(Unicode)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်က နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ မွေးမြူထားတဲ့ ဒေသဝက်တွေ ခန္ဓာကိုယ်အနှံ့ အနီကွက်တွေထွက်ပြီး သေဆုံးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ဝက်တွေ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာ မသိရသေးကြောင်းနဲ့ ဝက်မွေးမြူသူတွေကို ရပ်ကွက်ရုံးကိုခေါ်ယူ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်နေ့အထိ နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ ဝက် ၁၂ ကောင် သေဆုံးခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှား ဦးကျော်လတ်က ပြောပါတယ်။


“ကျနော်တို့ဆီမှာ အုပ်စု (၇)ပေါ့ သူက ၁၅ ကောင်မွေးထားတာ။ တိုင်းရင်းဝက်တွေပါဘဲ။ ၁၅ ကောင်မွေးတဲအချိန်မှာ သူက ဇူလိုင်လ ၅ ရက်နေစပြီးတော့ ရောဂါဖြစ်ပွားတာ။ ကျနော်တို့ကတော့ ၁၁ ရက်နေ့မှာ ထွေအုပ်အစည်းအဝေးလုပ်တယ်။ ၁၂ ရက်နေ့မှာ သတင်းရလို့ သွားကြည့်တော့ ဝက်က ၁၅ ကောင်မွေးထားတာ ကျနော်တို့သွားကြည့်တဲ့အချိန်မှာ ၁၃ ကောင်ပဲကျန်တယ်။ မနေ့ကတော့ နေမကောင်းဘူးကျန်တဲ့ကောင်က။ ရောဂါလက္ခဏာကတော့ အနီစက်လေးတွေကို ကျနော်တို့ တွေ့ရှိရပါတယ်။”



ဒီလိုဝက်သေဆုံးမှုနဲ့ပတ်သက်ပြီး တိမွေးကုကို အကြောင်းကြားထားပေမယ့် ကွင်းဆင်း စစ်ဆေးတာ မရှိသေးဘူးလို့လည်း ပြောတယ်။“တိမွေးကို ကျနော် အကြောင်းကြားလိုက်ပြီ။ လာတော့မလာဘူးပေါ့နော်။ သေသွားပြီ ဆိုတော့လည်း သူတို့က ဘာမှလည်း လုပ်လို့မရတော့ဘူးပေါ့နော်။ ကျန်တဲ့ဟာကိုတော့ စနစ်ကျလေးတော့မွေးမြူပေးပါလို့တော့ အဲလိုအကြောင်းကြားတယ်။ ”နမ့်ဘော်ဝမ်ရပ်ကွက်မှာ ဝက်မွေးမြူသူ ၈ ဦးခန့်ရှိပြီး ကျန်ဝက်မွေးမြူသူတွေရဲ့ဝက်တွေက ကျန်းမာနေဆဲပဲလို့ဆိုပါတယ်။


ပြီးခဲ့တဲ့လကတော့ အခုလို အိမ်မွေးဝက်တွေ တကောင်စနှစ်ကောင်စ သေဆုံးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ဝက် ၁၅ ကောင်ထဲက ၁၂ ကောင်သေဆုံးသွားတဲ့ ဝက်မွေးမြူရေးပိုင်ရှင်ကတော့ ဝက်တွေကို ကာကွယ်ဆေးထိုးထားပေမယ့် ဝက်တွေအန်ပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။




“အန်တာတို့ ဘာတို့တော့ရှိတယ်။ ဝမ်းချုပ်တာ ဆီးချုပ်တာတော့ရှိတယ်။ ဆေးတွေဘာတွေ ထိုးထားတယ်။ တပ်ကဆရာတွေနဲ့ ထိုးတာ။ ဝယ်တာတော့ ရှစ်သောင်းလောက်တော့ရှိတယ်။ ၄၅ ရက်ဆိုရင်လေ။ အခုပြန်ရောင်းရင် ဒီအကောင်တွေက ပြန်ရောင်းရင် လေးသိန်းခွဲလောက်ရှိမယ်။ စသေတာတော့ ငါးရက်ခြောက်ရက်ရှိပြီ။ ၁၀ ကောင်ရှိပြီ။ အစာပြတ်ပြီး အန်ပြီးသေတာပဲ။ တစ်ရက်နှစ်ရက်ဆို လိမ်ဖယ်လိမ်ဖယ်နဲ့သေတာပဲ။ စစ်တပ်ကဆရာ ဆေးလာထိုးပေးတယ်။ ထိုးလည်း သေတာပဲ။”




သေဆုံးသွားတဲ့ဝက်တွေကို ကျင်းတူး မြေမြှုပ်ခဲ့တယ်လို့ လည်း ပြောပါတယ်။ လွိုင်ကော်မြို့ ရေနီကန်မှာလည်း ဇူလိုင် ၁၂ ရက်အထိ ဝက်ကောင်ရေ ၁၆ ကောင်သေဆုံးခဲ့ပြီး များသောအားဖြင့် အစာမစားနိုင်ဘဲ သေဆုံးသွားခဲ့တာဖြစ်ပေမယ့် ဘာရောဂါနဲ့ သေတယ်ဆိုတာကို မသိရသေးပါဘူး။ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ဇွန်လဆန်းပိုင်းကတည်းက ဝက်တွေနေမကောင်းဖြစ်ပြီး သေဆုံးမှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။ဇွန်လကုန်ပိုင်းက လွိုင်ကော်မြို့နယ် ရှမ်းကယားနယ်စပ်ဖြစ်တဲ့ ပီကင်းကောခူကျေးရွာမှာ ရက်ပိုင်းအတွင်း ဝက်အများအပြားသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဓါတ်ခွဲစစ်ဆေးရာမှာ အာဖရိက ဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ဗီဇတွေ့တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

(Zawgyi)


ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ေပၚက နမ့္ေဘာ္ဝမ္ (က) ရပ္ကြက္မွာ ေမြးျမဴထားတဲ့ ေဒသဝက္ေတြ ခႏၶာကိုယ္အႏွံ႔ အနီကြက္ေတြထြက္ၿပီး ေသဆုံးေနတယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ဝက္ေတြ ဘာေရာဂါနဲ႔ ေသဆုံးတယ္ဆိုတာ မသိရေသးေၾကာင္းနဲ႔ ဝက္ေမြးျမဴသူေတြကို ရပ္ကြက္႐ုံးကိုေခၚယူ ပညာေပးမႈေတြ ျပဳလုပ္ခဲ့ၿပီး ဇူလိုင္ ၁၂ ရက္ေန႔အထိ နမ့္ေဘာ္ဝမ္ (က) ရပ္ကြက္မွာ ဝက္ ၁၂ ေကာင္ ေသဆုံးခဲ့တယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွား ဦးေက်ာ္လတ္က ေျပာပါတယ္။


“က်ေနာ္တို႔ဆီမွာ အုပ္စု (၇)ေပါ့ သူက ၁၅ ေကာင္ေမြးထားတာ။ တိုင္းရင္းဝက္ေတြပါဘဲ။ ၁၅ ေကာင္ေမြးတဲအခ်ိန္မွာ သူက ဇူလိုင္လ ၅ ရက္ေနစၿပီးေတာ့ ေရာဂါျဖစ္ပြားတာ။ က်ေနာ္တို႔ကေတာ့ ၁၁ ရက္ေန႔မွာ ေထြအုပ္အစည္းအေဝးလုပ္တယ္။ ၁၂ ရက္ေန႔မွာ သတင္းရလို႔ သြားၾကည့္ေတာ့ ဝက္က ၁၅ ေကာင္ေမြးထားတာ က်ေနာ္တို႔သြားၾကည့္တဲ့အခ်ိန္မွာ ၁၃ ေကာင္ပဲက်န္တယ္။ မေန႔ကေတာ့ ေနမေကာင္းဘူးက်န္တဲ့ေကာင္က။ ေရာဂါလကၡဏာကေတာ့ အနီစက္ေလးေတြကို က်ေနာ္တို႔ ေတြ႕ရွိရပါတယ္။”

ဒီလိုဝက္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး တိေမြးကုကို အေၾကာင္းၾကားထားေပမယ့္ ကြင္းဆင္း စစ္ေဆးတာ မရွိေသးဘူးလို႔လည္း ေျပာတယ္။“တိေမြးကို က်ေနာ္ အေၾကာင္းၾကားလိုက္ၿပီ။ လာေတာ့မလာဘူးေပါ့ေနာ္။ ေသသြားၿပီ ဆိုေတာ့လည္း သူတို႔က ဘာမွလည္း လုပ္လို႔မရေတာ့ဘူးေပါ့ေနာ္။ က်န္တဲ့ဟာကိုေတာ့ စနစ္က်ေလးေတာ့ေမြးျမဴေပးပါလို႔ေတာ့ အဲလိုအေၾကာင္းၾကားတယ္။ ”နမ့္ေဘာ္ဝမ္ရပ္ကြက္မွာ ဝက္ေမြးျမဴသူ ၈ ဦးခန႔္ရွိၿပီး က်န္ဝက္ေမြးျမဴသူေတြရဲ႕ဝက္ေတြက က်န္းမာေနဆဲပဲလို႔ဆိုပါတယ္။


ၿပီးခဲ့တဲ့လကေတာ့ အခုလို အိမ္ေမြးဝက္ေတြ တေကာင္စႏွစ္ေကာင္စ ေသဆုံးတာေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။ဝက္ ၁၅ ေကာင္ထဲက ၁၂ ေကာင္ေသဆုံးသြားတဲ့ ဝက္ေမြးျမဴေရးပိုင္ရွင္ကေတာ့ ဝက္ေတြကို ကာကြယ္ေဆးထိုးထားေပမယ့္ ဝက္ေတြအန္ၿပီး ေသဆုံးကုန္တာလို႔ ေျပာပါတယ္။


“အန္တာတို႔ ဘာတို႔ေတာ့ရွိတယ္။ ဝမ္းခ်ဳပ္တာ ဆီးခ်ဳပ္တာေတာ့ရွိတယ္။ ေဆးေတြဘာေတြ ထိုးထားတယ္။ တပ္ကဆရာေတြနဲ႔ ထိုးတာ။ ဝယ္တာေတာ့ ရွစ္ေသာင္းေလာက္ေတာ့ရွိတယ္။ ၄၅ ရက္ဆိုရင္ေလ။ အခုျပန္ေရာင္းရင္ ဒီအေကာင္ေတြက ျပန္ေရာင္းရင္ ေလးသိန္းခြဲေလာက္ရွိမယ္။ စေသတာေတာ့ ငါးရက္ေျခာက္ရက္ရွိၿပီ။ ၁၀ ေကာင္ရွိၿပီ။ အစာျပတ္ၿပီး အန္ၿပီးေသတာပဲ။ တစ္ရက္ႏွစ္ရက္ဆို လိမ္ဖယ္လိမ္ဖယ္နဲ႔ေသတာပဲ။ စစ္တပ္ကဆရာ ေဆးလာထိုးေပးတယ္။ ထိုးလည္း ေသတာပဲ။”


ေသဆုံးသြားတဲ့ဝက္ေတြကို က်င္းတူး ေျမျမႇဳပ္ခဲ့တယ္လို႔ လည္း ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ ေရနီကန္မွာလည္း ဇူလိုင္ ၁၂ ရက္အထိ ဝက္ေကာင္ေရ ၁၆ ေကာင္ေသဆုံးခဲ့ၿပီး မ်ားေသာအားျဖင့္ အစာမစားႏိုင္ဘဲ ေသဆုံးသြားခဲ့တာျဖစ္ေပမယ့္ ဘာေရာဂါနဲ႔ ေသတယ္ဆိုတာကို မသိရေသးပါဘူး။ကယားျပည္နယ္ ဒီးေမာ့ဆိုနဲ႔ လြိဳင္ေကာ္ၿမိဳ႕နယ္ေတြမွာ ဇြန္လဆန္းပိုင္းကတည္းက ဝက္ေတြေနမေကာင္းျဖစ္ၿပီး ေသဆုံးမႈေတြ စတင္ျဖစ္ပြားခဲ့တာပါ။ဇြန္လကုန္ပိုင္းက လြိဳင္ေကာ္ၿမိဳ႕နယ္ ရွမ္းကယားနယ္စပ္ျဖစ္တဲ့ ပီကင္းေကာခူေက်း႐ြာမွာ ရက္ပိုင္းအတြင္း ဝက္အမ်ားအျပားေသဆုံးမႈျဖစ္ပြားခဲ့ၿပီးေနာက္ ဓါတ္ခြဲစစ္ေဆးရာမွာ အာဖရိက ဝက္အျပင္းဖ်ားေရာဂါဗိုင္းရပ္စ္ဗီဇေတြ႕တယ္လို႔ ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနက ဇူလိုင္လ ၁၀ ရက္ေန႔က ထုတ္ျပန္ပါတယ္။

Post a Comment

Previous Post Next Post