(Unicode)

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်တွင် ဇူလိုင်(၁၅)ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှတရားခံအား မြင်းခြံမြို့မရဲစခန်းနယ်ထိန်းအဖွဲ့မှ (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အမှုမှာ(၁၅-၇-၂၀၂၀)နေ့ ညနေ(၆)နာရီခွဲအချိန်တွင် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက် အပိုင်း(၅)အတွင်းရှိ လမ်းမပေါ်တွင် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက် အပိုင်း(၅)နေ (ဘ)ဦးထွန်းပိုင်၏သား (သ)၂၉နှစ်ရှိ ကျဘမ်းလုပ်ကိုင်သူ ဝင်းကိုဦး(ခ)ဝင်းကိုကို အား မြင်းခြံမြို့နယ် စခမကျေးရွာနေ(ဘ)ဦးအေးလွင်၏သား (သ)၄၅နှစ် ကျဘမ်းလုပ်ကိုင်သူ မျိုးနိုင်ဦးမှ တဖက်သားနားမခံသာအောင် ပြောဆိုရာမှ မကျေနပ်သဖြင့် ဝင်းကိုဦး(ခ)ဝင်းကိုကိုမှ မျိုးနိုင်ဦးအား ဓါးဖြင့်ထိုးရာ ဝဲဘက်နံကြားထိုးသွင်းဒဏ်ရာရရှိခဲ့၍ မျိုးနိုင်ဦး၏ဇနီးဖြစ်သူ ဒေါ်တင်လှမှ မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် မြို့မရဲစခန်းမှ (ပ)၃၅၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ~၃၂၆ဖြင့် အမှုဖွင့်ကာ ဒဏ်ရာရရှိသူ မျိုးနိုင်ဦးအား ရဲဆေးစာဖြင့် မြင်းခြံဆေးရုံကြီးသို့ တက်ရောက်ကုသစေခဲ့ပြီး ကုသနေစဉ်အတွင်း ည(၁၁)နာရီခွဲအချိန် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွား၍ မူလရေးဖွင့်ထားသော ရာဇသတ်ကြီးပုဒ်မ~၃၂၆မှ ၃၀၂ သို့ ပြောင်းလဲရေးဖွင့်ခဲ့ကြောင်းသိရသည်။



အခင်းဖြစ်ပွားပြီးချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေသော လူသတ်မှုမှတရားခံ ဝင်းကိုဦး(ခ)ဝင်းကိုကိုအား အမြန်ဖမ်းဆီးရမိရေး မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲရန်အောင်မှ အနီးကပ်ကြီးကြပ်၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းနိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး နယ်မြေမှူးများနှင့်မိမိအမာခံသတင်းပေးများနှင့်အတူ တရားခံ၏ မြင်းခြံမြို့အမှတ်(၁၈)ရပ်ကွက်ရှိ မိခင်ဖြစ်သူနေအိမ်နှင့်အမဖြစ်သူနေအိမ်၊မြင်းခြံမြို့နယ် စခမကျေးရွာရှိ အဒေါ်ဖြစ်သူနေအိမ်များနှင့်တရားခံထွက်ပြေးတိမ်းရှောင်နေနိုင်သော နေရာများသို့ ပိတ်ဆို့ရှာဖွေရာ တရားခံမှထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသဖြင့် မိခင်ဖြစ်သူနေအိမ်နှင့်အမဖြစ်သူနေအိမ်အနီးပတ်ဝန်းကျင်၌ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ကင်းပုန်းဝပ်စောင့်ကြည့်ခဲ့ရာ (၁၆-၇-၂၀၂၀)နေ့ နံက်(၂)နာရီကျော်ခန့်အချိန် တရားခံ ဝင်းကိုဦး(ခ)ဝင်းကိုကိုမှာ အမဖြစ်သူနေအိမ်သို့ ချဉ်းကပ်လာစဉ် ကင်းပုန်းဝပ်နေသော နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိဖမ်းဆီးရမိပြီး ရဲစခန်းပို့ဆောင်ချုပ်နှောင်ထားရှိကာ ထိရောက်သောပြစ်ဒဏ်ရရှိရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဇော်မင်းအောင်(မြင်းခြံ)

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခ႐ိုင္ ျမင္းၿခံၿမိဳ႕ အမွတ္(၁၈)ရပ္ကြက္တြင္ ဇူလိုင္(၁၅)ရက္ေန႔က ျဖစ္ပြားခဲ့ေသာ လူသတ္မႈမွတရားခံအား ျမင္းၿခံၿမိဳ႕မရဲစခန္းနယ္ထိန္းအဖြဲ႕မွ (၂၄)နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

အမႈမွာ(၁၅-၇-၂၀၂၀)ေန႔ ညေန(၆)နာရီခြဲအခ်ိန္တြင္ ျမင္းၿခံၿမိဳ႕ အမွတ္(၁၈)ရပ္ကြက္ အပိုင္း(၅)အတြင္းရွိ လမ္းမေပၚတြင္ ျမင္းၿခံၿမိဳ႕ အမွတ္(၁၈)ရပ္ကြက္ အပိုင္း(၅)ေန (ဘ)ဦးထြန္းပိုင္၏သား (သ)၂၉ႏွစ္ရွိ က်ဘမ္းလုပ္ကိုင္သူ ဝင္းကိုဦး(ခ)ဝင္းကိုကို အား ျမင္းၿခံၿမိဳ႕နယ္ စခမေက်း႐ြာေန(ဘ)ဦးေအးလြင္၏သား (သ)၄၅ႏွစ္ က်ဘမ္းလုပ္ကိုင္သူ မ်ိဳးႏိုင္ဦးမွ တဖက္သားနားမခံသာေအာင္ ေျပာဆိုရာမွ မေက်နပ္သျဖင့္ ဝင္းကိုဦး(ခ)ဝင္းကိုကိုမွ မ်ိဳးႏိုင္ဦးအား ဓါးျဖင့္ထိုးရာ ဝဲဘက္နံၾကားထိုးသြင္းဒဏ္ရာရရွိခဲ့၍ မ်ိဳးႏိုင္ဦး၏ဇနီးျဖစ္သူ ေဒၚတင္လွမွ ၿမိဳ႕မရဲစခန္းသို႔ လာေရာက္တိုင္တန္းသျဖင့္ ၿမိဳ႕မရဲစခန္းမွ (ပ)၃၅၁/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ~၃၂၆ျဖင့္ အမႈဖြင့္ကာ ဒဏ္ရာရရွိသူ မ်ိဳးႏိုင္ဦးအား ရဲေဆးစာျဖင့္ ျမင္းၿခံေဆး႐ုံႀကီးသို႔ တက္ေရာက္ကုသေစခဲ့ၿပီး ကုသေနစဥ္အတြင္း ည(၁၁)နာရီခြဲအခ်ိန္ ရရွိေသာဒဏ္ရာျဖင့္ ေသဆုံးသြား၍ မူလေရးဖြင့္ထားေသာ ရာဇသတ္ႀကီးပုဒ္မ~၃၂၆မွ ၃၀၂ သို႔ ေျပာင္းလဲေရးဖြင့္ခဲ့ေၾကာင္းသိရသည္။


အခင္းျဖစ္ပြားၿပီးခ်ိန္မွစ၍ ထြက္ေျပးတိမ္းေရွာင္ေနေသာ လူသတ္မႈမွတရားခံ ဝင္းကိုဦး(ခ)ဝင္းကိုကိုအား အျမန္ဖမ္းဆီးရမိေရး ၿမိဳ႕မရဲစခန္းမႉး ဒုတိယရဲမႉး ရဲရန္ေအာင္မွ အနီးကပ္ႀကီးၾကပ္၍ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္မင္းႏိုင္ႏွင့္နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး နယ္ေျမမႉးမ်ားႏွင့္မိမိအမာခံသတင္းေပးမ်ားႏွင့္အတူ တရားခံ၏ ျမင္းၿခံၿမိဳ႕အမွတ္(၁၈)ရပ္ကြက္ရွိ မိခင္ျဖစ္သူေနအိမ္ႏွင့္အမျဖစ္သူေနအိမ္၊ျမင္းၿခံၿမိဳ႕နယ္ စခမေက်း႐ြာရွိ အေဒၚျဖစ္သူေနအိမ္မ်ားႏွင့္တရားခံထြက္ေျပးတိမ္းေရွာင္ေနႏိုင္ေသာ ေနရာမ်ားသို႔ ပိတ္ဆို႔ရွာေဖြရာ တရားခံမွထြက္ေျပးတိမ္းေရွာင္ေနေၾကာင္းသိရသျဖင့္ မိခင္ျဖစ္သူေနအိမ္ႏွင့္အမျဖစ္သူေနအိမ္အနီးပတ္ဝန္းက်င္၌ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားမွ ကင္းပုန္းဝပ္ေစာင့္ၾကည့္ခဲ့ရာ (၁၆-၇-၂၀၂၀)ေန႔ နံက္(၂)နာရီေက်ာ္ခန႔္အခ်ိန္ တရားခံ ဝင္းကိုဦး(ခ)ဝင္းကိုကိုမွာ အမျဖစ္သူေနအိမ္သို႔ ခ်ဥ္းကပ္လာစဥ္ ကင္းပုန္းဝပ္ေနေသာ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ရွိဖမ္းဆီးရမိၿပီး ရဲစခန္းပို႔ေဆာင္ခ်ဳပ္ေႏွာင္ထားရွိကာ ထိေရာက္ေသာျပစ္ဒဏ္ရရွိေရး စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

ေဇာ္မင္းေအာင္(ျမင္းၿခံ)

Post a Comment

Previous Post Next Post