နှစ်ပေါင်း ၇၀၀ သက်တမ်းရှိသည့်ဘုရားကျောင်းက ရေကြီးရေလျှံမှုဒဏ်ကိုကြံ့ကြံ့ခံနေ
===============================================



တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ ယန်ကျီးမြစ်ထဲက ကျောက်ကျွန်းတစ်ခုပေါ်မှာတည်ဆောက်ထားတဲ့ ဘုရားကျောင်းကြီးဟာ ရေကြီးရေလျှံမှုဒဏ်ကိုကြံ့ကြံ့ခံရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။

စုန့်မင်းဆက်ခေတ်မှာ တည်ဆောက်ခဲ့တဲ့ဘုရားကျောင်းဟာ ရာစုနှစ်ပေါင်းစွာ ရေကြီးရေလျှံမှုဒဏ်ကို ကြံ့ကြံ့ခံလာခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ရေလွှမ်းမိုးမှုမှာ ရေမျက်နှာပြင်က စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် ရေစီးကြောင်းတွေတစ်လျှောက်က သမိုင်းဝင်အဆောက်အအုံတွေအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။



Guanyin Pavilion ကြီးထဲက ရွှေ့ပြောင်းလို့ရတဲ့ပစ္စည်းတွေကို နေရာရွှေ့ပြောင်းထားပြီး ရေစီးဒဏ်ကိုခံနိုင်ဖို့ ပြတင်းပေါက်နဲ့တံခါးတွေကို ဖွင့်လျက်အတိုင်းထားခဲ့ပါတယ်။



အာဏာပိုင်တွေကတော့ ရေကျသွားအောင် အရန်ရေလှောင်ကန်တွေထဲကို ရေလွှဲဖို့ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။



Asteria (21.7.2020)
Ref: India Times

Post a Comment

Previous Post Next Post