဟာဂႏၳဝင္ နိကာယ္ ေက်ာင္းတိုက္မွ အရွင္ပညာဝံသာဘိဝံသအား နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္တို႔ကို ဆက္ကပ္လႉဒါန္းခဲ့သည္။ အခမ္းအနားတြင္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္က ယခုႏွစ္ က်င္းပသည့္ စာေမးပြဲႀကီးတြင္ တိပိဋကဓရ တိပိဋကေကာဝိဒ သာသနာ့အာဇာနည္ အရွင္ျမတ္တစ္ပါးေပၚထြန္းခဲ့ၿပီး ယခုလို ပူေဇာ္ခြင့္ရရွိ၍ ဂုဏ္ယူဝမ္းေျမာက္လွေၾကာင္း ေလွ်ာက္ထားခဲ့သည္။


ဆက္လက္၍ ပိဋကတ္ ႏွစ္ပုံခြဲ အာဂုံေအာင္ မူလအာဘိဓမၼကဘြဲ႕ရ တစ္ပါး၊ ပိဋကတ္ ႏွစ္ပုံေအာင္ ဒီဃနိကာယေကာဝိဒဘြဲ႕ရ ၂ ပါး၊ ပိဋကတ္ ႏွစ္ပုံ အာဂုံေအာင္ ဒီဃဘာဏကဘြဲ႕ရ ၄ ပါး၊ ပိဋကတ္ တစ္ပုံ ေရးေျဖေအာင္ ဝိနယေကာဝိဒဘြဲ႕ရ ၅ ပါး၊ ပိဋကတ္ တစ္ပုံ အာဂုံေအာင္ ဝိနယဓရဘြဲ႕ရ ၂၄ ပါး၊ ဝိနည္းပထမပိုင္း ေရးေျဖေအာင္ ဥဘေတာဝိဘဂၤေကာဝိဒဘြဲ႕ရ ၉ ပါး၊ ဝိနည္းပထမပိုင္း အာဂုံေအာပူင္ ဥဘေတာဝိဘဂၤဓရဘြဲ႕ရ ၆၀ တို႔ကိုလည္းဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္မ်ား ဆက္ကပ္လႉဒါန္းခဲ့သည္။




ျမန္မာနိုင္ငံ၏ လြတ္လပ္ေရးႏွင့္အတူ ၁၉၄၈ ခုႏွစ္တြင္ တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး စာေမးပြဲႀကီး ေပၚေပါက္လာရျခင္းသည္ ဆ႒သဂၤါယနာတင္ပြဲက်င္းပရာ၌ ပိဋက သုံးပုံ အာဂုံေဆာင္သည့္ သာသနာ့အာဇာနည္ပုဂၢိုလ္မ်ား ေပၚထြန္းလာေစရန္ ရည္႐ြယ္၍ က်င္းပခဲ့ရာ စတင္က်င္းပသည့္ ႏွစ္မွ ယခုႏွစ္ (၇၂) ႀကိမ္ေျမာက္အထိ ႏွစ္စဥ္မပ်က္က်င္းပခဲ့သည္။

ႏွစ္စဥ္တိုင္း မပ်က္မကြက္က်င္းပခဲ့သည္မွာ ၇၂ ႀကိမ္ရွိၿပီျဖစ္ေသာ္လည္း ပထမဦးဆုံးအႀကိမ္ မင္းကြန္းဆရာေတာ္ႀကီးမွစတင္ကာ သာသနာအာဇာနည္ ၁၅ ပါးသာ ေပၚထြန္းေသးသည္မွာ ယခုစာေမးပြဲႀကီး၏ ခက္ခဲနက္နဲမႈပင္ျဖစ္ကာ ယခုကဲ့သို႔ တိပိဋကဓရ၊ တိပိဋကေကာဝိဒ ဆရာေတာ္တပါးကိုထြက္ေပၚသည္ကို ပူေဇာ္ခြင့္ရသည့္အတြက္ အလြန္ပင္ ဂုဏ္ယူဝမ္းေျမာက္ခြင့္ရေၾကာင္း နိုင္ငံေတာ္၏ အတိုင္ပင္ခံက ေလွ်ာက္ထားသည္။

Post a Comment

Previous Post Next Post